Gaming

AKB0048 Next Stage

AKB0048-Next-Stage-Animation

name – AKB0048 Next Stage
Genere – Drama
Studio – Science Fiction Action, Musical
Score – 4.5 out of 5
Studio – Satelight

AKB0048 Next Stageဟာ 2012က ထွက်ရှိခဲ့တဲ့ AKB0048 Animation Series ဇာတ်လမ်းတွဲရဲ့ တိုက်ရိုက် အဆက် ဖြစ်ပြီးတော့ အရင်လိုပဲ Science Fiction, Musicalနှင့် Action ဇာတ်လမ်း အမျိုးအစားတွေကို ပေါင်းစပ်ထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ AKB0048 Animation Seriesဟာ Japan နိုင်ငံရဲ့ နာမည်အကြီးဆုံး အမျိုးသမီး Idol Group ဖြစ်သလို နိုင်ငံတကာမှာလည်း Album ချပ်ရေ အများဆုံး ရောင်းချနေရတဲ့ J-Pop Group တစ်ဖွဲ့ ဖြစ်တဲ့ AKB48 အဖွဲ့ရဲ့ Member ဝင်များ ပါဝင်တဲ့ ဇာတ်လမ်းဖြစ်လို့ အစပိုင်းမှာ အဖွဲ့ Promotionအတွက်ပဲ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဇာတ်လမ်းလို့ ထင်ခဲ့ကြပေမယ့် Season 1 အပြီးမှာ ဇာတ်လမ်းပိုင်းကော သီချင်းတွေပါ ကောင်းမွန်တဲ့အတွက် အရင်က AKB48 ပရိသတ် မဟုတ်သူများ ကိုပါ စွဲဆောင်နိုင်ခဲ့ပါတယ်။ ခု AKB0048 Next Stageမှာတော့ အဖွဲ့ဝင် (Successor)တွေနှင့် ပညာသင် (Understudy)တွေကို မိတ်ဆက်ပေးပြီး သွားပြီမို့ ဇာတ်လမ်း၊ ဇာတ်ကွက် အသစ်တွေကို ပိုပြီး ဂရုတစိုက် တင်ပြနိုင်ခဲ့လို့ မူလ Season 1 ထက်တောင် ပိုကြည့်ကောင်းတာ တွေ့ရမှာပါ။

AKB0048 အဖွဲ့ရဲ့ Memberဝင် ဖြစ်ချင်သူတွေဟာ အပြင်မှာလိုပဲ အဖွဲ့အတွင်းသို့ တိုက်ရိုက်ဝင်ခွင့် မရှိဘဲ Auditionလို့ခေါ်တဲ့ အလားအလာရှိသူ အဆိုတော်နှင့် Idolများ ရွေးချယ်ပွဲမှတဆင့် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်မှာ နေရာယူထားတာ ဖြစ်တဲ့အတွက် လက်ရှိ Memberတွေက တိုက်ရိုက် ပါဝင်တာမဟုတ်ဘဲ သူတို့လိုမျိုး ကိုယ်ရည်ကိုယ်သွေး ရှိသူ ရုပ်တူသူတွေကို Yūko Ōshima the 9th, Yuki Kashiwagi the 6thနှင့် Mayu Watanabe Type 3 စသည်ဖြင့် Senbatsu Successor Members အဖြစ် ရွေးချယ်ထားပါတယ်။ Senbatsu Membersတွေကို နာမည်ကြီး AKB48 အဖွဲ့ဝင်တွေ ပုံစံရေးဆွဲထားပေမယ့် Seriesရဲ့ အဓိက ဇာတ်ကောင်တွေကတော့ Original Characterတွေဖြစ်တဲ့ Nagisa, Cheriနှင့် Orineတို့လို ပညာသင် (Understudy) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သီချင်းတွေအနေနှင့်ကတော့ AKB48ရဲ့ နာမည်ကြီး သီချင်းတွေဖြစ်တဲ့ Heavy Rotationနှင့် Aitakattaတို့လို သီချင်းတွေအပြင် AKB0048 ဇာတ်လမ်းအတွက် AKB အဖွဲ့ဝင်တွေနှင့် ဖွဲ့စည်းထားတဲ့ Sub-Unit ဖြစ်သော No Nameက သီဆို ပေးထားပါတယ်။

AKB0048ရဲ့ ဇာတ်လမ်းကို 21ရာစုခေတ် နောက်ပိုင်း လူသားမျိုးနွယ်စုများ စကြာဝဠာအတွင်းရှိ ဂြိုဟ်အများစုမှာ အခြေချ နေထိုင်ချိန်မှာ နေရာ ယူထားပြီး တစ်ဂြိုဟ်နှင့် တစ်ဂြိုဟ် တိုက်ပွဲဆင်နေကြချိန်မှာ နေရာယူထားပြီး ဂီတနှင့် ရုပ်ရှင်အပါအဝင် အခြား အနုပညာလှုပ်ရှားမှုများကို တားမြစ် ထားပါတယ်။ ဒါကြောင့်မို့လို့ AKB0048 အဖွဲ့ဝင်များဟာ ဂီတ ချစ်မြတ်နိုးတဲ့ ပရိသတ်အတွက် အတာအဆီးများ ကြားမှ စကြာဝဠာအနှံ့ ဖျော်ဖြေပွဲများ ကျင်းပပုံကို Musical Action ဇာတ်လမ်းပုံစံနှင့် မြင်တွေ့ရမှာပါ။ တချို့ နယ်မြေတွေမှာတော့ ဖျော်ဖြေရေးတွေကို တားမြစ်ထားခြင်း မရှိပေမယ့် DES Government လက်အောက်က နယ်မြေတွေမှာတော့ AKB0048 အဖွဲ့ဝင်တွေအနေနှင့် ပရိသတ်အတွက် ခေတ်မီနည်းပညာတွေနှင့် ဖျော်ဖြေရရုံသာမက မိမိတို့ကို လာရောက် တားဆီးသူတွေကိုပါ ပြန်လည် တိုက်ခိုက်ရတာဆိုတော့ Animation Quality ကောင်းတဲ့ Action Sceneတွေပါ ကြည့်ရမှာပါ။
AKB0048 Next Stageကို ကြည့်ပြီး AKB48လိုမျိုး Idol Groupတွေဟာ ပရိသတ်တွေရှေ့မှာ အမြဲတမ်း ပျော်နေဟန် သရုပ်ဖော်နေရပေမယ့် နောက်ကွယ်မှာ မနားတမ်း လေ့ကျင့်ခဲ့ရတာတွေ၊ အဖြစ်အပျက်မျိုးစုံ ရင်ဆိုင်ပြီး အပင်ပန်းခံ၊ အနစ်နာခံခဲ့ရတာတွေကို မြင်တွေ့ရမှာပါ။ အရင် Season 1တုန်းကလို ဖျော်ဖြေပွဲတွေနှင့် ပွဲအတွက် လေ့ကျင့်ပုံတွေ၊ Action Sceneတွေ သာမကတော့ဘဲ Memberတွေအနေနှင့် Bungee Jumpingကနေ Dodgeball ကစားရတဲ့ အထိ စုံလင်တဲ့ Variety TV Showတွေမှာ ပါဝင်ရပုံတွေ အပြင်ကလိုမျိုး Single သီချင်းတွေ၊ Live Showတွေမှာ ပါဝင်ဖို့နှင့် ဘယ်သူတွေ လူကြိုက် အများဆုံးလည်းဆိုတာကို သိရှိရဖို့အတွက် General Electionလို့ ခေါ်တဲ့ ပရိသတ် မဲပေးပွဲတွေကို စကြာဝဠာ တစ်ခုလုံးက ပရိသတ်တွေ ထည့်သွင်းထားသလို မူရင်း AKB48 ပရိသတ်တွေက သဘောကျမည့်အပြင်၊ 2012 General Electionတုန်းကလိုမျိုး အရင်ထက် အဆင့် ကျသွားလို့ Itano Tomomiနှင့် Kojima Harunaတို့ အနေနှင့် ပရိသတ်ရှေ့မှာ ငိုရပုံမျိုးတွေကို Animation ဇာတ်လမ်းထဲ ထည့်သွင်းထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းကော၊ Production Qualityပါ အထူး ကောင်းမွန်တဲ့အတွက် Idol Music စိတ်ဝင်စားသူ ပရိသတ်များကော၊ Quality ကောင်းတဲ့ ဇာတ်လမ်းတွေ ကြည့်လိုသူတွေနှင့်ပါ သင့်တော်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *