Gaming

Fairy Tail

Fairy-Tail-Animation

Fairy Tail The Movie: The Phoenix Priestessဟာ စာရေးဆရာနှင့် Mangaka Hiro Mashimaရဲ့ နာမည်ကျော် Shounen Action Series ဖြစ်တဲ့ Fairy Tailကို မှီငြမ်းရေးဆွဲထားတဲ့ ရုပ်ရှင် ဇာတ်ကားသစ် ဖြစ်ပါတယ်။ Fairy Tail ဇာတ်လမ်းဟာ မှော်ဆရာ Mage အဖွဲ့တွေ၊ Guildတွေရဲ့ တိုက်ပွဲများကို အဓိက အသားပေးထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဇာတ်ကောင်ပုံစံတွေဟာ စာရေးဆရာ Hiro Mashimaရဲ့ ယခင် ဇာတ်လမ်းတွဲဖြစ်တဲ့ Rave Masterနှင့် Eiichiro Odaရဲ့ One Piece ဇာတ်လမ်းရဲ့ ဇာတ်ကောင်ပုံစံတွေနှင့် အနည်းငယ် ဆင်တူနေတာ တွေ့ရမှာဖြစ်ပေမယ့် ဇာတ်လမ်းပိုင်းကတော့ အခြား Action Seriesများဖြင့် ပုံစံမတူဘဲ ကွဲထွက်နိုင်တာ တွေ့ရမှာပါ။ 2009ခုနှစ်ကတည်းက စတင်ပြသခဲ့တဲ့ Fairy Tail ဇာတ်လမ်းတွဲဟာ ၂၀၁၃ခုနှစ် မတ်လကုန်၊ အပိုင်း ၁၇၅ပိုင်းမြောက်မှာ အဆုံးသတ်မှာ ဖြစ်ပေမယ့် Fairy Tail Manga Comicsတွေကတော့ အပတ်စဉ် ဆက်လက် ထွက်ရှိနေဦးမှာ ဖြစ်ပါတယ်။ Fairy Tail The Movie: The Phoenix Priestess ရုပ်ရှင်ကတော့ သီးသန့် ဇာတ်လမ်းတစ်ခုဖြစ်ပြီး မူရင်းဇာတ်လမ်းနှင့် ဆက်စပ်မှု သိပ်မယူထားတဲ့အတွက် Fairy Tail ပရိသတ်တွေ သာမက ပုံမှန် Animation ဇာတ်လမ်း နှစ်သက်သူတွေပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

The Phoenix Priestess ရုပ်ရှင်မှာ Fire Village ရွာရဲ့ Priestess တစ်ယောက်ဖြစ်တဲ့ Eclair အမည်ရ အမျိုးသမီး ဇာတ်ကောင်သစ် တစ်ယောက် ပါဝင်လာပြီး သူမတို့ ရွာရှိ မှော်အစွမ်းထက်တဲ့ မီးငှက်ပုံစံ Pheonix Stone ကျောက်တုံးများကို လုယူရန်အတွက် Veronica နယ်မြေမှ တပ်သားများ ဝင်ရောက် တိုက်ခိုက်ပုံဖြင့် ဇာတ်လမ်းကို စတင်ထားပြီးနောက် Fairy Tailရဲ့ Guild Memberများနှင့် ပြန်လည် မိတ်ဆက်ပေးထားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်း အစပိုင်းမှာတင် Fairy Tail Guildရဲ့ အစွမ်းဆုံးနှင့် အကြမ်းဆုံး Memberတွေဖြစ်တဲ့ မီးနဂါးများ၏ အစွမ်းများ အသုံးပြုနိုင်သူ Natsu Dragneel၊ ရာသီခွင် အစောင့်အရှောက်များနှင့် အခြားကမ္ဘာမှ စွမ်းအားရှင် Celestial Spiritsများကို ဆင့်ခေါ်နိုင်သူ Lucy Heartfiliaနှင့် S Class Swordswoman ဖြစ်တဲ့ Erza Scarletတို့နှင့်အတူ အခြား Top Class Memberများဖြစ်တဲ့ Gray Fullbuster, Wendy Marvellနှင့် Carla တို့ရဲ့ တိုက်ပွဲများဖြင့် စဖွင့်ထားပါတယ်။ Fairy Tail အဖွဲ့ဝင်များနှင့် Eclair ဆုံတွေ့အပြီးမှာတော့ မှော်လောက တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ Pheonix Stoneကို ရန်သူများ လက်တွင်းသို့ မကျရောက်အောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။ Fairy Tail ဇာတ်လမ်းမှာ မြို့သူမြို့သားများ၏ တောင်းဆိုမှုများကို အခကြေးငွေဖြင့် ဆောင်ရွက်ပေးတဲ့ Fairy Tailကဲ့သို့ တရားဝင် Guildများရှိသလို တရားမဝင် လုပ်ငန်းများ ဆောင်ရွက်တဲ့ Dark Guildများလည်း ရှိသည့်အတွက် Eclairထံမှ Pheonix Stoneကို လုယူရန် ကြိုးပမ်းသည့် Dark Guild ဖြစ်တဲ့ Carbuncleနှင့် Fairy Tailတို့ ရင်ဆိုင် တိုက်ခိုက်ရမှာပါ။

Fairy Tail ဇာတ်လမ်းမှ တိုက်ပွဲတွေရဲ့ အဓိက ထူးခြားချက်ကတော့ အခြား Shounen Showsတွေနှင့် ယှဉ်ကြည့်မယ်ဆို တိုက်ပွဲတွေက ပိုသွက် နေတာဖြစ်ပြီး အခြား ဇာတ်လမ်းအများစုမှာ ရန်သူတွေနှင့် တစ်ယောက်ချင်း One-One-One တိုက်ခိုက်တာ၊ မိမိတို့ရဲ့ စွမ်းရည်တွေ အကြောင်း ပြောတာတွေ၊ နောက်ကြောင်း ပြန်တာတွေ များပေမယ့် Fairy Tailမှာတော့ ရန်သူတွေနှင့် တိုက်ခိုက်ရင် နှစ်ယောက်၊ သုံးယောက် ပေါင်းပြီး တိုက်ခိုက်တာတွေ များသလို Action ခန်း တွေမှာလည်း စကားသိပ် မများတာ တွေ့ရမှာပါ။ Fairy Tail The Movie: The Phoenix Priestessမှာ ဆိုရင်လည်း Carbuncle Dark Guildနှင့် Fairy Tail Memberတွေရဲ့ တိုက်ပွဲတွေဟာ Seriesမှာထက် Animation Quality ပိုမိုကောင်းမွန်နေတာကို တွေ့ရမှာပါ။ ထွက်ရှိနေဆဲ Seriesတွေကို မှီငြမ်းထားတဲ့ ရုပ်ရှင်အများစုရဲ့ အဓိက အားနည်းချက် တစ်ခုကတော့ ရုပ်ရှင်ထဲမှ အဖြစ်အပျက်တွေဟာ မူရင်း ဇာတ်လမ်းနှင့် ဆက်စပ်မှုမရှိတဲ့ အချက်ပါပဲ။ ဒါကြောင့် သီးသန့် ဇာတ်လမ်းတစ်ခု အနေနှင့် ကြည့်လို့ရမှာဖြစ်ပြီး မကြာခင်ကမှ အစပျိုးထားတဲ့ ဇာတ်လမ်းကို နာရီပိုင်းအတွင်း သိမ်းပစ်လိုက်ရမှာ ဖြစ်ပါတယ်။
Fairy Tail The Movie: The Phoenix Priestessဟာ ဇာတ်လမ်း ပိုင်းကတော့ Original Seriesနှင့် နှိုင်းယှဉ်ကြည့်ရင် အရမ်းကြီး ထူးခြား ကောင်းမွန်မှု မရှိပေမယ့် ကောင်းမွန်တဲ့ Animation Qualityနှင့် တိုက်ခိုက်ခန်းများ ပါဝင်သလို မူလဇာတ်လမ်းမှ ဇာတ်ကောင် အများစုလည်း ပါဝင်လို့ Fairy Tail ဇာတ်လမ်းကို စတင်ကြည့်ရှုမယ့် သူတွေရော၊ မူလပရိသတ်တွေ အတွက်ပါ သင့်တော်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *