HP Slate7 Plus, HP Slate7 Extreme, HP Slate8 Pro, HP Slate10 HD စတဲ့ Tablet တွေကို HP က မိတ်ဆက်လိုက်ပါတယ်။ Android 4.2.2 Jelly Bean မောင်းနှင်လည်ပတ်မှာဖြစ်ပြီး Slate7 Extreme ကလွဲလို့ ကျန်တဲ့ Tablets တွေကို စတင် ရောင်းချပေးလိုက်ပါပြီ။
HP Slate7 Plus ကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပြီး ၇ လက်မ အရွယ် 1280×800 Display , 8GB Storage, Nvidia Tegra 3 Processor, MicroSD Card Slot တို့ပါရှိမှာဖြစ်ပြီး ခြောက်နာရီကြာအသုံးခံတဲ့ ဘက်ထရီ ပါရှိပါတယ်။ HP Slate7 Extreme ကို ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး ၇ လက်မအရွယ် 1280×800 Display ကိုပဲတပ်ဆင်ထားပြီး 16GB Storage, Nvidia Tegra 4 Processor, MicroSD Card Slot, HDMI Port တို့ပါရှိပါမယ်။ ဆယ်နာရီကြာအသုံးခံတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။
Slate 8 Pro ကို ဒေါ်လာ ၃၃၀ သတ်မှတ်ထားပြီး ရှစ်လက်မ Screen , 720p မျက်နှာချင်းဆိုင် ကင်မရာ ပါရှိပါမယ်။ ၁၁.၅ နာရီ ကြာအသုံးခံတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။ Slate10 HD ကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပြီး ဆယ်လက်မ စကရင်တပ်ဆင်ထားပါတယ်။ Marvell SoC PXA986 Dual-Core Processor တပ်ဆင်ထားပြီး 16GB Storage ပါရှိပါတယ်။
HP က အဆိုပါ Tablets တွေကို စက်တင်ဘာလတုန်းက ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ လာမယ့် တနင်္လာနေ့မှာ စတင် ရောင်းချပေးမှာဖြစ်ပါတယ်။