News

1st Mobile & Tablet Fair တပ်မတော်ခန်းမ သတင်းပေးပို့ခြင်း

1st Mobile & Tablet Fair ပွဲကို တပ်မတော်ခန်းမတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ၈ ရက် ၉ရက်နေ့အတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း သတင်းရရှိပါသည်။ ဒီပွဲတွင် မိုဘိုင်းဖုန်းဆိုင်များသည် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေသည့်အပြင် Special Promotion များလည်း ပြု လုပ်ဆောင်ရွက်ပေးခြင်းများ အပြင် မော်ဒယ်များဖြင့်လည်း ဆမ်ဆောင်းပစ္စည်းများ တက်ပလက်များနဲ့ မိုဘိုင်းသင်တန်းများကို အခမဲ့တက်ရောက်ခွင့် ကံစမ်းမဲများပြုလုပ်ပေးခြင်းများကို တွေ့ရှိရပါသည်။

nokia

ခေတ်မီဆနါးသစ်သည့် ပုံသဏ္ဌာန်နှင့် အကြမ်းခံနိုင်သော ပစ္စည်းအရေ အသွေးဖြင့် ထုတ်လုပ်ထားသော Smart Pen ၏ ထူးခြားချက်ကတော့ စကားပြောတတ်သော ဘောပင်ကလေးနဲ့ သိလိုသော စာကို ထောက်လိုက်ပါ။ ထောက်သောနေရာက အသံထွက်မှာဆိုတဲ့ မြန်မာ – အင်္ဂလိပ်- တရုပ် (၃) ဘာသာ အသံထွက်တဲ့ ဘောပင်လေးအကြောင်းပဲဖြစ်ပါသည်။ ဒါ့အပြင် Nokia ကုမ္ပဏီမှ ဟန်းဆက်တစ်လုံးကို ဖန်ရှင်စုံလင်စွာ ပါရှိပြီး မြန်မာဖောင့်ပါ ထည့်သွင်းထားသည်ကို ကျပ် ၉၉၀၀ ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသဖြင့် အခွင့်အလမ်းများ လက်မလွတ်ရအောင် အမြန်သွားရောက်ကြဖို့ တိုက်တွန်းရေးသား လိုက်ရပါတောသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *