Gaming

One Piece Film Z

one-piece-film

One Piece Film Zဟာ နာမည်ကြီး လူကြိုက်အများဆုံး Shounen Action Seriesဖြစ်တဲ့ One Pieceရဲ့ ဆယ့်တစ်ကားမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Director Tatsuya Nagamineက ရိုက်ကူးထားကာ One Piece Animation ဇာတ်လမ်းတွဲတွေကို ရေးဆွဲပေးတဲ့ Toei Animationကပဲ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အပိုင်းအများကြီး ထွက်ထားတဲ့ Anime Seriesတွေရဲ့ ရုပ်ရှင်အများစုဟာ မူရင်းဇာတ်လမ်းတွေနှင့် ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းတွေကများပြီး အချိန်တိုအတွင်း သီးသန့် မိတ်ဆက်ပေးထားတဲ့ ဇာတ်ကောင်တွေဟာ ရုပ်ရှင်အတွင်းမှာပဲ သီးသန့် ပါဝင်တဲ့အတွက် ပုံမှန် ဇာတ်လမ်းရှည် Seriesတွေလောက် မူရင်း ပရိသတ်ကို မစွဲဆောင်နိုင်ဘဲ မူရင်း စာရေးဆရာတွေလည်း ပါဝင်ပတ်သက်လေ့ မရှိတဲ့အတွက် Qualityကောင်းတဲ့ တိုက်ခိုက်ခန်းတွေ ကြည့်ဖို့နှင့် ဇာတ်လမ်းကို အပျင်းပြေ ကြည့်ရုံလောက် အသုံးဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ပရိသတ်ဟောင်းတွေလည်း စောင့်ရကျိုးနပ်အောင် ပရိသတ်အသစ်တွေလည်း ဇာတ်လမ်းကို ပိုစိတ်ဝင်စားအောင် Naruto Road to Ninja ရုပ်ရှင်အသစ်မှာ ဆိုရင်လည်း Naruto ဇာတ်လမ်းဖန်တီးရှင် Masashi Kishimotoက ဇာတ်ကောင်တွေရဲ့ ဝတ်စုံ ဒီဇိုင်းအသစ်တွေ ဖန်တီးပေးရုံသာမက ရုပ်ရှင်ဇာတ်ကားသစ်ရဲ့ Supervisorအဖြစ် ပါဝင်ခဲ့သလို One Piece Film Zကိုရော Film Z မတိုင်ခင်က ထွက်ထားတဲ့ One Piece Strong World Movieကိုရော Series ဖန်တီးရှင် Eiichiro Odaက ဇာတ်ကောင်ဒီဇိုင်းနှင့် ဇာတ်လမ်းပိုင်းတွေအတွက် ကိုယ်တိုင် စီစဉ်ပေးခဲ့ပါတယ်။

One Pieceရဲ့ ပင်မဇာတ်လမ်းကတော့ Pirate King ဖြစ်သူ Gold Rogerဟာ သူမသေဆုံးမှီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ One Pieceဟာ Grand Line နယ်မြေရဲ့ အဆုံးမှာ တည်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ပင်လယ်ဓားပြအားလုံး Grand Line အတွင်းသို့ ခရီးနှင်ကြပုံကို ဇာတ်လမ်း ဆင်ထားခြင်း ဖြစ်ပါတယ်။ Pirate King တစ်ယောက်ဖြစ်ရန် ရည်ရွယ်ထားတဲ့ Monkey D.Luffy ခေါင်းဆောင်တဲ့ Straw Hat Pirate Crewကတော့ အပြစ်မဲ့ ပြည်သူများထံမှ လုယက်ခြင်း မရှိဘဲ One Pieceကိုသာ ရှာဖွေရန် စွန့်စားခန်း ထွက်ကြပုံကို မြင်တွေ့ရမှာဖြစ်ပြီး လမ်းခရီး တစ်လျှောက်မှာ အခြား ပင်လယ်ဓားပြဆိုးများနှင့် ပင်လယ် ဓားပြများကို နှိမ်နှင်းမည့် ရေတပ် Navyတို့နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ One Piece Film Zရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ One Piece ဇာတ်လမ်းစတင်ပြီး ဆယ်နှစ်အကျော်မှာမှ ရောက်ရှိသွားတဲ့ Grand Lineရဲ့ လမ်းတစ်ဝက်ဖြစ်တဲ့ New Worldမှာ နေရာယူထားခြင်းဖြစ်ပြီး Luffyတို့ဟာ အစွမ်းအထက်ဆုံး ရန်သူ တစ်ယောက်ဖြစ်သူ Admiral Zephyr (Z)နှင့် ရင်ဆိုင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Zဟာ ရေတပ် Navy အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း Admiral Zephyr ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပင်လယ်ဓားပြများကို ရန်ငြိုးထား မုန်းတီးသူ Zအဖြစ် Neo Marines တပ်ဖွဲ့ကို တည်ထောင်ထားပြီး Navyထံမှ ဖောက်ခွဲမှုအား ပြင်းထန်တဲ့ Dyna Stonesများကို ခိုးယူကာ New World ဒေသတစ်ခုလုံးရဲ့ End Points သုံးခုကို ဖျက်ဆီးဖို့ စီစဉ်လျက် ရှိပါတယ်။ Zရဲ့ အဓိက ပန်းတိုင်ကတော့ ပင်လယ်ဓားပြတွေ အဓိကလိုချင်နေတဲ့ One Pieceကို ဖျက်ဆီးဖို့ ဖြစ်ပြီး End Points သုံးခုလုံးက မီးတောင်ဒေသတွေကို ဖောက်ခွဲ ပြီးချိန်မှာတော့ New World နယ်မြေတစ်ခုလုံးဟာ ပင်လယ်ဓားပြများနှင့် အတူ လုံးဝပျက်ဆီးသွားမှာ ဖြစ်ပါတယ်။ New World ဒေသ ပျက်စီးရင် အခြားကျွန်းပေါ် နေထိုင်သူတွေပါ သေကြေ ပျက်ဆီးရမှာဖြစ်လို့ Navyနှင့်အတူ Luffyတို့ရဲ့ Straw Hat Pirateကပါ Zနှင့် ရင်ဆိုင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

One Piece Film Zဟာ ရိုးရှင်းပေမယ့် စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဇာတ်လမ်း၊ အရင်ထက် ပိုကောင်းလာတဲ့ Animation Quality တို့နှင့်အတူ စိတ်ဝင်စားဖွယ် ဇာတ်ကောင်သစ်တွေနှင့် သူတို့ရဲ့ နောက်ကြောင်း ဇာတ်လမ်းတွေပါ ပါဝင်ပြီးတော့ Navyဘက်က လူကြိုက်များတဲ့ ဇာတ်ကောင်တွေနှင့်အတူ Navy အဖွဲ့ဝင်ဟောင်း Aokijiတို့ကို ရုပ်ရှင် ဇာတ်လမ်းအတွင်း ထည့်သွင်းထားပါတယ်။ Luffyနှင့် Robinတို့လို Devil Fruit စားသုံးထားသူတွေရဲ့ အစွမ်း ဖျောက်ဖျက်နိုင်တဲ့ လက်နက်ပိုင်ရှင် Zနှင့်အတူ Zရဲ့ လက်ထောက် နှစ်ယောက်ဖြစ်တဲ့ Ainနှင့် Binzတို့ရဲ့ တိုက်ခိုက်ခန်းတွေက ကြည့်ကောင်းသလို တိုက်ခိုက်မှု မရှိတဲ့ အချိန်မှာလည်း One Piece Series ထုံးစံအတိုင်း ဟာသဆန်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။ One Piece Film Zဟာ Action Adventure ဇာတ်လမ်း နှစ်သက်သူ ပရိသတ်များ အားလုံးနှင့် သင့်တော်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *