၀င်းဒိုးအသုံးပြုသူများစွာက တောင်းဆိုနေတဲ့ Start Menu ကို Microsoft က ပြန်လည်ထည့်သွင်းပေးမယ်လို့ ပြောကြားပါတယ်။ Microsoft က Build Conference မှာ ကြေညာခဲ့တာဖြစ်ပြီး Windows 7 Start Menu ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက် နဲ့ Windows 8 ကို ပေါင်းစည်းပေးမှာ ဖြစ်ပါတယ်။ Start Menu အသစ် ဟာ Windows 7 Start Menu နဲ့ အရွယ်တူညီမှာ ဖြစ်ပေမယ့် Live Tiles တွေကို လည်း ပြသပေးမှာ ဖြစ်ပါတယ်။
Microsoft က သရုပ်ပြမှုတစ်ခုမှာ Modern Windows 8 App တွေကို Desktop မှာ Run နေတာ ကိုလည်းပြသခဲ့ပါတယ်။ Modern App တွေဟာ သာမာန် App တွေလို ကိုယ်ပိုင် ၀င်းဒိုးနဲ့ Run နေတာဖြစ်ပါတယ်။ ကီးဘုတ် ၊ မောက်စ် တွေနဲ့ အသုံးပြုလို့ ပိုပြီး အဆင်ပြေလာမှာ ဖြစ်ပါတယ်။ Microsoft က အဲဒီစွမ်းဆောင်ချက်တွေကို ထည့်သွင်းပေးမယ်လို့ Graphic Designer တွေကလည်း ကြိုတင် ပြသခဲ့ဖူးပါတယ်။ Desktop အပိုင်းမှာတော့ Microsoft က ပြုပြင်ပြောင်းလဲခြင်း မရှိပါဘူး။
Microsoft က အဓိက Windows 8.1 Update တစ်ခု ကို အခုလနောက်ပိုင်းမှာ ဖြန့်ချီပေးဖို့ ရှိနေပေမယ့် အပေါ်မှာ ဖော်ပြထားတဲ့ စွမ်းဆောင်ချက် တွေကို ထည့်သွင်းပေးနိုင်အုံးမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အဲဒီစွမ်းဆောင်ချက်တွေကို တစ်သုတ်ပြီး တစ်သုတ် ဒီနှစ်နောက်ပိုင်းမှာ ဖြန့်ချီမယ့် Update တွေမှာ ထည့်သွင်းပေးမယ်လို့ Microsoft က ပြောပါတယ်။