Gaming

Maoyū Maō Yūsha (Demon King & Hero)

demoking

Maoyū Maō Yūsha (Demon King & Hero)လို့ အမည် ရတဲ့ Animation Series ဇာတ်လမ်းသစ်ဟာ Mamare Touno ရဲ့ စာအုပ်ရှစ်အုပ်တွဲ Light Novel ဇာတ်လမ်းတွေကို အခြေခံ ရေးဆွဲထားတာဖြစ်ပြီး ဇာတ်သိမ်းပြီးသား Seriesကို မှီငြမ်းထား တာ ဖြစ်တဲ့အတွက် ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ် အိမ်ခိုင်မာတာကို တွေ့ရမှာဖြစ်သလို Animation Qualityပိုင်း အနေနှင့်လည်း Mezzo DSAနှင့် Hyakka Ryōran Samurai Girls ဇာတ်လမ်းတွေကို ရေးဆွဲခဲ့တဲ့ Arms Studioမှနေ သူတို့ ရဲ့ ထုံးစံအတိုင်း လှုပ်ရှားမှု သွက်လက်ပြီး အရောင်အသွေး စုံစုံ လင်လင်နှင့် ဖန်တီးပေးထားနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ Maoyū Maō Yūshaရဲ့ ကြော်ငြာ Screenshots တွေ၊ Trailerတွေကို ကြည့်ရင်ပဲဖြစ်ဖြစ် ဇာတ်လမ်း အစပိုင်း Introကို ကြည့်ရင်ပဲ ဖြစ်ဖြစ် RPG ဂိမ်းတွေထဲမှာ မြင်တွေ့နေကြဖြစ်တဲ့ စွမ်းရည်မျိုးစုံ ပိုင်ဆိုင်တဲ့ Warrior၊ Knight၊ Mage အစရှိတဲ့ သူရဲကောင်းတွေဟာ မိစ္ဆာတပ်ဖွဲ့တွေနှင့် တိုက်ခိုက်ပုံနှင့် ဇာတ်လမ်း စတင်ထားပေမည့် Maoyū Maō Yūshaဟာ Action အသားပေး Fantasy ဇာတ်လမ်းမဟုတ်ဘဲ စိတ်ဝင်စား ဖွယ် Dramaနှင့် Romance ဇာတ်လမ်းတစ်ခု ဖြစ်ကြောင်း တွေ့ရမှာပါ။

Demon King & Hero ဇာတ်လမ်းဟာ ကမ္ဘာမှာ သာမန် လူသားများနှင့် မိစ္ဆာများအဖြစ် လူသားများက ယူဆထားတဲ့ Demon မျိုးနွယ်စုများ နေထိုင်ကြပြီး လူမျိုးစု နှစ်စုလုံးဟာ တစ် ဖက်နှင့် တစ်ဖက် နယ်မြေအပြိုင်အဆိုင် သိမ်းပိုက်ရင်း တစ်ဆယ့်ငါးနှစ်ကျော်ကြာ စစ်ပွဲများ ရင်ဆိုင်နေရချိန်မှာ စတင် ထားပါတယ်။ Demonတွေဟာလည်း တကယ်တမ်း သတ္တဝါဆိုး တွေ မဟုတ်ဘဲ လူသားတွေလို ပုံစုံမျိုးတွေသာဖြစ်ပြီး အပြန် အလှန် တိုက်ပွဲဝင်နေကြလို့သာ အချင်းချင်း မုန်းတီးနေကြတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူသားများဘက်က အစွမ်း အထက်ဆုံး သူရဲကောင်းဖြစ်တဲ့ Yūsha (Hero)ဟာ စစ်ပွဲများ အမြန်အဆုံးသတ်နိုင်ဖို့အတွက် Demonတွေရဲ့ ခေါင်းဆောင် ဖြစ်တဲ့ Demon Kingကို နှိမ်နှင်းဖို့ တစ်ကိုယ်တည်း ဝင်ရောက် လုပ်ကြံရန် ကြိုးပမ်းချိန်မှာ Maō (Demon King)ဟာ အများ ထင်ထားသလို ကြောက်မက်ဖွယ် သတ္တဝါကြီး မဟုတ်ဘဲ ချောမောလှပတဲ့ ဘုရင်မ တစ်ယောက် ဖြစ်နေတာ တွေ့လိုက် ရပါတယ်။ အဲဒီနောက်မှာတော့ Hero ဟာ Demon Kingရဲ့ တောင်းဆိုအကြံပြုမှုနှင့် လက်ရှိစစ်ပွဲကို ရပ်နားနိုင်ရန်သာ မဟုတ်ဘဲ တာရှည်ငြိမ်းချမ်းရေး ခိုင်မြဲဖို့ကို ပူးပေါင်း ဆောင်ရွက် ကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Maoyū Maō Yūshaဟာ နာမည်ကြီး Drama Animation ဇာတ်လမ်းဖြစ်တဲ့ Spice and Wolf လိုမျိုးပုံစံ အနည်းငယ် ဆင်တူတဲ့ အချက်တွေ ပါဝင်ပေမည့် သီးသန့်ကွဲပြားတဲ့ ဇာတ် လမ်းတစ်ခုအဖြစ် ရပ်တည်နိုင်တာ တွေ့ရပါတယ်။

ဇာတ်ကောင် ဒီဇိုင်းပိုင်းကိုတော့ အရမ်းကြီး အတည်ပေါက်ကြီး ဆွဲထားတာ မရှိဘဲ ဟာသခန်းလေးတွေလည်း ပါဝင်ပေမည့် ပင်မဇာတ်လမ်း ကတော့ စစ်နှင့် ငြိမ်ချမ်းရေးဆိုင်ရာ တွေးခေါ်မှုတွေ၊ စစ်ရဲ့ ဆိုးကျိုးတွေ သာမကဘဲ မိမိနိုင်ငံသားများ အကျိုးအမြတ် ရရှိအောင် မတူညီတဲ့ နိုင်ငံတွေ စစ်တိုက်ကြပုံ အစရှိတာတွေကို အခြေခံထားတာပါ။ Demonများရဲ့ နယ်မြေများကို ကျူးကျော် ခြင်းအားဖြင့် အစာရေစာနှင့် လယ်ယာမြေရှားပါးတဲ့ လူသားများ အနေနှင့် စီးပွားရေး ပိုမိုထွန်းကားလာနိုင်မှာ ဖြစ်သလို တော်ဝင် မိသားစုနှင့် စီးပွားရေး အခြေစိုက် မြို့တွေကလည်း ပိုမို အမြတ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Heroနှင့် Demon Kingတို့ ပူးပေါင်းပြီး စစ်ပွဲများကို တားဆီးမည့် ရေရှည်စီမံကိန်း အနေနှင့် လူသားများ နေထိုင်ရာ မြို့ရွာများမှာ လယ်ယာစိုက်ပျိုးမှု နည်း ပညာ ထွန်းကားရန်နှင့် ပညာရေး မြင့်တင်နိုင်ရင် စတင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အစပိုင်း Episode အများစုမှာ Demon King အနေနှင့်ပဲ အစီအစဉ်များ ချမှတ် သွားပေမည့် ဇာတ်လမ်း တစ်ဝက်လောက် ရောက်တဲ့အခါမှာတော့ Heroရဲ့ တိုက်ပွဲတွေ ပါဝင်လာသလို အစပိုင်းမှာ ဇာတ်လိုက်နှင့် အုပ်စုကွဲခဲ့တဲ့ မိတ်ဆွေများနှင့်ပါ ပြန်လည်ဆုံတွေ့ရမှာ ဖြစ်ပါ တယ်။ Maoyū Maō Yūshaဟာ Medievalခေတ်မှာ နေရာယူထားတဲ့ Anime Seriesများထဲမှာ ဇာတ်လမ်းအရ ပုံစံကွဲပြားသလို စိတ်ဝင်စား ဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ လည်း ပါဝင်တဲ့ ဇာတ်ကားဖြစ်လို့ Fantasy Drama Seriesတွေ နှစ်သက်သော ပရိသတ်အားလုံး နှင့် သင့်တော်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *