Gaming

Total War:Rome 2

SEGA ဂိမ်းကုမ္ပဏီရဲ့ ထုတ်ကုန်အသစ် Real-Time Strategy ဂိမ်း အမျိုးအစား တစ်မျိုးဖြစ်တဲ့ Total War: Rome Iကို Preview လေ့လာ ကြည့်လိုက်မယ်ဆိုရင် ဆော့ချင်စိတ်တွေ ပြင်းထန်နိုင်ပါတယ်။ Strategy ဂိမ်းအမျိုးအစားကိုမှ ရောမခေတ် အကြမ်းတမ်းဆုံး စစ်ပွဲတစ်ပွဲရဲ့ စစ် ဗျူဟာမှုးကြီး တစ်ဦးအဖြစ် Real-Time အရသာကို ခံစားပြီး ဆော့ရမှာ ဆိုတော့ ဂွတ်နေမှာ အမှန်ပါဘဲ။ PC ပေါ်မှာပဲ ဒီလို Strategy အရသာကို အပြည့်အ၀ ခံစားရနိုင်တာ သိလို့လားတော့ မသိဘူး၊ SEGAက PC အတွက်ပဲ ထုတ်ထားပေးတယ်။ USမှာ 2013, September 3, ရက်နေ့ ဖြန့်မယ်လို့လည်း ပြောထားပြီးပါပြီ။ ကဲ… ဒီတော့ Total War: Rome II မှာ ဘယ်လို Strategy အရသာတွေပါလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။ ရုပ်ထွက် မပြောနဲ့၊ အသံ မပြောနဲ့၊ ဂိမ်းရဲ့ဇာတ်လမ်း ပြောမနေပါနဲ့ ဆိုတာ ထက် ဆိုးနေပါပြီ။ ဂိမ်းရဲ့အစ Storyတွေ ပြကတည်းက ရောမခေတ်ရဲ့ အငွေ့အသတ်တွေ စရလာပါပြီ။ Story ကြည့်ပြီး စဆော့တော့မယ်ဆိုရင် လူပေါင်းများစွာ ပါ၀င်တဲ့ စစ်တပ်တစ်တပ်ကို ကိုင်တွယ်ရတော့မှာပါ။

Campaign တစ်ခုစီအတွက် စစ်တိုက်ထွက်ရမယ့် မြေပုံတွေ ပေးထားပါတယ်။ ကြိုက်ရာ မြေပုံကို ရွေးပြီး ဆော့နိုင်ပါတယ်။ ဂိမ်းရဲ့ Designer James Russellကတော့ Rome II ထဲမှာ မြင်တွေ့ရမယ့် အဆောက်အုံတွေ၊ တိုက်ခိုက်ရမယ့် ပုံစံတွေကို ရောမခေတ်ရဲ့ အသွင်ပြင် တွေအတိုင်း မြင်တွေ့ရအောင် လုပ်ထားပေးပါတယ်လို့ ပြောထားပါတယ်။ တကယ်လည်း ခမ်းနားတဲ့ အဆောက်အုံတွေကို မြင်တွေ့ရမှာပါ။ Rome IIရဲ့ Developerတွေကတော့ Creative Assembly အဖွဲ့ ဖြစ်ပါတယ်။ အချိန်က ရောမခေတ်၊ အင်အားကြီး Emperorတွေ ကြီးစိုးပြီး နယ်မြေတွေ လုကြတဲ့အချိန် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အင်အားကြီး Emperor တစ်ခုဖြစ်တဲ့ Roman Emperorကလည်း နယ်မြေတွေ တစ်ခုချင်းစီကို သိမ်းပိုက်နေဆဲပါပဲ။ နယ်မြေတွေ လုကြတဲ့အခါ အင်အားကြီး Emperor တစ်ခုနဲ့ သိမ်းပိုက်ခံရတဲ့ မြေပေါ်မှာရှိတဲ့ ပြည်သူတွေနဲ့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေ ပါ၀င်ပါတယ်။ သိမ်းခံရတဲ့ မြေပေါ်မှာရှိတဲ့ ပြည်သူတွေကနေ သူပုန်ပုံစံလို Emperorကြီးတွေကို တော်လှန်တဲ့ အဖွဲ့တွေ တိုက်ခိုက်ကြတဲ့ ပုံစံတွေ ကစားရမှာ ဖြစ်ပါတယ်။

Teutoburg Forest ထဲကလို ပြင်းထန်တဲ့ တိုက်ပွဲတွေ Rome IIထဲမှာ အများကြီး ပါပါတယ်။ ဒီလို စစ်ပွဲတွေအတွက် စီစဉ်ပေးထားတဲ့ စစ်သည် တွေကတော့ အဲ့ဒီခေတ်တုန်းကလိုပါပဲ။ မြှားစစ်သည်တွေ ပါမယ်၊ မြင်းစီး စစ်သည်၊ ဓားကိုင် တိုက်ခိုက်တဲ့ စစ်သည်တွေအပြင် ရေတပ်တွေကိုပါ တိုက်ပွဲတစ်ပွဲရဲ့ Strategyအတိုင်း စီစဉ်ရဦးမှာ ဖြစ်ပါတယ်။ Campaign တွေမှာ မတူညီတဲ့ နယ်မြေတွေကို လိုက်သိမ်းရမှာ ဖြစ်တဲ့အတွက် ကုန်းပိုင်းဒေသ တွေဆိုရင် ကြည်းတပ်ကို ကို်င်တွယ်ရမှာဖြစ်ပြီး၊ ရေတပ်နဲ့မှ တို်က်လို့ရမယ့် နယ်မြေတွေလည်း တိုက်ခိုက်ရဦးမှာပါ။ ကျန်တာတွေတော့ မပြောတော့ပါဘူး၊ ဒီလောက်ဆို Rome II ရဲ့အရသာတွေကို မြည်းစမ်း ကြည့်ပြီးလို့ နားလည်လောက်ပြီ ထင်ပါတယ်။ ဒီထက်ကောင်းတဲ့ အရသာ တွေကို ထွက်တဲ့နေ့မှပဲ ဆော့ကြည့်ရင်း ခံစားနိုင်ကြပါစေကြောင်း ဂိမ်းမာ အပေါင်းကို သတင်းကောင်းပါးလိုက်ရပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *