Gaming

Call of Juarez Gunslinge

gunslinger

၁၈၈၀ ခုနှစ်လောက်က စတင်ဖြစ်ပွားလာတဲ့ ပြဿနာတစ်ခု ကြောင့် STINKING SPRINGSဆိုတဲ့ လူဦးရေအနည်းငယ်ရှိတဲ့ မြို့လေးမှာ အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီခေတ်ရဲ့ စတိုင်တွေက CowBoyလို ၀တ်ဆင်ကြတာဆိုတော့ ဂိမ်းထဲမှာ မြင်တွေ့နေရမှာတွေက ၁၈၈၀ ခုနှစ်လောက်က CowBoyတွေရဲ့ ပုံစံတွေပါဘဲ။ သူတို့တွေ အချင်းချင်းတိုက်ခိုက်နေရတဲ့ ပြဿနာ အစကိုတော့ Ben, Silas, Dwightတို့က ဂိမ်းထဲမှာ ရှင်းပြပါ လိမ့်မယ်။ Abileneဆိုတဲ့ ဘဲကြီးကတော့ ဒီဂိမ်းထဲက မင်းသား ကြီးလို့ ပြောလို့ရတယ်။ ဒီပြဿနာတွေနဲ့ သက်ဆိုင်တဲ့ လူတစ် ယောက်လို့လဲ ပြောလို့ရတယ်။ Abileneက ခြောက်လုံးပြူး သေနတ် အတိုတစ်လက်၊ အရှည်တစ်လက်နဲ့ CowBoyပုံစံကို STINKING SPRINGS မြို့နားမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Ben, Silas, Dwightတို့က တစ်ဖွဲ့၊ မြို့ခံတွေက တဖွဲ့ ဖြစ်နေကြ တဲ့အချိန်မှာ Abileneကတော့ တစ်ယောက်ထဲ ဖိုက်တာ ဖြစ်နေ ပါတယ်။ Ben, Silas, Dwightတို့က Abileneကို တိုက်ခိုက်နေ တာလား ဒါမှမဟုတ် တစ်ခြားမြို့ခံတွေနဲ့တိုက်ခိုက်နေတာလားဆိုတာ ဂိမ်းဆော့မှဘဲ အတိအကျသိရမှာပါ။

Ubisoftရဲ့ ထုတ်ကုန်အသစ်တစ်ခုဖြစ်တဲ့ Call of Juarez: Gunslingerကို Developer Techlandတို့က ပုံဖေါ်ထားကြပါ တယ်။ United Statesမှာတော့ May 22, 2013ရက်နေ့ စတင် ဖြန့်ချီ ခဲ့ပါတယ်။ ဒီမှာတော့ လကုန်လောက်ဆို ဂိမ်းမာတွေ လက်ထဲ ရောက်နိုင်လောက်ပါတယ်။ CowBoy တစ်ယောက်လို ဆော့ချင်တဲ့ ဂိမ်းမာတွေအတွက်ကတော့ Call of Juarez: Gunslingerက အဆင်ပြေနိုင်လောက်ပါတယ်။ ရုပ်ထွက်တွေနဲ့ ဂိမ်းရဲ့ အနေအထားတွေက ဆော့လို့ကောင်းမယ့် ပုံစံမျိုးပါဘဲ။ ကစားသူအတွက် အဲ့ဒီခေတ်မှာ CowBoyတွေ အသုံးပြုတဲ့ လက်နက်တွေကို အပြည့်အစုံ သုံးခွင့်ပြုထားပါတယ်။ ဂိမ်းရဲ့ ဇာတ်လမ်းကို Comicဆန်တဲ့ ရုပ်တွေနဲ့ Intro ၀င်ထားပေမဲ့ တကယ်တမ်းဆော့တဲ့ အခါကျ ရုပ်ထွက်တွေကို ရှင်းရှင်း လင်းလင်း မြင်တွေ့ရမှာပါ။ ဆော့နေရင်း ရန်သူသေနတ် မှန်သွား တဲ့ မြင်ကွင်းတွေ၊ လဲကျသွားတဲ့ မြင်ကွင်းတွေကို SlowMotion ပုံစံမျိူး တွေ့မြင်စေမှာပါ။ Call of Juarezရဲ့ စီးရီးတစ်ခုဖြစ်တဲ့ Gunslingerမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေက အရင်လို မဟုတ်ဘဲ ထူးခြားနေတာ တွေ့ရပါလိမ့်မယ်။ Ben, Silas, Dwightတို့အပြင် တစ်ခြားဇာတ်ကောင်တွေကို ကိုင်တွယ် ဆော့ကစားနိုင်မှာ့ပါ။
Xbox 360, PS3, PCတွေပေါ်မှာ ကစားနိုင်တော့မှာဖြစ်တဲ့ Call of Juarez: Gunslingerက Levelတွေ တက်လာတိုင်း လက်နက် အသစ်တွေပြောင်းလဲ အသုံးပြုနိုင်မှာပါ။ ကိုယ်တစ် ယောက်ထဲနဲ့ ရန်သူတွေ အများကြီးတွေ့နိုင်တဲ့ Levelတွေပါတာ ကြောင့် အဲ့လိုအချိန်မျိူးမှာ တိုက်ခိုက်ရတာ လွယ်ကူ သေနတ် တွေကို ပြောင်းသုံးသင့်ပါတယ်။ ကဲ တိတ်ဆိတ်တဲ့ STINKING SPRINGSမြို့မှာ သေနတ်သံတွေဆူညံနေမလား ဆိုတာ Cow -Boy ဂိမ်းမာကြီးတွေနဲ့ဘဲ ဆိုင်ပါတော့တယ် ခင်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *