Gaming

Love & Live

love&live

အခုနောက်ပိုင်း Animation Series တွေမှာ Seasonအသစ်တစ်ခုစတိုင်း Musical Series သို့မဟုတ် ဖျော်ဖြေ ရေး Idolအဖွဲ့တွေရဲ့ ဇာတ်လမ်း လေးတွေ အမြဲတမ်းပါလာ တတ် တာ တွေ့ရပါတယ်။ နာမည် အကြီးဆုံး Musicalနှင့် Slice of Life ဇာတ်လမ်း တစ်ခုဖြစ် တဲ့ K-On! ၊ Idol School ဇာတ်လမ်း Aikatsu!၊ ဂီတကို အသုံးပြုပြီး ဂြိုဟ်သားများကို တိုက်ခိုက်ရတဲ့ Symphogear၊ Idol Simulationဂိမ်းကို မှီငြမ်း ထားတဲ့ The Idolm@sterနှင့် စကြာဝဠာအနှံ့ ဖျော်ဖြေပွဲများ ကျင်းပတဲ့ AKB0048 အစရှိသဖြင့် ဇာတ်လမ်းတွေ ထွက်ထားပြီး ဖြစ်သလို အခု ၂၀၁၃ မှာတော့ Love Live! School Idol Project အမည်ရ Idol ဇာတ်လမ်း သစ်တစ်ခု ထပ်မံ ထွက်ရှိလာပါသေးတယ်။Love Live! School Idol Projectဟာ ဇာတ်လမ်း တွဲအနေနှင့် အခုမှထွက်ရှိလာတာ ဆိုပေမည့် သူ့ရဲ့ Series Story ပိုင်းထက် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က Love Live! ဇာတ်လမ်းအတွင်းမှ ဇာတ် ကောင်များနှင့် သီချင်းများ စတင် ပေါ်ပေါက်လာ ပုံပဲ ဖြစ်ပါတယ်။

၂၀၁၀ပြည့်နှစ် အတွင်းမှာ ဇာတ်လမ်း တွဲရဲ့ Developer ဖြစ်တဲ့ ASCII Media Works ပိုင်ဆိုင်တဲ့ Dengeki G လစဉ်ထုတ် Magazine, ဂီတဖြန့်ချိရေး Music Label Lantisနှင့် Animation Studio Sunrise၊ အဖွဲ့သုံးဖွဲ့ ပူး ပေါင်းပြီး School Idol Project အမည်ရ လစဉ် အစီအစဉ်သစ်ကို စတင်ခဲ့ ပါတယ်။ အဆိုပါ Project အရ Dengeki G စာဖတ် ပရိသတ်ဟာ Magazineမှာ ဖော်ပြထားတဲ့ စိတ်ကူး ယဉ် 2D Idol ဇာတ်ကောင် ကောင်မလေးတွေထဲမှ Musesဂီတ အဖွဲ့ဝင် ဖြစ်သင့်သူများကို မဲပေးရွေးချယ်ရမှာ ဖြစ်ပြီး Idolကောင်မလေး တွေရဲ့ Costume Designနှင့် Background Story တွေကိုပါ မဲစနစ်နှင့် ရွေးသွားပြီးနောက်မှာ Lantisနှင့် Sunrise Studioတို့ ပူးပေါင်းပြီး Music Albumနှင့် Animation Music Videoများကို ဆက်လက် ဖြန့်ချိ ခဲ့ပါတယ်။ Love Live! School Idol Project Series မထွက်ခင် မှာတင် Single၊ Album နှင့် Music Video DVDများ ထွက်ရှိခဲ့သလို ဇာတ်လမ်းတွဲကြောင့် ပရိသတ် ပိုမိုရရှိသွားတဲ့ အရှိန်နှင့် နောက်ထပ် သီချင်းအသစ်များ ဆက်လက် ထုတ်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ Love Live! Anime Seriesရဲ့ ဇာတ်လမ်း နှင့် သီချင်းကိုတော့ အရင် Projectတွေအကြောင်း မသိသေးသူတွေ ကြည့်ရင်လည်း အဆင်ပြေအောင် တင်ဆက်ထားတာ တွေ့ရမှာဖြစ်ပြီး ဒုတိယနှစ် အထက် တန်းကျောင်းသူများဖြစ်တဲ့ Honoka ၊ Umiနှင့် Kotori တို့ ဦးဆောင်ပြီး မိမိတို့ မြတ်နိုးတဲ့ Otonokizaka ကျောင်းကို ကျောင်းသူအဝင်နည်းလို့ ပိတ်ပစ်ရမည့် ဘေးမှ ကယ်တင်ရန် ကြိုးပမ်းပုံကို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။

Love Live! ဇာတ်လမ်းအစမှာ Honokaဟာ သူမတို့ရဲ့ Otonokizakaဟာ ကျောင်းသူသစ် အဝင် နည်းသောကြောင့် ကျောင်းပိတ်ရတော့မည် ဆိုတဲ့ သတင်းကြားပြီး၊ မိမိတို့ ကျောင်းကို လူစိတ်ဝင်စားမှု များပြီး ကျောင်းသူသစ်များ အများအပြား လက်ခံလာ နိုင်အောင် နည်းလမ်းများ ရှာဖွေပုံ ဖြင့် ဇာတ်လမ်းဆင် ထားပါတယ်။ လူကြိုက်များတဲ့ UTXကျောင်းကို သွားရောက်လေ့လာပြီး UTXကျောင်း Idolအဖွဲ့ဖြစ်တဲ့ A-Riseရဲ့ ဖျော်ဖြေမှုကို မြင်ပြီး နောက်မှာတော့ Honokaဟာ Musicနှင့် IdolPerformanceကို အသုံးပြုပြီး မိမိတ့ို ကျောင်းအား လူစိတ်ဝင်စားမှု ရရှိရန် ကြိုးပမ်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါ တယ်။ Honokaနှင့် သူငယ်ချင်း တစ်စုဟာ Otonokizaka ကျောင်းကို ကယ်တင်ဖို့ ခက်ခဲတဲ့ လေ့ကျင့်မှုများ၊ ပြိုင်ဖက် အဖွဲ့များနှင့် ရင်ဆိုင်ရတော့မှာ ဖြစ်ပါ တယ်။ Animationပိုင်း အနေနှင့် နေရာ အများစု မှာ 2D Animation အသုံးပြုထားပြီး လှုပ် ရှားမှုများတဲ့ အခန်းတွေ မှာတော့ Strike Witches နှင့် AKB0048တို့လိုပဲ Cell Shading 3D CG ကို ထည့် သွင်းထားပါတယ်။2Dနှင့် 3DCG Transition ပိုင်းတွေမှာ AKB0048 မှာလောက်တော့ ကြည့်မကောင်းပေမယ့် ကကွက်တွေနှင့် တစ်ယောက်နှင့် တစ်ယောက် မတူညီတဲ့ ကိုယ်ပိုင် လှုပ်ရှားမှုတွေကိုတော့ သတိထား ရေးဆွဲထားတာ တွေ့ရပါတယ်။The Idolm@ster Anime Series တုန်းက မူရင်း Video Gameလို မျက်နှာဝိုင်းဝိုင်း လေးတွေ မဟုတ်ဘဲ အနည်းငယ် မျက်နှာရှည်တဲ့ Single Line Character Designတွေ ပုံစံပြောင်းလဲ ခဲ့ပေမည့် Love Live!မှာတော့ Character Design ပိုင်းအနေနှင့် K-On!နှင့် Yuru Yuriတို့လို မျက်နှာ လုံးလုံးလေးတွေဖြင့် ရေးဆွဲထားတာ တွေ့ရမှာပါ။ ဟာသကို အသားပေးထားတဲ့ ဇာတ်လမ်းနှင့် ကောင်းမွန်တဲ့ သီချင်းတွေ ပါဝင်လို့ Love Live! School Idol Projectကို ဂီတဝါသနာပါသူ ပရိသတ် အများစု သဘောကျမှာ ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *