How-to

ဖုန်းထဲမှာရှိတဲ့ Applicationတွေကို SD Cardထဲ ပြောင်းချင်ရင်

ဖုန်းထဲမှာရှိတဲ့ Applicationတွေကို SD Cardထဲ ပြောင်းချင်ရင် ဘယ်လိုလုပ်ရမလဲ၊ ဘာတွေဖြစ်နိုင်သလဲဆိုရင် Applicationတွေကို SD Cardထဲကို ပြောင်းရင် ဖုန်းMemory ပေါ်မှာ အလုပ်လုပ်နေတဲ့ Applicationတွေဟာ SD Cardပေါ်မှာ အလုပ်လုပ်နေပါလိမ့်မယ်။ ဘယ်လို ပြောင်းရမလဲဆိုရင် Applicationတွေကို အသုံးပြုလို့ ရနိုင်သလို Android Version 4.0 ဖုန်းတွေမှာ Setting> Application> Move To SD ဆိုပြီး ပြောင်းချင်တဲ့ Applicationကို ပြောင်းလို့ရပါတယ်။ ပြောင်းချင်တဲ့ Applicationဆိုတာက အားလုံးတော့ မဟုတ်ပါဘူး။ ဒီနည်းက Built-in Memory နည်းတဲ့ ဖုန်းတွေမှာ အသုံးပြုရင် Application အများစုကို ဖုန်းထဲမှာ Install လုပ်လို့ရသွားမှာပါ။ အခု Application တစ်ခုကို အသုံးပြုပြီး SD Cardထဲ ရွှေ့မှာပါ။ Application နာမည်က Move Appsပါ။
Install လုပ်ပြီးရင် Move Appsကို ဖွင့်လိုက်ပါ။ Movable, On SD Card, Phone Only, All စတာတွေကို တွေ့ပါလိမ့်မယ်။ Movableဆိုတာ SD Cardထဲ ရွှေ့လို့ရတဲ့ Applicationတွေကို ဖေါ်ပြပေးထားတာပါ။ On SD Cardဆိုတာ SD Cardထဲ ရွှေ့ထားတာတွေကို ဖေါ်ပြပေးထားတာပါ။ Phone Only ဖုန်း Built-in Memoryထဲမှာ သွင်းထားတဲ့ Applicationတွေပါ။ အဲဒီ့ Applicationတွေကိုတော့ ရွှေ့လို့ရမှာ မဟုတ်ပါဘူး။ All, Application အကုန်လုံးကို ပြပေးထားတာပါ။ Movableထဲမှာရှိတဲ့ Applicationကို ရွှေ့ချင်ရင် ရွေးပေးပြီး Move To SD Cardကို နှိပ်လိုက်တာနဲ့ SD Cardထဲ ရောက်သွားပါပြီ။ Move Apps Applicationကို ဒေါင်းပြီး အဆင်ပြေပြေ စမ်းနိုင်ကြပါစေဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *