Gaming, Review

London 2012

London Olympic ပြိုင်ပွဲတွေ ပြီးသွားပေမဲ့ 2012မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေအတိုင်း ဆော့ချင်သေးတဲ့ သူတွေအတွက် June 26 ရက်နေ့က ထွက်ထားတဲ့ London 2012၊ Olympic ဂိမ်းလေးနဲ့ ပေးတွေ့လိုက်ပါတယ်။ ဒီဂိမ်းလေးက အားကစားဂိမ်းတွေ နှစ်သက်တဲ့သူတွေအတွက် ပို အဆင်ပြေမလား မသိဘူးဗျ။ ဒီဂိမ်းထဲမှာပါတာတွေ အကုန်လုံးကတော့ အားကစားတွေချည်းပါဘဲ။ ရေကူး၊ ကြက်တောင်၊ ဒိုင်ဗင်၊ ဘောလုံး၊ မြှားပစ်၊ စားပွဲတင် တင်းနစ်၊ စက်ဘီးစီး၊ သံလုံးပစ်၊ အပြေးပြိုင်၊ သေနတ်ပစ်၊ အလေးမ စတဲ့ အားကစားနည်းပေါင်းစုံ ပါ၀င်ပါတယ်။ ကိုယ် ကြိုက်နှစ်သက်တဲ့ အားကစားနည်းတွေကိုလဲ ရွေးချယ်ကစားနိုင်ပါတယ်။ ဒီနှစ် London Olympicမှာ ပါ၀င်ခဲ့တဲ့ ကစားနည်းတွေအတိုင်း ထည့်သွင်းပေးထားပါတယ်။ ပြီးသွားတဲ့ Olympic ပြိုင်ပွဲကြီး တစ်ခုကို ကိုယ် ကိုယ်တိုင် ပါ၀င်ကစားနေရတဲ့ feel မျိုး ခံစားရမှာပါ။ SEGAက London 2012ကို Publisherရော Developerအဖြစ်ပါ တာ၀န်ယူထားတာပါ။ ဂိမ်းတို့၏ ထုံးစံအတိုင်း PS 3၊ XBOXမှာ ထုတ်ထားပြီး ကျန် platformတွေကို မကြာမီ လာမည် လုပ်ထားပါတယ်။

XBOXကို June 26မှာ ထုတ်ပေးလိုက်ပါတယ်။ XBOXသမားတွေကတော့ Kinectနဲ့ ဆော့လို့ရမှာ ဖြစ်ပြီး PS 3တွေကတော့ ဆော့နေကြ consoleတွေနဲ့ ဆော့ရမှာ ဖြစ်ပါတယ်။ Game modeက Single၊ Multi နှစ်မျိုးစလုံး ဆော့လို့ ရမှာပါ။ ပထမဆုံး ကိုယ်နှစ်သက်တဲ့ ကစားနည်းတွေ ရွေးပြီးပြီဆိုရင် နိုင်ငံတစ်ခုကို ကိုယ်စားပြုနေရပြီဆိုတာ သေချာနေပါပြီ။ ပြိုင်ပွဲပုံစံတွေက တကယ့်ပြိုင်ပွဲ ပုံစံတွေလို အမှတ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးထားတဲ့ နိုင်ငံရဲ့ အောင်မြင်မှုကို ကိုယ်တိုင် ကြိုးစားပေးနေရတဲ့ ပုံစံမျိုးနဲ့ ကစားရမှာပါ။ ဂိမ်းရဲ့ Presentationတွေကလဲ တော်တော်လေး မိုက်ပါတယ်။ Animationတွေ၊ Camera veiwတွေကလဲ မိုက်ပါတယ်။ ပြိုင်ပွဲတစ်ခုရဲ့ ပုံစံတွေအတိုင်း ပရိတ်သတ်တွေ ဒိုင်လူကြီးတွေ ကိုယ်နဲ့ ယှဉ်ပြိုင်နေရတဲ့ တခြားနိုင်ငံက ကစားသမားတွေ အကုန်လုံးကိုပါ တကယ့်ပြိုင်ပွဲတွေအတိုင်း ဖန်တီးပေးထားပါတယ်။ ကစားနည်းတစ်မျိုးရဲ့ ပြိုင်ပွဲ မစမီ ကိုယ်နဲ့ ပြိုင်ရမဲ့ ကစားသူ ဘယ်နှစ်ယောက် ဘယ်နိုင်ငံက အစ ဖော်ပြပေးထားမှာ ဖြစ်ပြီး ပြိုင်ပွဲ ပြီးသွားတာနဲ့ ဘယ်သူ နိုင်တယ်၊ ဘယ်သူက ဘယ်နေရာ၊ အမှတ် ဘယ်လောက် ရတယ် ဆိုတာကိုပါ ဖော်ပြပေးထားတာတွေက Olympic ပြိုင်ပွဲတစ်ခုကို TVမှာ ပြနေသလိုပါဘဲ။

နိုင်ငံပေါင်း 36 နိုင်ငံကျော်နဲ့ ကစားနည်းပေါင်းများစွာကို နာမည်ကြီး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမဲ့ ဂိမ်းတစ်ခုပါ။ အားကစားသမားတွေ လျှင်မြန်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းတွေကိုလဲ လက်ရှိ သူတို့ရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီအောင် တစ်ယောက်နဲ့ တစ်ယောက် မတူအောင်လဲ ပြုလုပ်ပေးထားပါတယ်။ အပြင်မှာ တကယ် Speed မြန်တဲ့ ဘောလုံးကစားသမားတွေဆိုရင်လဲ အပြင်ကအတိုင်း တူညီအောင် ဖြည့်ထားပါတယ်။  ကိုယ် ရွေးထားတဲ့ ကစားနည်းတွေကို ဘယ်လို ကစားရမှန်း မသိသေးရင်လဲ tutorialတွေ အရင်ဆော့လို့ ရပါသေးတယ်။ ရေကူးတဲ့ ဂိ်မ်းမျိုးဆို ဂိမ်းconsoleက ဘယ် ခလုတ်တွေနဲ့ ဆော့ရမလဲဆိုတာတွေ မသိသေးအတွက်   tutorialတွေ အရင်ဆော့ သင့်ပါတယ်။ ဒါမှလဲ တကယ် ဆော့မဲ့အချိန်မှာ ဆော့လို့ ပို အဆင်ပြေမှာပါ။ အဲဒါကြောင့် အားကစား အမျိုးပေါင်းများစွာကို ကစားချင်တဲ့ သူငယ်ချင်းတွေအတွက် London 2012 ဂိမ်းအကြောင်းလေး review ပေးလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *