Health, Opinion

သံသယ မုန်တို်င်းကြားက မေတ္တာတန်ခိုး

triplehelixblog.com

ဒေါက် ဒေါက် ဒေါက်…
‘‘ဆရာ တံခါး ဖွင့်ပါဦးဆရာ… ကျွန်တော်စန်းထွေးပါ’’

ညဥ့်နက် သန်းခေါင်ယံ ကျော်လွန်ပြီး၍ ေ၀လီေ၀လင်း မိုးစင်စင် မလင်းသေးခင် နံနက် အာရုဏ်မတက်မီ ၃း၀၀ နာရီခန့်အချိန်တွင် အိမ်ရှေ့တံခါးခေါက်သံကို ကြားလိုက်ရသည်။ မိုးရာသီအကုန် ဆောင်းဦးရာသီအစ မြောက်လေအေး တိုက်၍ ချမ်းအေးသော ညဥ့်ဦးယံနှင့် မိုးသောက်ယံ အကူးအပြောင်းကား လူတကာတို့အဖို့ အိပ်မော အကျဆုံး အချိန် ဖြစ်သည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် နေ့ညမရွေး တာ၀န်ယူပေးနေရသော ဆရာ၀န်တစ်ဦးအဖို့ကား လူသားတို့ထဲမှ လူသားတစ်ဦးဖြစ်လင့်ကစား ထိုအခွင့်အရေးမျိုး လက်လွှတ် ဆုံးရှုံးရမြဲ ဖြစ်ပေသည်။

ဆရာ၀န်ဦးရေ များများ မရှိသော ၂၄နာရီ အချိန်ပြည့် စောင့်ရှောက်ပေးနိုင်သော ပုဂ္ဂလိက ဆေးရုံဆေးခန်းများ မရှိသော နယ်မြို့လေးဖြစ်သည့်အလျောက် လူကြီး၊ ကလေး အရေးပေါ်လူနာ လာသမျှကို ဆေးရုံတွင် တာ၀န်ကျသော ဆရာ၀န်များက ကြည့်ရှုပြီး လိုအပ်ပါက မြို့နယ်ဆရာ၀န် တာ၀န်ထမ်းဆောင်နေရသော ကျွန်တော်ထံသို့ လာရောက် အကြောင်းကြားရမြဲ ဖြစ်သည်။

ထိုအတွက်လည်း ဆရာ၀န်ကို လူအများက ရိုသေ လေးစားကြရသည် မဟုတ်ပါလော။ ယနေ့ ဖြစ်ပျက်နေသည့် ဆရာ၀န် လူနာတို့အကြား အဖြစ်အပျက် အများစုကား ‘‘တစ်ဦးမေတ္တာ၊ တစ်ဦးစေတနာ’’ဟူသော အပြန်အလှန် ထားရှိသင့်သည့် သဘောထားအပေါ် အဓိက အခြေခံသည်ဟု ထင်မြင်မိပါသည်။ ငွေကြေးပမာဏဖြင့် တန်ဖိုးဖြတ်၍ ဟိုတယ်ခန်းပမာ ၀န်ဆောင်မှုကို အလိုရှိသော မြို့ ပြ ပြည်သူများအား ကျေးဇူးတင်မိသည်။

မိမိတို့၏ နေ့ညမရွေး တာ၀န်ကျေပွန်မှုကို တန်ဖိုးထား လေးစားရုံမျှသာမက မိမိတို့၏ ကုသနည်းနှင့် လမ်းညွှန်မှုတို့ကိုလည်း တစ်သွေမတိမ်း နားထောင်သည်။
ဤသည်လည်း မြို့နေလူထုနှင့် ကွဲပြားသည့်အချက် ဖြစ်သည်။ မကြာသေးမီက ရန်ကုန်မြို့သို့ ခေတ္တတာ၀န်ဖြင့် သွားရောက်စဉ် မိတ်ဆွေ အထူးကု ဆရာ၀န်တစ်ဦးနှင့် တွေ့ဆုံဖြစ်သဖြင့် ယနေ့ မြို့ပေါ်ရှိ လူနာအများစု၏ ခံယူချက် သဘောထားတို့ကို ကြားသိခဲ့ရသည်။

‘‘ဒီခေတ်လူနာတွေက Doctor Shopping ထွက်တတ်ကြတယ်။ မနက်ပိုင်း ဆရာတစ်ဦးနဲ့ ပြပြီးတော့ ညနေကျတော့ နောက်တစ်ဦၤး၊ နောက်နေ့ကျတော့ ထပ်ပြောင်းပြန်ရော’’ လူတို့၏ ခန္ဓာကိုယ် သွေးသားတို့သည် စက္ကန့်နှင့်အမျှ ပြောင်းလဲဖြစ်ပျက်နေသဖြင့် လူနာတစ်ဦးတည်းကို ဆရာ၀န်တစ်ဦးတည်း စမ်းသပ်မည်ဆိုလျှင်ပင် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အတွက် ဆရာ၀န်များသည် လူနာတစ်ဦး၏ရောဂါေ၀ဒနာကို တစ်ချိန်တည်းဖြင့် ကောင်းသည်၊ ဆိုးသည် တပ်အပ်မပြောနိုင်။

ထို့အတွက်လည်း လူနာနှင့် မိသားစုတို့က သဘောကျမှု မရှိတတ်ကြ။ ပါမောက္ခ ဆရာကြီးတစ်ဦးရေးသားသော ဆောင်းပါးတိုလေးတစ်ခုမှ ‘‘ကောင်းသွားမှာပါ’’ဟူ၍ ယခင်က အားပေးစကား ပြောတတ်သည့် အကျင့်လေးသည် ယနေ့ခေတ်အဖို့ လွမ်းစရာ စာသားလေး ဖြစ်လာပေပြီဟူသော အကြောင်းအရာကို မှတ်မိနေမိသည်။ လူတစ်ဦး၏ ကျန်းမာရေးကို ကုသပေးရုံမျှမက လူနာနှင့် မိသားစု၏ စိတ်ပြေသက်သာမှုအတွက်လည်း အရေးပေးရသော တာ၀န်ရှိသည့် ဆရာ၀န်တစ်ဦးအဖို့ လူနာနှင့် မိသားစု၏ စိတ်အင်အား တိုးတက်စေရန် လူနာစိတ်ဓာတ် ကျမသွားစေရန် ကောင်းသွားမှာပါဟု အားပေးစကား ပြောလေ့ရှိပါသည် မဟုတ်ပါလော။

သို့သော် တိုးတက်မှုသို့ တက်လှမ်းရန် ရာခိုင်နှုန်း ၉၉ ရှိသော လူနာသည်လည်း ကံမကောင်း အကြောင်းမလှပါက ဖြစ်နိုင်ချေနည်းပါးသာ ဆုတ်ယုတ်မှုဘက်သို့ ကျဆင်းသွားနိုင်သည်။ ယနေ့ဤအချိ်န်တွင် ‘‘တိုးတက်ပါပြီ’’ဟု ပြောခဲ့သော လူနာသည်လည်း နောက်တစ်ချိန်တွင် အချိ်န်မရွေး ဖောက်ပြန်နိုင်ပါသည်။ ထိုအတွက်လည်း ဗုဒ္ဓမြတ်စွာဘုရားရှင်က ‘‘အနိစ္စ၊ အနတ္တ’’ဟူ၍ ဟောကြားခဲ့ပါသည် မဟုတ်လော။ ‘‘ခေတ်မီသည့် နိုင်ငံတကာအဆင့်မီသည်’’ဟူသော နိုင်ငံတကာနှင့် ရင်ပေါင်တန်းချင်သော မြန်မာပြည်သူပြည်သားများ၏ စိတ်ဓာတ်များသည်လည်း ‘‘နိုင်ငံတကာ’’ကဲ့သို့ ဖြစ်လာပြီဟု ပြောနိုင်ပါသည်။ မြန်မာ ပြည်သူ ပြည်သားတို့၏ ချစ်စရာကောင်းသော အလေ့အထ တစ်ခုမှာ ဖော်ရွေပျူဌာခြင်းနှင့် ကူညီ ရိုင်းပင်းတတ်ခြင်းတို့ပင် ဖြစ်သည်။

မြန်မာပြည် မည်သည့်မြို့ ရွာတို့၌မဆို သွားရောက် လည်ပတ်လျှင် အကူအညီ လိုအပ်ပါက ကူညီမည့်သူ မရှားပေ။ ထည့်စရာ မရှိလျှင် အိမ်ပေါ် ခေါ်တင်ပေးသည်။ စားစရာ မရှိလျှင် မျှေ၀ ေ၀ဌတတ်ကြသည်။ သို့သော် မြို့ ကြီးများ၌ကား ထိုသို့ မဟုတ်။ အိမ်ပေါ်တွင် လက်ခံလိုက်လျှင် ‘အေး ဓါးပြ’ တိုက်မည် စိုးရိမ်ကြသည်။ စားစရာ ေ၀ဌမိလျှင် အကျင့်ပါမည် စိုးရိမ်ရသည်။

ဤသို့ဖြင့် တစ်ဦးမှ တစ်ဦးအပေါ် ထားရှိကြသည့် သဘောထားများမှာ မေတ္တာ၊ စေတနာ အရင်းမခံတတ်ကြတော့။ နိုင်ငံခြား ပညာတော်သင် သွားဖူးသော ထို အထူးကု ဆရာ၀န် မိိတ်ဆွေက ဟိုမှာဆိုရင် စကားတိုင်းကို သူတို့က အတိအကျ လိုက်နာကြတာ။ ကိုယ်ပြောတဲ့အတိုင်း အတိအကျ လိုက်နာရဲ့သားနဲ့ တိုးတတ်မှု မရှိရင် စောဒက တက်ချင်ကြတယ်။ ဟိုမှာဆို အားပေးစကား ‘‘ကောင်းသွားမှာပါ’’လို့ မပြောရဲကြဘူး ‘‘ဒီအခြေအနေနဲ့ မပြောနိုင်သေးဘူး စစ်ဆေးစရာ အကုန် လုပ်ရဦးမယ်’’ဟုသာ ပြောရစမြဲဖြစ်ကြောင်း ပြန်ပြောပြဖူးသည်။ ထို့ကြောင့် Globalizationဟု ပြောရမည်လော Civilizationဟု ပြောရမည်လော ဆရာ၀န်နှင့် လူနာအကြားက မေတ္တာနှောင်ကြိုး တစ်ကြိုးမှာ သံသယအရင်းခံနှင့် အဝါရ၀ အကျင့်စရိုက်တို့ကြောင့် ပြတ်တောက်သွားရသည်မှာ ၀မ်းနည်းစရာ ဖြစ်သည်။

‘‘လူဟူသည် သေမျိုးဖြစ်သည်’’ဟု ဆရာတော်များ ဟောကြားကြသည်။ ထိုအထဲတွင် ဆရာ၀န်လည်း အပါအ၀င်ဖြစ်သည်။ လူကို မသေအောင် ကုနိုင်လျှင် ဆရာ၀န်များ မိမိနှင့် မိမိ မိသားစုကို မည်သည့်အချိန်မှ အသေမခံ၊ မရ ရအောင် ကုကြမည် မဟုတ်ပါလော။ သို့ဆိုလျှင် အနိစ္စ၊ ဒုက္ခ၊ အနိတ္ထနှင့် ဆန့်ကျင်နေမည်ပင် ဖြစ်သည်။ သို့သော် ဆရာ၀န်များ၏ တာ၀န်မှာ ေ၀ဒနာ သက်သာအောင် ပြန်လည် ပြုပြင် ကာကွယ်နိုင်သော အခြေအနေ Reversible Conditionsများကို
ပြန်လည်ကောင်းမွန်လာအောင် ပြန်လည် ပြုပြင်ပေးနိုင်သည်သာ ဖြစ်သည်။ ထို့အတွက်ကြောင့် ဤနေ့ ဤအချိန်တွင် ရောဂါလက္ခဏာနှင့် စမ်းသပ်ချက်အရ ဤသို့ ရှိ၍ ဤသို့ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ပြီး ဤသို့ ကုသမည်ဟုသာ ပြောနိုင်သည်။

မနက်က ကြည့်ထားသော လူနာသည် ညနေ ရောက်လျှင် တစ်မျိုးဖြစ်နိုင်သည်။ ထိုအချိန်တွင် Doctor Shopping ထွက်တတ်သော မိသားစုက နောက်ထပ် ဆရာ၀န်တစ်ဦးနှင့် ထပ်ပြသည်။ ထိုဆရာ၀န်က သူကြည့်သော အချိန်တွင် တွေ့ရှိရသည့် အခြေအနေ လက္ခဏာတို့ကို သုံးသပ်ဆုံးဖြတ်ကာ ထိုဟာ ဆက်လုပ်၍ ဤဟာ သောက်ရမည် ညွှန်ကြားသည်။

ထိုအချိ်န်တွင် လူနာမိသားစု၏ သံသယမုန်တိုင်းကား စတင်ပြီ။ ‘‘မနက်က ဆရာပြောတော့ တစ်မျိုး ခုဆရာမက တစ်မျိုး။’’ ‘‘နင့်ဆရာတွေက ဟုတ်ရော ဟုတ်ရဲ့လား’’ အပြစ်တင်စကား စချေပြီ။ စင်စစ်တော့ သံသယက ခုမှ စသည် မဟုတ်။ မနက်က ဆရာ၀န်နှင့် ပြစဉ်က မိမိ လိုချင်သော အဖြေမရ၍ နောက်တစ်ဦး ပြောင်းပြဖို့ စဉ်းစားခြင်း၊ (သို့မဟုတ်) ယခင်ဆရာက နောက်ဆရာလောက် ဘွဲ့ထူး ဂုဒ်ဒြပ် များ၍ ယုံကြည်မှု အားနည်းခြင်းတို့ကြောင့်
ဖြစ်သည်။ ယခုလည်း မကျေနပ်ကြသေး။

ထိုဆရာ၀န်နှစ်ဦး၏ ထင်မြင်ယူဆချက်အပေါ် မည်သူ့ဘက် အားသာမည်၊ မည်သူက ပိုမှန်သည် သိရှိအောင် နောက်နေ့ မနက်၌ နောက်ထပ် ပါရဂူတစ်ဦးနှင့် ထပ်ပြသည်။ ယခုမှ ပြဿနာ ပိုကြီးပေပြီ။ ထိုအချိန် ထိုအခါ၌ စမ်းသပ် စစ်ဆေးတွေ့ရှိမှုအရ ဤဆေး ဤအစာနှင့်သာ ကုရမည်ဟု တတိယ ဆရာကြီး၏ ဆုံးဖြတ်ချက်သည် ယခင်နှစ်ဦးနှင့် ကွဲပြားနေပြန်ပြီ။ ထိုအခါ ဆရာ၀န်တွေ တစ်ယောက် တစ်မျိုး ပြောနေကြတာပဲ။

‘‘ဆရာကြီး (၃)ယောက်သာ ပြောင်းသွားတယ် အမေ့ရောဂါက မသက်သာလာဘူး’’ဟု သတင်းလာမေးသူတို့ကို ပြောကြသည်။ ထိုအထဲတွင် အပြုသဘောထား မရှိသူများလည်း ပါ၀င်လာချေရာ ‘‘ဒါ တိုင်သင့်တယ် လျော်ကြေး တောင်းသင့်တယ်။’’ ဆရာ၀န်တွေ ကိုယ်ချင်းစာစိတ် မရှိကြဘူး မြှောက်ပေးကြချေပြီ။
အမှန်စစ်စစ် ထိုလူနာအား ‘‘ဘယ်ဆေး တိုက်ထားပြီးပြီးလဲ’’ဟု မေးရာ ရောဂါကို ဘယ်ဆရာမှ တိတိကျကျ မပြောနိုင်တော့ ‘‘ဘာမှ မတိုက်ထားရဲသေးဘူး’’ဟု ရှိသလို ဆရာ(၃)ဦးလုံးရဲ့ ဆေးတွေလည်း ‘‘တိုက်တာပဲ မသက်သာတဲ့အပြင် ဆေးရုံတင်လိုက်ရတဲ့အထိတောင် ဆိုးသွားတယ်’’ဟု ဖြေသူများလည်း ရှိသည်။

‘‘ဘယ်ဆေးမှ မတိုက်ရသေးဘူး’’ ဆို ‘‘သူတို့အတွက် ရောဂါ ဘယ်လို သက်သာမှာလဲ’’ဟု စဉ်းစားသိရှိနိုင်သလို တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း ဆရာ၀န် (၃)ဦး၏ ဆေး (၃)မျိုး ပေါင်းတိုက်မှဖြင့် ဘေးထွက် ဆိုးကျိုးခံရမည်မှာ မလွဲမသေ ဖြစ်ပါသည်။ ဆေးတစ်မျိုးနှင့် တစ်မျိုးသည် ဆန့်ကျင်တတ်ကြ၍ ဒုက္ခပေးတတ်သကဲ့သို့ တူညီရာ ဆေးအုပ်စုများကို ပေါင်းစပ်မိပါကလည်း ပြင်းအား များသွားပြီး ဒုက္ခရောက်တတ်ကြသည်။ ထို့အတွက် ဆရာ၀န်များသည် ဆေးမပေးမိ ‘‘ယခုဘာဆေးတွေေ
သာက်နေတာရှိလဲ’’ ဟုမေးလျှင် ‘‘အရင်ဆရာနဲ့ ပြထားပြီး ဆေးသောက်ထားတာ ပြောလိုက်ရင် စိတ်ဆိုးမှာပဲ’’ဟု စိုးရိမ်ပြီး ‘ဆေးရာဇ၀င်’ကို ထိမ်ချန် မထားသင့်ပေ။ ‘‘တော’’ မှာ တာ၀န်ကျသော ကျွန်တော်တို့အဖို့ ဤပြဿနာမျိုးကား မတွေ့ဖူးသလောက် ဖြစ်၍ ရိုးသားသော၊ ဖြူစင်သော နယ်ခံ လူထုကို
ကျေးဇူးတင်မိသည်။

‘‘တိုးတက်မှုတိုင်း၏ နောက်ကွယ်၌ ဆုတ်ယုတ်မှု ဒွန်တွဲနေစမြဲ’’ဟူသော စကားအတိုင်း ခေတ်မီလာခြင်းသည်လည်း ဆရာ၀န်နှင့် လူထုအကြား ဆက်ဆံရေး Doctor-Patient Relatiionship အတွက် တံတိုင်းတစ်ခု ဖြစ်လာသည်။ ခေတ်မီဓာတ်ခွဲခန်းများ စမ်းသပ်ကိရိယာများ တွင်ကျယ်စွာ အသုံးမပြုနိုင်ခင်က ဆရာ၀န်များသည် မိမိတို့၏ လက်နှင့် နားကိုသာ အဓိကထား အားပြုကြရသည်။ ထိုစဉ်က ဆရာ၀န်ကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထား ကိုးကွယ် ရိုသေကြသလို ဆရာ၀န်တို့အပေါ် လူနာများကလည်း ရာနှုန်းပြည့် ယုံကြည်ခဲ့ကြသဖြင့် ရောဂါပျောက်ကြသည်။

‘‘ဆေးလိုက်သည်’’ဟုလည်း ခေါ်ခဲ့ကြသည်။ မြန်မာပြည်တွင်လည်း တိုးတက်လာသော ဆေးပညာ အထောက်အကူပြု ကိရိယာများ တွင်ကျယ်လာသည့်အခါတွင် စမ်းသပ် စစ်ဆေးမှုများကို တွဲဖက် လုပ်ဆောင်နိုင်လာကြသဖြင့် ပိုမို တိကျသော ရောဂါ ရှာဖွေမှုနှင့် ကုသမှုတို့ကို အချိန်နှင့် တပြေးညီ လုပ်ဆောင်နိုင်လာသဖြင့် ၀မ်းသာစရာ ဖြစ်သည်။ ဆိုးသည့်အချက်မှာတော့ ငွေကြေးကုန်ကျမှု ဖြစ်သည်။ လူနာတို့၏ တတ်နိုင်သည့် ငွေကြေးအင်အားပေါ် မူတည်၍ အလိုအပ်ဆုံးအရာတို့ကို ရွေးချယ် ရှာဖွေ စမ်းသပ်ကြရသည်။ ထိုအခါတွင် တိတိကျကျ သိရှိနိုင်သည်များ ရှိသလို လိုအပ်မှုများလည်း ရှိလာသည်။

ခေတ်စနစ် ခံယူချက် ပြောင်းလဲလာမှုကြောင့် အပြစ်တင် တရားစွဲမှုများ များပြားလာသည့်အချိန်တွင်ကား ဆရာ၀န်တို့အဖို့ ပိုမို တိကျသော ရောဂါ အမည်တပ်မှု ရစေရန် အခြားရောဂါများနှင့် ပတ်သက်မှု မရှိကြောင်း သက်သေပြရန် ရောဂါ ရှာဖွေမှုကို အပိုအလို မရှိအောင် လုပ်လာကြသောအခါတွင်ကား ငွေကြေး ကုန်ကျမှုတို့မှာ ကြီးမားလာကြသည်။

အမှန်တိုင်းဆိုရလျှင် အချိန်နှင့်အမျှ ပြောင်းလဲနေသော ခန္ဓာကြီးအား ယခုအခါ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုသည် နောက်တစ်နာရီအကြာတွင် ပြောင်းလဲမှု ရှိနိုင်သည်။ ထို့အတွက်လည်း ဒီမြန်မာပြည်မှာ ပိုက်ဆံသာ ကုန်တာ ဘာရောဂါမှ မယ်မယ်ရရ မတွေ့ဘူး။ …နိုင်ငံရောက်မှ ရောဂါပေါ်တော့တယ်ဟု အပြစ်ပြောသူတို့မှာ လူတို့၏ ဖြစ်ပျက်သဘောတရားနှင့် အကျွမ်းတ၀င် မဖြစ်၍ ဖြစ်သည်။ …နိုင်ငံတွင် ရောဂါတွေ့ရှိချိန်် တပြိုင်နက် မြန်မာပြည်၌ စမ်းသပ်ကြည့်လျှင်လည်း တွေ့ရှိနိုင်မည်သာ ဖြစ်ပေသည်။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည် ဆိုသည့်အတိုင်း ကျန်းမာရေးအတွက် မိသားစုတိုင်း စိတ်သောက ရောက်ကြရသည်။ ဆရာ၀န်ကိုယ်တိုင်လည်း ေ၀ဒနာ ခံစားရလျှင် လူနာ ဖြစ်သွားနိုင်သည်။ မည်မျှပင် ခေတ်မီ တိုးတက်ပါစေ စေတနာ မေတ္တာ အရင်းခံသော ယုံကြည်မှုဖြင့် ကိုးစားအပ်နှံထားသော ဆရာ၀န်နှင့် လူနာတို့အကြား ပေါင်းကူးတံတားလေးကို ပြန်လည် တည်ဆောက်သင့်သည်။

ဖြူစင် ရိုးသားသော ပင်ကိုယ် စိတ်ဓာတ် အရင်းခံသည့် မြန်မာပြည်သူပြည်သားတို့အား ဖုံးလွှမ်းနေသည့် ခေတ်မီသည်ဆိုသော အာဃာတ အမုန်းတရား အမိုက်အမှောင်တို့ကို ဖယ်ရှားသင့်ပေပြီ။ နှစ်ဦးနှစ်ဖက် မေတ္တာစေတနာ အပြန်အလှန်ထား၍ အပြုသဘောဆောင်သည့် Doctor-Patient Relationshipကို
ပြန်လည်တည်ဆောက်ကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *