Gaming, Review

Lollipop Chainsaw

Zombieတွေနဲ့ fightတဲ့ ဂိမ်းတော်တော်များများ ရှိပါတယ်။ များသောအားဖြင့် ကြမ်းတယ်ပေါ့။ အဲ့လို ဂိမ်းတွေရဲ့ mission တိုင်းဟာလဲ ခက်ခဲကြတဲ့အတွက် ကလေးတွေ သိပ်မဆော့ကြပါဘူး။ Resident Evilနဲ့ Walking Deadတို့လို ဂိမ်းမျိုးတွေပေါ့။ အခု Lollipop Chainsawဆိုတဲ့ zoombie ဂိမ်းကိုတော့ လူလတ်ပိုင်း gamerတွေအပြင် ကလေးတွေပါ ကြိုက်နှစ်သက်ကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဂိမ်းလေးက ဆော့ရတာလဲ အဆင်ပြေပါတယ်။ အရမ်းခက်ခဲလွန်းတဲ့ missionတွေ မပါပါဘူး။ R E တို့လိုတော့ အရမ်းမကြမ်းပေမဲ့ ဆော့လို့ ကောင်းမဲ့ ဂိမ်းတစ်ခုပါ။ Warner Brosက ထုတ်လုပ်ဖြန့်ချီထားတာဆိုတော့ အရမ်းမပိန်းတဲ့ ဂိမ်းတစ်ခု ဆိုတာကို သိထားစေချင်ပါတယ်။

Developer Grasshopper Manufactureကလဲ စိတ်ကြိုက်ဖန်တီးပေးထားတယ်ဆိုတော့ ဆော့ဖြစ်အောင် ဆော့ကြည့်လိုက်ပါလို့ ပြောပါရစေ။ ဒါပေမဲ့ သူတို့က Lollipop Chainsawကို X BOX platformတစ်ခုထဲကိုဘဲ စထုတ်ထားတာဆိုတော့ ကျန်တဲ့ Platformတွေအတွက်ကတော့ စောင့်ရဦးမှာပေါ့။ ဒီဂိမ်းကို June 12, 2012မှာ စတင်ဖြန့်ထားတာပါ။ ဂိမ်းအမျိုးအစားက action ဂိမ်းဖြစ်ပါတယ်။ ဂိမ်းရဲ့ ဇာတ်လမ်းလေးကတော့ နည်းနည်း ကြေကွဲဖို့ ကောင်းတယ်ဗျ။ Julietဆိုတဲ့ ကောင်မလေးက အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ။ သူ့မှာ nickဆိုတဲ့ ခပ်လန်းလန်းကောင်လေးတစ်ယောက်ရှိတယ်တဲ့ဗျ။ သူတို့တွေက တစ်ကျောင်းထဲ အတူတူတက်ကြတဲ့ ကျောင်းတက်ဖေါ်တွေပေါ့။ တစ်နေ့သူတို့ကျောင်းတစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ အားလုံး zoombieတွေ ဖြစ်သွားကြပါတယ်။

သူ့ရဲ့ကောင်လေး nickလဲ zoombie တွေရဲ့ တိုက်ခိုက်တာကို ခံရတဲ့အတွက် zoombie ဖြစ်တော့မယ် ဆိုတာကို သိတဲ့ Julietက သူ့ကောင်လေးကို ညင်ညင်သာသာဘဲ ခေါင်းကို လွှစက်နဲ့ ဖြတ်လိုက်တယ်။ ဖြတ်လိုက်တဲ့ ခေါင်းကိုတော့ ဘယ်လိုလုပ်ထားလဲတော့ မသိဘူး အဲ့ဒီခေါင်းလေးက မသေဘဲ စကားပြောနိုင်သေးတယ်။ Julietက သူ့ကောင်းလေးခေါင်းကို ခါးမှာ အမြဲတမ်း ချိတ်ဆွဲထားတယ်ဆိုတာ ဂိမ်း ကစားနေတဲ့ တောက်လျှောက် မြင်တွေ့ရမှာပါ။ Juliet ဆိုတဲ့ကောင်မလေးကတော့ ခပ်ကြမ်းကြမ်းဘဲ လွှစက်ကြီး ကိုင်ပြီး lollipopကို ပါးစပ်မှာ ကိုက်ပြီး zombieတွေ လိုက်ဖိုက်နေတော့တာဘဲ။ သူ့ရဲ့လက်နက်ကတော့ လွှစက်ပါဘဲ။ နောက်ပိုင်း အခန်းတွေမှာ သေနတ်တွေပါ ရလာမှာပါ။ အဲ့လို zombie ဘာကြောင့်ဖြစ်သွားရတာလဲ ကောင်မလေးက zombieတွေကို ဘာလို့ လိုက်တိုက်ခိုက်နေလဲဆိုတာ မှော်ဆရာလိုလို အကောင်တကောင်နဲ့ ပတ်သက်နေပါသေးတယ်။

သူ့ကောင်လေးကို zombieတွေ ဒုက္ခပေးသွားတာကြောင့်လဲ လိုက်နှိမ်းနှင်းနေတာ ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ပါတဲ့ zombieတွေကတော့ အဆန်းပါဘဲ။ Rockerတွေ punker တွေလဲ ပါ ပါတယ်။ လူတွေကိုလဲ zombie အဖြစ်နဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာပါ။ Julietအပြင် Cordeliaရယ် Rosalindဆိုတဲ့ ကောင်မလေး ဇာတ်ကောင်နှစ်ယောက်ပါ ပါ၀င်နေမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က သာမာန်လူတွေပါဘဲ zombie မဟုတ်ပါဘူး။ Juliet ကတော့ ဒီဂိမ်းရဲ့ အဓိက မင်းသမီးပေါ့။ စကတ်တိုတိုနဲ့ လွှစက်ကြီး ကိုင်ပြီး Zombieတွေကို လို်က်သတ်နေတာက လွဲရင် ချစ်စရာကောင်းတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ Zombie တွေကို သတ်ပြီးတိုင်း scoreတွေက တက်နေမှာပါ။ Scoreတွေများလာပြီး အခန်းတွေ တဖြည်းဖြည်း တက်တိုင်း လက်နက်တွေ အသုံးပြုရမှာဖြစ်ပြီး zombieအကြမ်းစားကြီးတွေနဲ့လဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကစားနေရင်း ရင်ခုန်စရာတွေလဲ ပါသလို ပျော်စရာတွေလဲပါတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Lollipop Chainsawဂိမ်းကို Action ဂိမ်းတွေ ကြိုက်တတ်တဲ့ gamerတွေအတွက်တော့ ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခု ဖြစ်တယ်လို့ game review အဖြစ် အကြံပေးပါရစေ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *