Gadgets, Review

Phottix ကိုဘာကြောင့် လူကြိုက်များလာတာလဲ

Phottix ဆိုတာ ဟောင်ကောင်အခြေစိုက်ဖြစ်ပြီး စိတ်ကူးကောင်းတဲ့ ဓာတ်ပုံဆရာအုပ်စုတစ်ခုကနေ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Phottix ဟာ ဓာတ်ပုံလုပ်ငန်းမှာ ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

Phottix Odin TTL Flash Trigger ရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ ၂၀၁၆ ခုနှစ်မှာ အကောင်းဆုံးပရော်ဖက်ရှင်နယ် Flash စနစ်အဖြစ် TIPA ဆု ရရှိခဲ့ပါတယ်။ Phottix Indra360 TTL စတူဒီယိုအလင်းပေးစနစ်ကလည်း အောင်မြင်ရရှိခဲ့ပါတယ်။

ကမ္ဘာအရပ်ရပ်က ဓာတ်ပုံပညာရှင်တွေရဲ့ တုံ့ပြန်မှုတွေကို နား‌ထောင်ပြီး နည်းပညာအသစ်တွေ ဆက်လက်တီထွင်လုပ်ကိုင်နေပါတယ်။ Phottix ရဲ့ လက်ရှိအထင်ကရဖြစ်တဲ့ Odin II ကို နိုင်ငံတကာမှ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေရဲ့အကြံပြုချက်တွေ အပေါ် အခြေခံပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံပစ္စည်းပေါင်း မူပိုင်ခွင့် ၄၀ ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ငါးနှစ်အတွင်း Phottix ဟာ ကမ္ဘာ့ဓာတ်ပုံလောကမှာ ထင်ရှားတဲ့ လုပ်ငန်းစုဖြစ်လာခဲ့ပါတယ်။ Light Alliance ရဲ့ မိတ်ဖက်တွေဖြစ်တဲ့ Elinchrom နဲ့ Sekonic တို့ကို ပူးပေါင်းပြီး နောက်လာမည့် အလင်းပေးစနစ်ဖြေရှင်းနည်းမျိုးစုံကို ဆက်လက်ထုတ်လုပ်နေပါတယ်။

Phottix က ထုတ်လုပ်တဲ့ Quick-Folding softbox အမျိုးမျိုး၊ Studio LED, Odin Lite Flash Trigger နဲ့ Transceiver Flash တို့ကို ICT.com.mm မှာ ရနေပါပြီ။

https://www.ict.com.mm/brand/phottix/

Leave a Reply

Your email address will not be published. Required fields are marked *