HDD

WD လို့အတိုကောက်ခေါ်ကြတဲ့ Western Digital အကြောင်း

WD လို့ အတိုကောက်ခေါ်ကြတဲ့ Western Digital ကော်ပိုရေးရှင်းဟာ အမေရိကန်ကွန်ပျူတာ Hard Disk Drive နဲ့ Data Storage ထုတ်လုပ်သူဖြစ်ပါတယ်။

Storage Devices အမျိုးမျိုး၊ Data စင်တာစနစ်အမျိုးမျိုးနဲ့ Cloud Storage ဝန်ဆောင်မှုအပါအဝင် Data နည်းပညာထုတ်ကုန်တွေကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ရောင်းချပါတယ်။

အီလက်ထရောနစ်စက်မှုလုပ်ငန်းနယ်ပယ်မှာ နှစ်ပေါင်းကြာမြင့်အောင် လုပ်ကိုင်နေခဲ့တဲ့ အကြီးစားကော်ပိုရေးရှင်းဖြစ်ပြီး SSDs နဲ့ Flash Memory Devices, Hard Disk Drive ထုတ်လုပ်မှုမှာ ကမ္ဘာ့ထိပ်တန်းဖြစ်ပါတယ်။ ပြိုင်ဘက်ထုတ်လုပ်သူတွေကတော့ Micron Technology နဲ့ Seagate တို့ဖြစ်ကြပါတယ်။

Western Digital ကို ၁၉၇၀ ပြည့်နှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ Motorola ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အယ်လ်ဗင်ဘီဖီးလစ်က စတင်တည်ထောင်ခဲ့ပါတယ်။

စစချင်းမှာ အိတ်ဆောင်ဂဏန်းတွက်စက်(calculator) လေးတွေအတွက် chip တွေနဲ့ တပိုင်းလျှပ်ကူး (semiconductor) တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်အရောက်မှာတော့ ကမ္ဘာပေါ်မှာ calculator chip ထုတ်လုပ်သူထဲမှာ အင်အားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ IBM ကွန်ပျူတာကုမ္ပဏီကြီးနဲ့သဘောတူစာချုပ်ချုပ်ဆိုပြီး Hard Disk Drive တွေ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှာတော့ Western Digital ဟာ 2 TB internal Hard Disk Drive ကို ပထမဆုံးတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီနှစ် ဇူလိုင်လ ၂၇ ရက်မှာ ပထမဆုံး 1 TB mobile Hard Disk Drive ကို ကြေညာနိုင်ခဲ့ပါတယ်။ အဲဒီနှစ်ကုန်ပိုင်း အောက်တိုဘာလမှာပဲ ပထမဆုံး 3 TB internal Hard Disk Drive က ဆက်လက်တင်ပို့ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။

သူတို့ရဲ့ WD အမှတ်တံဆိပ်မှာတော့ HDDs, SSDs နဲ့ external hard drives တွေထုတ်လုပ်ခဲ့ပြီးတော့ SanDisk အမှတ်တံဆိပ်နဲ့ mobile storage products, card readers, USB flash drives, SSDs, MP3 players တွေ ထုတ်လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ G-Technology အမှတ်တံဆိပ်ကိုတော့ Apple, Atomos နဲ့ Intel တို့နဲ့ မိတ်ဖက်အဖြစ် လက်တွဲထုတ်လုပ်ပေးပါတယ်။

WD အမှတ်တံဆိပ်နဲ့ Desktop External Storage, My Passport Wireless SSD, Portalbe Storage, Hard Drive, Game Drive SSD, NVme SSD, Mobile Hard Drive, NAS Hard Drive အစရှိတာတွေကို ICT.com.mm မှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဝယ်မယ်ဆိုရင် အောက်က link ကို နှိပ်လိုက်နော်။

https://www.ict.com.mm/brand/wd/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *