Education

PSB Academy မှ အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်သည့် ကျောင်းသူ၊ ကျောင်းသားများအတွက် Placement Test စစ်ဆေးပေးသွားမည်။

စင်ကာပူနိုင်ငံရှိ PSB Academy တွင်တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် အင်္ဂလိပ်စာ Placement Test ကို ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စစ်ဆေးပေးသွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အနေနှင့် STUDY ABROAD Information Centre သို့ ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

PSB တွင် တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားများ အင်္ဂလိပ် IELTS (သို့) TOEFL မရှိသေးပါက အဆိုပါ အင်္ဂလိပ် Placement Test ကို ဝင်ရောက်ဖြေဆိုပြီး တက်ရောက်နိုင်မည်ဖြစ်ပါသည်။ အင်္ဂလိပ် Level တစ်ခုလျှင် (၃) လကြာမြင့်မည် ဖြစ်ပြီး မြန်မာကျပ်​ငွေ သိန်း (၂၀) ဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ပါသည်။ ​​​ကျောင်းသူ၊ ကျောင်းသားတို့၏ အင်္ဂလိပ် အရည်အချင်းကို Level အလိုက် ဆုံးဖြတ်ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ကျောင်းဖွင့်ချိန်အမှီ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ Test Free အဖြစ် USD 25 ပေးသွင်းရမည်ဖြစ်ပြီး၊ ကျောင်းလျှောက်လိုသည့် ကျောင်းသား၊ ကျောင်းသူတို့အနေနှင့် Application Fees သွင်းပြီးလည်း ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ Test ကို ဖြေဆိုပြီးပါက စင်ကာပူနိုင်ငံတွင် တိုက်ရိုက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

အင်္ဂလိပ်ဝင်ခွင့်လိုအပ်ချက် ပြည့်စုံပြီးသွားပါကလည်း PSB Academy ၏ Partner universities များမှ သင်ကြားသော Business, Communication, Engineering, Information Technology, Tourism & Hospitality ဘာသာရပ်များကို ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပါသည်။

Test  ​ဖြေဆိုလိုသည့် ကျောင်းသူဦ ကျောင်းသားတို့ အနေနှင့် STUDY ABROAD Information Centre တွင် ကြိုတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး အသေးစိတ်စုံစမ်းသိရှိလိုသည်များရှိပါကလည်း STUDY ABROAD INFORMATION CENTRE တိုက်(အေ)၊ (၁၁)လွှာ၊ အခန်းအမှတ် (၁၁၀၃)၊ ဒိုင်းမွန်းကွန်ဒို၊ (မေတ္တာဦးဆေးခန်းအနီး)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ ၅၁၅၁၀၀၈၊ ၀၉ ၇၃၂၄၂၄၀၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းစာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *