Apps

ကျွန်တော်ကြုံတွေ့ခဲ့သော Network Loop အကြောင်း

ဖြစ်ခဲ့တာက Company တစ်ခုမှာ Network တွေဆင်ပေးခဲ့တုန်းကပါ။ 24 port switch ၅ လုံးလောက်ကို Server Rack ထဲ ထည့်ထားတယ်။ ထို Switch တွေကို သုံးပြီး Computer တွေ တစ်လုံးနဲ့တစ်လုံး  ချိတ်ထားကြတယ်။ Testing Run တဲ့နေ့မှာတော့ အားလုံး ရှောရှော ရှူရှူနဲ့ အဆင်ပြေခဲ့တယ်။ နောက် တပတ်လောက်လည်း ကျရော Company ရဲ့ IT Technician က Network Down နေလို့ ဖုန်းဆက်ခေါ်ရော။ ကျွန်တော်ရောက်သွားတာပေါ့။

စမ်းကြည့်တော့ Computer တွေ တစ်လုံးနဲ့ တစ်လုံး ဘယ်လိုမှ Ping လို့မရဘူး။ ဒါကြောင့် Switch တွေအားလုံးကို ပိတ်ပြီး ပြန်ဖွင့်တယ်။ ဖွင့်တဲ့ ခဏလေးမှာဘဲ Computer တစ်လုံးကနေ နောက် Computer တစ်လုံးကို Ping လို့ရတယ်။ နောက် ၁၀ စက္ကန့်လောက်ကြာတော့ လုံး၀ မရတော့ဘူး။  ဒါကြောင့် ပြန်ပိတ်ပြီး ပြန်စမ်းတယ်။ အဲ့ဒီလိုချည်းဘဲ ဖြစ်ဖြစ်နေတယ်။ အဲ့ဒီတုန်းက လုပ်တတ်တဲ့ Troubleshooting ကလည်း Restart ချတာ လောက်ဘဲသိတယ်။ ခုကတော့ တိုးတက်လာပြီပေါ့။ Shutdown ကို ချပစ်လိုက်တာ။ Restart မချတော့ဘူး။

Computer တစ်လုံးမှာ ARP Table ခေါ်ကြည့်တဲ့အခါမှာ MAC Address တစ်ခု IP တစ်ခု မဖြစ်နေဘဲ MAC Address က တစ်ခုတည်း ၊ IP Address က အများကြီး ဖြစ်နေတယ်။ ရွာသူနှောက်ယှက်ပြီပေါ့။ အဲ့ဒီ Company က Technician ကလည်း Switch ကြောင်လို့ ဖြစ်တာဆိုပြီး Switch ကို အတင်း လဲခိုင်းတယ်။ ဒါပေမယ့် Switch တစ်လုံးချင်းစီကိုဘဲ Power ပေးပြီး စမ်းတော့ အဲ့ဒီလို မဖြစ်ဘူး။ ARP Table လည်း မှန်မှန်ကန်ကန် ပြပေးတယ်။ Computer တစ်လုံးနဲ့ တစ်လုံးကလည်း Link ပြန်ရတယ်။ ဒါပေမယ့် Switch တစ်လုံးကိုတော့ Power ပေးလိုက်ရင်တော့ Computer တွေ Ping မရတော့ဘူး။ နောက်ဆုံး ဘာတွေ့လဲဆိုတော့ အဲ့ဒီ Switch က Wireless Router ရဲ့ LAN port နဲ့ချိတ်ထားတယ်။ Switch ကနေ  ကြိုးနှစ်ကြိုးကို Wireless Router ဆီ ပြေးထားတယ်။

အရင်ကတော့ တစ်ကြိုးဘဲ သုံးထားတယ်။ တကြိုးကို Backup အနေနဲ့ဘဲ ထားထားတာ။ တယောက်ယောက်က စေတနာ ပါပါ နဲ့ ထို Backup ကြိုးကိုပါ Wireless Router ရဲ့ LAN ပေါက်ထဲ ထိုးလိုက်တော့ Nework တစ်ခုလုံး Down သွားတာ။ အဲ့ Backup ကြိုးကို Wireless Router မှာ သွားဖြုတ်ပေးလိုက်တော့မှ Computer တွေ တစ်လုံးနဲ့ တစ်လုံး Ping လို့ရသွားပြီး Network တစ်ခုလုံးပြန်ရသွားတယ်။ အဲဒီ Switch တွေက Unmanagement Switch ​(ရိုးရိုး Switch) တွေဆိုတော့ Network တစ်ခုလုံး Down သွားရော။

network

အဲဒီမှာ အသိတစ်ခုရသွားတယ်။ ဘာလဲဆိုတော့ ကိုယ်မကြေနပ်တာတစ်ခုခုရှိရင် ဘာမှ Computer ​တွေကိုလိုက် Hack မနေနဲ့။ Network Switch ​အပေါက်ထဲကိုသာ Network ​ခေါင်းညှပ်ပြီးသားကြိုးတစ်ကြိုးကိုသာယူပြီး Network Switch ​အပေါက်ထဲကိုသာထိုးလိုက်။ Network တစ်ခုလုံးDown သွားလိမ့်မယ်။ တကယ်လည်း သွားလုပ်မနေနဲ့အုံး။ အလကားပြောတာ။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

2 thoughts on “ကျွန်တော်ကြုံတွေ့ခဲ့သော Network Loop အကြောင်း

  1. ကျွန်တော့်တုန်းက လည်း အဲလိုပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး .. ဒါပေမယ့် switches တွေ က light လေးတွေ blinking တအား ဖြစ်နေတယ်ဆိုတာ သတိထားလိုက်မိတော့ … ရိုးရိုး portable switch တွေ ကို ပြန်လိုက်စစ်တာ အဲလိုပဲ loop ဖြစ်နေတာ.. ဖြုတ်လည်း ဖြုတ်လိုက်ရော ကောင်းသွားရော ….

  2. tayzaraung says:

    အရမ်းကြိုက်ပါတယ်…သိကောင်းစရာလေးတွေများများတင်ပေးပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *