News

ဆီးဂိမ်းအတွက် တေးသီချင်းငါးပုဒ် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့

(၂၇)ကြိမ်မြောက် ဆီးဂိမ်းအတွက် သီချင်းရေးပြိုင်ပွဲတွင် တေးသီချင်းငါးပုဒ်အား ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။ တေးသီချင်းများကို ရွေးချယ်ရာတွင် ဆီးဂိမ်းကျင်းပရေး ကော်မတီက ဂီတအစည်းအရုံးမှ ပဏာမရွေးချယ်ထားသည့် တေးသီချင်း ၁၀ပုဒ်အား တစ်နိုင်ငံလုံးရှိ မြို့နယ်များသို့ ပေးပို့ကာ ယင်းအထဲမှ လူကြိုက်အများဆုံး တေးသီချင်းငါးပုဒ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သီချင်းငါးပုဒ်အား စက်တင်ဘာ ၂၁ရက်တွင် စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီး ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဂီတအစည်းအရုံး ဥက္ကဌဦးကိုလေးက “ဦးတို့ ဂီတအစည်းအရုံးကို ၃၁ပုဒ်ရောက်လာတယ်။ အဲဒီအထဲကမှ ၁၀ပုဒ်ရွေးပေးလိုက်တယ်။ ဆုရသွားတဲ့ ငါးပုဒ်ကတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးချယ်တာပါ”ဟု ပြောသည်။ ယင်းသီချင်း ငါးပုဒ်အား ပထမဆု ကျပ်သိန်း ၆၀နှင့် ကျန်သည့် ဆုလေးဆုအား တစ်ဆုလျှင် ကျပ်ဆယ်သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *