Automobile

Mercedes-Benz GL Series

Mercedes-Benz--GL--Series

Mercedes-Benz GL Series ကားတွေဟာ ခရီးသည် (၇)ယောက် စီးလို့ရပြီး အကြမ်းခံရုံတင်သာမက အဆင့်အတန်း မြင့်မားစွာနဲ့ သက်သာ ညက်ညောမှုရှိတဲ့ ဆိုက်ပြည့် SUV ကားတွေ ဖြစ်ပါတယ်။ မိသားစုလိုက် စီးနင်းဖို့ အထူးသင့်တော်ပြီး ကျယ်ဝန်းတဲ့ အတွင်းခန်းနဲ့ အတူ ထူးထူးကဲကဲ သက်သောင့် သက်သာ ဖြစ်မှုကို ခံစားရမှာပါ။ Trimတွေအနေနဲ့ GL 350 BlueTec 4MATIC, GL 450 4MATIC, GL 550 4MATICနဲ့ GL 63 AMG ဆိုပြီး လေးမျိုး ထုတ်လုပ်ထားပါတယ်။ Trim အပေါ်မူတည်ပြီး အင်ဂျင်ပါဝါအပြင် ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဆိုပြီးပါ ကွဲပြားသွားမှာမို့ ရွေးချယ်စရာ စုံလင်ပါတယ်။ ဒီဇယ်အင်ဂျင်ကို ကြိုက်နှစ်သက်သူတွေအတွက် GL 350ကို 3.0L V6 ဒီဇယ်အင်ဂျင်နဲ့ တည်ဆောက်ပေးထားပြီး မြင်းကောင်ရေ ၂၄၀အား ရှိပါတယ်။ GL 450နဲ့ GL 550တို့ကတော့ 4.7L V8 Twin-Turbo ဓာတ်ဆီအင်ဂျင်နဲ့ ဖြစ်ပြီး GL 450မှာ မြင်းကောင်ရေ ၃၆၂ကောင်အားနဲ့ GL 550မှာ မြင်းကောင်ရေ ၄၂၉ကောင်အား ရှိပါတယ်။ GL 63 AMGကတော့ အင်ဂျင်ပါဝါ အကောင်းဆုံး ဖြစ်ပြီး 5.5L V8 Twin-Turbo အင်ဂျင်နဲ့ တည်ဆောက် ထားပါတယ်။ မြင်းကောင်ရေ ၅၅၀အား ရှိလို့ တကယ့်ကို ကြမ်းကြမ်းရမ်းရမ်း မောင်းနှင်ဖို့ ခွန်အားအပြည့်ပါပဲ။ ကားအားလုံးဟာ 4-Wheel Driveတွေပဲ ဖြစ်ပြီး အော်တိုဂီယာ ခုနှစ်ချက်နဲ့ပါ။ ကားအားလုံးမှာ Cruise Control, Three Zone Climate Control, Front and Rear Parking Sensor, Low Fuel Warning Systemစတဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ Entertainment ပိုင်းအနေနဲ့ DVD Player, Satellite Radioတို့ ပါဝင်ပြီး စပီကာ ၁၃လုံး တပ်ဆင်ထားပါတယ်။ Mobile Deviceတွေကို USB Portနဲ့ ချိတ်ဆက်နိုင်ပြီး Bluetoothနဲ့လည်း ချိတ်ဆက်နိုင်သလို Memory Card Slotနဲ့ iPod Inputလည်း ပါဝင်ပါတယ်။

ကားရဲ့ ရှေ့ဘက်နဲ့ နောက်ဘက်ကိုသာမက ဘေးပတ်ပတ်လည်ကိုပါ ကြည့်ရှုနိုင်မယ့် ကင်မရာတွေ ပါဝင်လို့ Blind-Sport Areaတွေကို ကြောက်စရာ မလိုတော့ပါဘူး။ လုံခြုံစိတ်ချရမှုအတွက်လည်း တကယ့်ကို ကောင်းမွန်ပြီး ဘီးလေးဘီးစလုံးအပေါ်မှာ တစ်ပြိုင်နက်တည်း သက်ရောက်စေမယ့် 4-Wheel ABS ဘရိတ်စနစ်၊ မျက်နှာချင်းဆိုင်ကားမှ မိမိကို မြင်သာစေမယ့် Daytime Running Lightတို့အပြင် Traction Control, Stability Control စတဲ့ နည်းပညာတွေ အကုန် ပါဝင်သလို အသက်ကယ် လေအိတ်တွေလည်း ပါဝင်ပါတယ်။ Navigation System ပါဝင််ပြီး ကားတာယာတွေရဲ့ အပူချိန်ကို စောင့်ကြည့် သတိပေးမယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ ဆီစားနှုန်းတွေကတော့ ဆီတစ်ဂါလံကို GL 350မှာ မြို့တွင်း ၁၉မိုင်၊ ဟိုင်းဝေး ၂၆မိုင်နှုန်း၊ GL 450မှာ မြို့တွင်း ၁၄မိုင်၊ ဟိုင်းဝေး ၁၉မိုင်နှုန်း၊ GL 550မှာ မြို့တွင်း ၁၃မိုင်၊ ဟိုင်းဝေး ၁၈မိုင်နှုန်း၊ GL 63AMGမှာ မြို့တွင်း ၁၃မိုင်၊ ဟိုင်းဝေး ၁၇မိုင်နှုန်း မောင်းနှင်နိုင်ပြီး ဆီတိုင်ကီထဲမှာ ၂၆.၄ ဂါလံလောက် ထည့်ထားလို့ မိုင် ၃၅၀လောက်ကနေ မိုင် ၅၀၀ လောက်အထိ ဆက်တိုက် မောင်းနှင်ဖို့ အဆင်သင့်ပါပဲ။ ဒီကားကို ဝယ်ယူလိုတယ်ဆိုရင်တော့ Golden Dragon Trading၊ ဖုန်းနံပါတ် – 09-732-543-55သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *