News

Microsoftက Surface 2 Tabletအသစ်ကို စက်တင်ဘာ ၂၃ရက်နေ့တွင် ပွဲထုတ်မည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ် အနေနဲ့ ၎င်းတို့ရဲ့ Surface 2 Tabletအသစ်ကို နယူးယောက်မြို့၌ လာမယ့် စက်တင်ဘာ ၂၃ရက်နေ့မှာ မိတ်ဆက်ပွဲထုတ်မယ်လို့ သိရပါတယ်။ အဆိုပါ ပွဲအတွက် ဖိတ်စာတွေလည်း ပေးပို့ဖိတ်ကြား ထားပြီး သတင်းတွေ ထွက်နေတဲ့Surface 2နဲ့ Surface 2 Proတက်ဘလက် တွေကို ပွဲထုတ်သွားနိုင်ဖွယ် ရှိပါတယ်။ အဆိုပါTabletတွေဟာ အတွင်းမှာပါ၀င်တဲ့ Hardwareတွေ ဘေးမှာTwo-Stage KickStandတပ်ဆင် ထားပြီး အကောင်းစားတွေနဲ့ တပ်ဆင်ထားမယ့် ပထမဦးဆုံး Tabletလည်း ဖြစ်လာနိုင်ပါတယ်။

Surface Pro 2 Tabletဟာ Intelရဲ့ နောက်ဆုံးထွက် Haswell Processorကို အသုံးပြုထားပြီး RAMလည်း 8GBထည့်သွင်း တပ်ဆင်ထားပါတယ်။ Haswell Processorဟာ လုပ်ဆောင်ချက်တွေကို လျင်မြန်စေရုံသာမက Batteryသက်တမ်းကိုလည်း ပိုမိုကြာရှည်ခံစေမယ်လို့ သိရပါတယ်။ Surface 2 Tabletကတော့ လက်ရှိSurface RT Tabletကို ပြန်လည်ဆန်းသစ်လိုက်တဲ့ ပုံစံမျိုးဖြစ်ပြီး 1080pixelsရုပ်ထွက်နဲ့ Nvidiaရဲ့ Tegra 4 SoCကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Batteryသက်တမ်း ရှစ်နာရီခန့် အသုံးခံမှာ ဖြစ်ပြီးတော့ Tablet၂မျိုး စလုံးအတွက် Power Cover Keyboard Accessoryတွေ ထည့်သွင်းပေးထားမှာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Microsoftက Surface 2 Tabletအသစ်ကို စက်တင်ဘာ ၂၃ရက်နေ့တွင် ပွဲထုတ်မည်

Leave a Reply

Your email address will not be published. Required fields are marked *