Gaming, Review

FIFA 13

ဂိမ်းတွေထဲမှာ ဘယ်အချိန် ဆော့ဆော့ မရိုးတဲ့ ဂိမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်လေးထဲက ဆော့ခဲ့တဲ့ ဂိမ်းတွေထဲမှာ အခုချိန်ထိ ဆော့တိုင်း မရိုး၊ နာမည်ကြီးနေတဲ့ ဂိမ်းလေးက ဘောလုံးကန်တဲ့ ဂိမ်းပါဘဲ။ Family ဂိမ်းလို့ ခေါ်တဲ့ ဂိမ်းစက်တွေ စပေါ်လာကတည်းက နှစ်ကြိုက်စွာ ကစားခဲ့ရာက အခုခေတ် PS 2၊ PS 3၊ PC တွေပေါ်မှာပါ နေရာယူနေဆဲပါဘဲ။ ဘောလုံးကန်တဲ့ ဂိမ်းဆိုတာ ဘယ်အချိန် ဆော့ဆော့ မရိုးတဲ့ ဂိမ်းမျိူးပါ။ အားကစား ဂိမ်းတွေထဲကမှ ဘာလို့ ဘောလုံးကန်တဲ့ ဂိမ်းကိုမှ လူတွေ ကြိုက်ကြတာလဲဆို ဘောလုံးကန်တဲ့ ဂိမ်းတွေက တစ်ယောက်ထဲ sigle- player ဆော့လဲ ဆော့လို့ ကောင်းတဲ့အပြင် သူငယ်ချင်းတွေနဲ့သာ ဆော့လိုကတော့ ဂိုးသွင်းတဲ့အချိန်တွေဆို ဂိမ်းထဲက ဘောလုံးသမားတွေအတိုင်း အောင်ပွဲခံတော့မလိုလို ကိုယ်ဘဲ တကယ် ၀င်ကန် နေရသလိုလိုဖြစ်အောင်၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ ဂိမ်းမျိုးတွေပါ။ အခုနောက်ပိုင်း ဂိမ်းစက်တွေက PS 2 ဘဲဖြစ်ဖြစ် PC တို့ PS 3 တို့ဖြစ်ဖြစ်  memoryတွေ မှတ်ထားလို့ရတဲ့အတွက် ဘောလုံးကန်တဲ့ ဂိမ်းတွေရော တခြားဂိမ်းတွေရောပါ ဆော့နေရင်း save လုပ်ထားလို့ ရတဲ့အတွက် ကိုယ် save ထားတဲ့ နေရာကနေ ပြန်ဆော့လို့ရတာ တစ်ခု ကောင်းလာပါတယ်။

ဘောလုံးကန်တဲ့ ဂိမ်းတွေမှာ ဖလား လုတာတို့၊ manager လုပ်ရတာတို့ဆိုတာ အချိန်ပေးပြီ ဆော့ရတာတွေ ဖြစ်နေလို့ပါ။ ဘာဘဲပြောပြော ဂိမ်းဆိုင်တွေမှာ လူတိုင်း အခုချိန်ထိ ဆော့နေကြတာ ဘောလုံးကန်တဲ့ ဂိမ်းတွေပါဘဲ။ အဲ့လို ဂိမ်းတွေကို အမြဲတမ်း အသစ်တွေ ဖန်းတီးပေးနေတဲ့ Electronic Arts (EA)က FIFA Soccer 13 ဆိုပြီး ထုတ်ဖို့ ပြင်ဆင်နေပါပြီ။ FIFA 2013 စက်တင်ဘာလထဲမှာ EA က publisher၊ developerက EA Canadaတို့ ပေါင်းပြီး ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။ September 25, 2012 ရက်နေ့မှာ US dateနဲ့ ဖြန့်မယ်လို့ ပြောထားပါတယ်။ Wii, Android, iPad, PS3, Vita, iPhone, Xbox 360 နဲ့ PC စတဲ့ platform တွေပေါ်မှာပါ ဆော့လို့ရအောင် ထုတ်ထားမှှာပါ။ EA Soccer 13 ဆိုတော့ ဘောလုံးရာသီ တစ်ခု ပြီးရင် လူအပြောင်းအရွှေ့ လုပ်တဲ့ ဘောလုံးသမားတွေရယ် အသင်းအကျႌတွေကစ အားလုံး အသစ်ပုံစံ၊ အပြင်က ဘောလုံးအသင်းတွေအတိုင်း မြင်တွေ့ရမှာပါ။ EAကလဲ ဒီ soccer 13မှာ 12တုန်းကနဲ့ မတူတဲ့ graphic engineကို အသုံးပြုထားတယ်လို့ ကြော်ငြာထားပြီးပါပြီ။ ဘောလုံးကစားသမားတွေရဲ့ အနေအထား၊ kick speed၊ အပြေးနှုန်းစတဲ့ အပြင်က ကစားသမားအတိုင်း ဂိမ်းထဲမှာ တူညီအောင် 12ထက် ပိုကောင်းအောင် ဒီဂိမ်းထဲမှာ ပြင်ဆင်ပေးထားပါတယ်။

ဘောလုံး မကန်ခင် ကွင်းထဲကို ကစားသမားတွေ ၀င်လာတာတွေ၊ ပရိသတ်တွေ အားပေးနေတာတွေကအစ တကယ် သဘာ၀နဲ့ ပိုတူအောင် ပြင်ဆင် ပေးထားတာတွေက ဘောလုံးပွဲ တစ်ပွဲ ကြည့်နေရသလိုပါဘဲ။ ကျန်တာတွေကတော့ အရင်တုန်းက ပုံစံတွေအတိုင်းပါဘဲ။ ဖလား လုတာတွေ နိုင်ငံအသင်းတွေ ကန်ရတာတွေ ကလပ်အသင်းတွေ ကန်တာတွေက အရင်လိုပါဘဲ။ Soccer 13 မှာတော့ ဘောလုံးသမားတွေရဲ့ အပြင်က ပုံစံတွေအတိုင်းဖြစ်အောင် လုပ်ပေးထားတာတွေနဲ့ ရုပ်ထွက်တွေ ပိုကောင်းလာတာဘဲ ကွာပါတယ်။ ဘောလုံးကန်တဲ့ ဂိမ်းတွေက အဟောင်းချည်းဘဲ ဆော့နေရရင်လဲ မကောင်းပြန်ဘူး။ ဒီလူ ဒီအသင်းတွေချည်းဘဲဆိုတော့ တကယ့် ဘောလုံးပွဲတွေနဲ့ မတူတော့ ဆော့ရတာ မကောင်းပြန်ဘူး။ ဒါကြောင့်လဲ ဘောလုံးဂိမ်းတွေ ထုတ်တဲ့သူတွေကလဲ အသစ်တွေ ထုတ်ကြတာပါ။ ကဲ… အဲ့ဒီတော့ ဘောလုံးရာသီ အပြောင်းအလဲနဲ့ ကစားသမားအသစ်တွေနဲ့မှာ ဆော့ချင်တဲ့ FIFA crazyတွေအတွက် FIFA Soccer 13 ထွက်တော့မယ်လို့ အသိပေးရင် preview ပေးလိုက်ရပါတယ် ခင်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *