Featured, Health, News, Opinion

မိခင်တွေရင်သွေးကို ကိုယ်မရှိပဲ ကိုယ့်ရဲ့နို့တိုက်နိုင်တော့မှာလား

ကမ္ဘာပေါ်မှာ မိခင်တွေဟာ စမတ်ကျတဲ့ နို့တိုက်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် မိခင်နို့ရည်ကို စုပ်ထုပ်တဲ့ ပမ့်တွေကို ဘာလို့များ မထုတ်ကြတာလဲလို့ အံ့ဩစွာ မေးခွန်းထုတ်နေကြတယ်။ အမှန်တကယ်လည်း ဟုတ်ပါတယ်။ ဆော့ဝဲလ်အပလီကေးရှင်းတွေနဲ့ ဝန်ဆောင်မှုတွေက ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်းတွေ၊ စားသောက်တာတွေနဲ့ အိပ်စက်အနားယူမှုတွေကို တဖြည်းဖြည်းပြောင်းလဲ လာနေတဲ့အချိန်မှာ မိခင်တွေအတွက်လည်း ဒီလိုမျိုး နို့ကိုစုပ်ထုပ်ပေးတဲ့ ပမ့်မျိုးတွေကို တီထွင်မှုတွေ လုပ်သင့်တယ်၊ ရှိသင့်တယ်လို့ သူတို့တွေက ဝိုင်းပြီးတော့ အကြံပြုကြတာ ဖြစ်ပါတယ်။ နည်းပညာတွေ ထွန်းကာလာတာဟာ ဆယ်စုနှစ်တစ်ခုကိုပင် ကျော်လွန်လို့လာပါပြီ။ မိခင်တစ်ခုအနေနဲ့ နို့တိုက်တဲ့အခါမှာ လွယ်ကူစေဖို့အတွက် ဒီနို့စုပ်တဲ့ စက်ကိရိယာကို တီထွင်ဖို့ နိုင်ငံတကာက မိခင်တွေအပါအဝင်၊ ကျန်မာရေး စောက်ရှောက်တဲ့ အလုပ်သမားတွေ၊ ဆရာ ဆရာမတွေနဲ့ အင်ဂျင်နီယာတွေ စုထားတဲ့ အယောက်ပေါင်း ၁၅၀ လောက် ဝိုင်းပြီး MIT မှာ “Make The Breast Pump Not Suck” ခေါင်းစဉ်နဲ့ စက်တင်ဘာ ၂၀-၂၁ ရက်တွေက ဟက်ခ်ကသွန် တစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်။

“ နို့တိုက်ကျွေးခြင်းဟာ သဘာဝ ဖြစ်စဉ်တစ်ခုဆိုတာကို လူတိုင်းသိကြပါတယ်၊ ဒါပေမယ့် ဒါဟာ တကယ်ကို ချဲလန့်ဖြစ်စေမှု တစ်ခုဖြစ်ပါတယ် “ လို့ အဖွဲ့ခေါင်းဆောင် ကက်သရင်း ဒီအီနာဇီရိုက ကျင်းပခဲတဲ့ ဟက်ခ်ကသွန်ပွဲမှာ ပြောသွားခဲ့ပါတယ်။ ဒါဟာ ပညာတတ်မြောက်မှုနဲ့လည်း ဆိုင်သလို မိခင်တွေနဲ့ မိသားစုအတွင်း အတူတစ်ကွ ကြိုးပမ်းလုပ်ဆောင်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ နို့တိုက်ကျွေးခြင်းဟာ ကလေးတစ်ယောက်အတွက် အမှန်တကယ်လိုအပ်တဲ့ အစာဖြစ်ပြီး ကျန်မာရေးလည်းကောင်းမွန်စေပြီး ကလေး ဖွံ့ဖြိုးမှုအတွက်လည်း အဓိက အထောက်အကူပြုတဲ့ အာဟာရ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်မာရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ WHO ကလည်း ကလေးတစ်ယောက်ကို မိခင်အနေနဲ့ နို့တိုက်ကျွေးခြင်းကို အသက် ၂ နှစ်လောက်အထိ တိုက်ကျွေးသင့်ပါတယ်လို့ အကြုံပြုထားပါတယ်။ ဒါကြောင့် ဒီလိုမျိုး နို့တိုက်မိခင်နဲ့ ကလေးရဲ့ကြားမှာ သဘာဝအတိုင်း နို့တိုက်ကျွေးမှုကို နည်းပညာနဲ့ထုတ်ဝေမဲ့ ပမ့်တွေကို မှီခိုအားထားဖို့ဟာ အရမ်းကြီးကို ခက်ခဲလွန်းနေပြီး တကယ်လည်း ကြီးကြီးမားမားကို ကွားခြားနေတုန်းပါပဲ။ သင့်အနေနဲ့တောင် ဒီအကြောင်းကို ဖတ်ရတာ အဆင်မပြေ ဖြစ်နေပါလိမ့်မယ်။

သဘာဝအတိုင်း မိခင်တွေအကုန်လုံး နို့တိုက်ကျွေးမှုကို မလုပ်နိုင်ကြပါဘူး။ ဆိုတော့ အလှည့်အပြောင်းအနေနဲ့ နို့ကို ပမ့်နဲ့ ညှစ်ထုပ်ဖို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးအတွက် အာဟာရတွေကို စုဆောင်းဖို့ မိခင်တွေဟာ သူတို့ရဲ့ နို့အုံထိပ်မှာ စုပ်ယူတဲ့ ခွက်ကလေးတွေကို ခံပြီးတော့ ကလေးနို့စို့တဲ့ နို့ဘူးထဲကို ထည့်ပြီး ကလေးကို တိုက်ကြရပါတယ်။ ဒီဖြစ်စဉ်ဟာ နည်းနည်းတော့ ကိုးရိုးကားရား ဆန်ပါတယ်၊ ကလေးကို နို့တိုက်တဲ့အခါမှာ နည်းနည်းကျယ်ကျယ်လောင်လောင် အသံတွေ ဖြစ်စေနိုင်သလို ပုံမှန်အတိုင်း တိုက်ကျွေးဖို့ကတော့ အတော်လေးခက်ခဲ ပါတယ်။ နိုင်ငံတကာမှာ အခုဆိုရင် အမျိုးသမီးတွေအများစုက ကိုယ့်ကလေးကို မွေးပြီး နို့တစ်ချိန်လုံးတိုက်နေတာကို ရပ်ပြီး အလုပ်ကို ပြန်လုပ်ချင်နေကြတယ်။ မိခင်တွေကို သဘာဝအတိုင်း ကလေးမွေးပြီးရင် သဘာဝအတိုင်း ကလေးကိုနို့တိုက် စောက်ရှောက်ရင်း နားဖို့သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါဟာဘာကို ဦးတည်နေသလဲဆိုတော့ ကျန်းမာရေး ဆိုးရွားမှုတွေ ဖြစ်စေနိုင်ပြီး အဝလွန်ခြင်း၊ အလတ်ဂျစ်စ်တွေ ထခြင်းစတာတွေ ကလေးကို ဖြစ်စေနိုင်ပြီး၊ မိခင်မှာဆိုရင်လည်း အချိန်မတိုင်မီ အလုပ်ခွင်ပြန်ဝင်တဲ့အတွက် ကျန်းမာရေးအရ ကင်ဆာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေပိုမိုးများပြား နိုင်တဲ့အပြင် တစ်ခြားဝေဒနာသည်တွေထက်စာရင် ပိုပြီးထိခိုက်နိုင်ပါတယ်။ ဒီအပါတ်မှာလုပ်တဲ့ ဟက်ခ်ကသွန်ပွဲဟာလည်း ဒီနို့စုပ်ထုတ်တဲ့ ကိရိယာတွေရဲ့ လက်ရှိအခက်ခဲတွေနဲ့ ဖြန့်ဝေမှုတွေကို တိုင်ပိုင်ဆွေးနွေး ကြတာဖြစ်ပါတယ်။

ဒီထုတ်ထားတဲ့ ပမ့် စုပ်ထုတ်တဲ့ ကိရိယာကို အရမ်းစုပ်ယူတဲ့ ပစ္စည်းမဟုတ်အောင်လည်း လုပ်ထားပါတယ်။ ဒီ MIT မှာကျင်းပတဲ့ ဟက်ခ်ကသွန်ပွဲရဲ့ ဒုတိယပိုင်းကို လက်တွေ့ခန်းထဲမှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ ပထမဆုံးအဖွဲ့တစ်ဖွဲ့ကတော့ ဟက်ခ်ကသွန်ပွဲ အပြီးမှာ ဒီစုပ်ထုတ်တဲ့ ကိရိယာ သုံးစွဲမှုကို မကောင်းမြင်ကြပါတယ်။ စိတ်ဝင်စားမှုကလည်း တဖြည်းဖြည်းတော့ တိုးလာပါတယ်။ ပွဲကျင်းပတဲ့ လူတွေကောက်ယူတဲ့ စစ်တမ်းကတော့ အမျိုးသမီးတွေရဲ့အီးမေးလ် အစောင်ရေ ၅၀၀ လောက်ကတော့ ဒီနည်းပညာအကြောင်းကို ရှဲကြဖို့ စိတ်ဝင်စားကြပါတယ်တဲ့။ ပြီးတော့ ပွဲစီစဉ်သူတွေကလည်း ဒီပမ့်အကြောင်းနဲ့ ပါတ်သတ်ပြီး မေးမြန်းကြတာကို ကြိုဆိုပါတယ်လို့ သူတို့ကပြောပါတယ်။ အဲဒိထဲကမှ လက်ရှိ ပမ့်ကို အသုံးပြုသူတွေဆီက ပြန်ကြားတဲ့ ဝေဖန်မှုတွေကတော့…

  • ဆူညံမှု – ပမ့်စုပ်ထုတ်တဲ့အချိန်မှာ ထူးဆန်းတဲ့ အသံက စိတ်ကို ဆိုးရွားစွာ အနှောက်ယှက်ပေးပါတယ်။
  • အရွယ်အစား – ဒီ ပမ့်ကို သယ်ဆောင်ဖို့အတွက် ကြီးမားတဲ့ အိတ်တစ်လုံး လိုနေပါတယ်၊ ဆိုတော့ မိခင်တွေက ဆူ့ကေ့စ်သေတ္တာကို အမြဲတန်း ဆောင်ထားရမလို ဖြစ်နေတယ်။ ဘာလို့ ဒီ ပမ့်က အိုင်ဖုန်းအရွယ်စားလောက် ဖြစ်​အောင် မလုပ်ကြတာလဲ။
  • သက်တောက်သက်သာ – နို့ကို စုပ်ထုတ်ဖို့အတွက် မိခင်ဟာ ခါးမတ်ပြီး ထိုင်နေရမယ်၊ အရှေ့ကိုလည်း ကိုင်းထားရမယ်။ အမျိုးသမီး အများစုက အဖွဲ့အစည်းကို တကယ်လို့သာ လှဲလျောင်းပြီး နေရရင် ကောင်းမယ်တဲ့။

ဒါတွေကို ဟက်ခ်ကသွန်ပွဲမှာတက်တဲ့သူတွေက ပြောသွားတာ ဖြစ်ပါတယ်။ ဒီပွဲဟာ ပမ့်ရဲ့ အစ်ရှူးတွေကို ပြန်ဖို့အတွက် တစ်ခုတည်း မဟုတ်ပဲ မိခင်တွေအနေနဲ့လည်း ဒီနည်းပညာအကြောင်းကို အကြံပြု ဆွေးနွေးပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်နှီးနှောဖလှယ်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အမျိုးသမီးကြီးတစ်ဦး ပြောသွားတာကတော့ သူများတွေနဲ့မတူပဲ စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်၊ ဒီလို လူထုအတွင်းမှာ ဆွေးနွေးတဲ့ပွဲမှာ ဘာကြောင့်အသိပညာရှင်တွေ မလာကြတာလဲ။ အမှန်တစ်ကယ်ဆို ဒီ နို့တိုက်ခြင်းနဲ့ နို့ကို စုတ်ထုတ်ခြင်းဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ ကျန်းမာရေး အစ်ရှူးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မထင်တယ် မေးခွန်းကတော့ ဘာလို့များ ဒီနည်းပညာနဲ့ ပတ်သတ်ပြီး စထောင်တဲ့ ကုမ္ပဏီတွေ ဘာလို့များ လာမဆွေးနွေးကြတာလဲ တဲ့။ ပွဲစီစဉ်သူတွေကတော့ ဒီ အီးဗန့်လေးကနေပြီး ပမ့် နည်းပညာ တိုးတက်လာဖို့ ရည်ဆူးပြီး ကျန်းမာရေးရှုထောင့်ကလည်း မလှစ်ဟင်းရအောင် ဘယ်လိုစောက်ရှောက်ကြမလဲဆိုတဲ့ အတွေးခေါ်လေး ရဖို့ တင်ဆက်ခြင်း ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *