Gaming, Review

Dragon’s Dogma

May 22 ရက်နေ့က ထွက်ထားတဲ့ Dragon’s Dogma ဂိမ်းကို review အဖြစ် ပြန်ကြည့်ကြရအောင်ဗျာ။ ဂိမ်းတစ်ခုထွက်ပြီဆို သူ့ရဲ့ feedback ကတော့ auto ပါဘဲ။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့။ တကယ်တမ်း သေသေချာချာသိချင်ရင်တော့ သေသေချာချာဆော့ကြည့်ကြရမှာပေါ့။ Dragon’s Dogma ကို developer နဲ့ publisher ဖြစ်တဲ့ Capcom က ပုံဖော်ခဲ့တာပါ။ ဂိမ်းရဲ့အသွင်အပြင်က ရှေးခေတ်တော်တော်ဆန်ပါတယ်။ ရှေးခေတ်ကာလတစ်ခုမှာ ဆော့ကစားရတာဖြစ်တဲ့အတွက် လက်နက်တွေက ရှေးခေတ်သုံးလက်နက်တွေဖြစ်တဲ့ ဓား၊ ဒိုင်းတွေ၊ လေးမြှားတွေကို အသုံးပြု ဆော့ကစားရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့်လက်နက်တွေက ရိုးရှင်းပေမယ့် ရင်ဆိုင်ရမယ့်အန္တရာယ်တွေကတော့ တသီတတန်းကြီးပါ။

game mode က single player ဆိုပေမယ့် သင်တိုက်ပွဲ၀င်နေသမျှကာလပတ်လုံး သင့်အနားမှာ hero တွေ ရှိနေမှာပါ။ Online mode နဲ့ ဆော့မယ်ဆိုရင်တော့ သူငယ်ချင်းတွေ တပျော်တပါးကြီး ပွဲကြမ်းလို့ရတာပေါ့။ ဒီဂိမ်း က freedom ကျတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားဂိမ်းတွေလို ဒီနေရာကိုသွားပြီး ဒါလုပ် ဆိုတာမျိုးမဟုတ်ဘဲ မြေပုံတစ်ခုလုံးမှာရှိတဲ့ နေရာမှန်သမျှကို သွားလို့ရပြီး ဆော့မယ့် hero ကိုပါ ရွေးလို့ရတဲ့အပြင် မိမိ ရွေးထားတဲ့ ့hero ကိုပါ စိတ်ကြိုက် create လုပ်လို့ရတဲ့ open world ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ရှေးခေတ်က မှော်ပညာတွေထွန်းကားလာတဲ့အခါ တိုင်းပြည်တစ်ခု ဒါမှမဟုတ် တစ်ကမ်ဘာလုံးကို အုပ်စိုးချင်တဲ့ မှော်ပညာရှင်တွေရဲ့ လွဲမှားတဲ့ အယူဝါဒတွေကြောင့် စစ်ပွဲတော်တော်များများ ဖြစ်ခဲ့ကြပါတယ်။ အဲ့လိုစစ်ပွဲတွေ ဖြစ်ကြတဲ့အချိန်မှာ နိုင်ငံတစ်နိုင်လုံးမှာရှိကြတဲ့ hero တွေကလည်း ရန်သူတွေကို နှိမ်နှင်းကြရတာပေါ့။

အဲ့လို နတ်ဆိုးတွေကို တိုက်ခိုက်ရမယ့် Dragon’s Dogma ဂိမ်းဟာ Capcom ရဲ့စိတ်ကူးတစ်ခုပါ။ ဂိမ်းရဲ့ story က တိုပါတယ်။ စစ်မြေပြင်မှာ သတိမေ့မျောနေတဲ့ အရပ်သား ကောင်လေးတစ်ယောက်ကို မီးနဂါးတစ်ကောင်က ကောင်လေးရဲ့ နှလုံးသားကို ဖောက်ယူသွား ခဲ့ပါတယ်။ စပြီးကစားရမှာက စစ်ဖြစ်နေတဲ့အချိန်မှာဖြစ်ပါတယ်။ Hero တွေကို create လုပ်ပြီး ဆော့မယ်ဆိုရင်တော့ hero အားလုံး16 ယောက်    ရှိပါတယ်။ ကိုယ်ရွေးထားတဲ့ hero ရဲ့ ဆံပင်ပုံစံ၊ ကိုယ်အနေအထား၊ အရပ်အနိမ့်အမြင့်တွေကအစ ရွေးလို့ရပါတယ်။ တကယ်လို့ prologue quest ကို ရွေးပြီးဆော့မယ်ဆိုရင်တော့ Arisen ဆိုတဲ့ hero တစ်ယောက်အနေနဲ့ ကစားရမှာပါ။ Arisen နဲ့ အတူ salde ဆိုတဲ ့hero ပါလာမှာဖြစ်ပြီး သူကပဲ လမ်းပြသွားမှာပါ။ မှင်စာလို အကောင်သေးသေးလေးတွေကို တိုက်နေရင်း နောက်တစ်ခန်းအရောက်မှာ Morganna နဲ့ Quince ဆိုတဲ့ hero နှစ်ယောက် ထပ်ပါလာမှာပါ။ ရန်သူတွေကတော့ မီးနဂါးတွေ၊ ခြသေ့ၤ နဲ့ ဆိတ် လိုလို အကောင်နှစ်ခုပေါင်းထားတဲ့အကောင်တွေရယ်၊ ခေါင်းတွေအများကြီးပါတဲ့ မြေွတွေရယ်၊ တခြား monster တွေလည်း ပါ ပါသေးတယ်။ စဆော့ချင်းမှာတော့ hero တွေက အနည်းငယ်လေးနေပါ့လိမ့်မယ်။ နောက်ပိုင်းရန်သူတွေနဲ့ တိုက်ခိုက်ရတာများလာတဲ့အခါ သူ့အလိုလို attack speed တွေ မြန်လာမှာပါ။ ရင်ဆိုင်ရမယ့် ရန်သူတွေက hero တွေထက် အဆမတန်ကြီးကြတဲ့ အတွက် hero တွေ အားလုံးပေါင်းပြီး တိုက်ခိုက်ရတဲ့ အခန်းမျိုးလည်း ပါပါတယ်။

ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အချိန်တိုင်းမှာ ရန်သူတစ်ယောက်သေသွားတာနဲ့ သွေးက အလိုလိုပြန်ပြည့်လာတာဆိုတော့ တော်ရုံတန်ရုံနဲ့ မသေနိုင်ပါဘူး။ God of War လို ပုံစံမျိုးပေါ့။ Dragon’s Dogma ဂိမ်းဟာ သာမန် ဂိမ်းမျိုးမဟုတ်တဲ့ ဂိမ်းတစ်ခုပါ။ Action တွေလည်း ပါ၀င်သလို စွန့်စားခန်းတွေလည်း ပါ၀င်တဲ့ action RPGs ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ခေတ်လွန်ဂိမ်းတွေဆော့နေရတာ ကြာလာတဲ့အချိန်မှာ ဒီလို ရှေးခေတ်ဂိမ်းတွေထွက်လာတာလည်း တစ်မျိုး ကောင်းပါတယ်။ Dragon’s Dogma ဂိမ်းကို Xbox 360 ၊ PS3 ၊ PC တို့မှာပါ ကစားနိုင်မှာဖြစ်တဲ့အတွက် ဂိမ်း အသစ်အဆန်းတွေဆော့ချင်တဲ့ gamer တွေ ကတော့ အကြိုက်တွေ့ကြမှာ သေချာပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *