Gaming

DMC

2013မှာ ထွက်မဲ့ Action ဂိမ်အမျိုးအစား ဂိမ်းတစ်ခုပါ။ ဂျပန်ဂိမ်း Company တစ်ခု ဖြစ်တဲ့ Capcomရဲ့ထုတ်ကုန် တစ်ခုပါဘဲ။ စီးရီးအလိုက် ထုတ်နေကျ အနေအထားကနေ အခု DMC ကိုတော့ စီးရီး ဘယ်လောက်ဆိုပြီး ကြော်ငြာ ထားခြင်း မရှိပါဘူး။ DMC (Devil May Cry) ဆိုပြီးထွက်ရှိလာမှာ ဖြစ်ပါတယ်။ DMC ဆိုပြီး စထွက်ခဲ့တာ အခု စီးရီး 5ခုမြောက် ထွက်မဲ့အချိန်မှာ DMCပဲ ကြော်ငြာ ပေးထားပါတယ်။ ဘယ်အရာတွေကြောင့် DMC အမည်နဲ့ပဲ ထွက်လာမလဲဆိုတာတော့ မသိသေးပါဘူး။ Ninja Theory ဆိုတဲ့ Developer အဖွဲ့က ပုံဖေါ် ပေးထားကြတဲ့ DMC ကို Xbox 360, PS3, PCစတဲ့ ဂိမ်းအမျိုးအစား အစုံမှာ ဆော့လို့ရအောင် ဖန်တီးပေးထားပါတယ်။ 2008 ခုနှစ်တုန်းက The Best Game in The Seriesအဖြစ် Devil May Cry 3က ရရှိခဲ့ပါတယ်။ Ninja Theoryကလဲ အခု DMCကို အရင်စီးရီးတွေနဲ့ မတူအောင် ဖန်တီးထားပါတယ်။ ဇာတ်အိမ်က ပြီးခဲ့တဲ့ စီးရီးတွေတိုင်း ဆင်ပေမဲ့ ကွဲပြားအောင်တော့ လုပ်ထားပေးပါတယ်။ ဇာတ်လိုက်က ပါနေကြ ဇာတ်လိုက် တစ်ယောက်ကိုပဲ ပြန်သုံးပေးထားပါတယ်။

လူသားတို့ နေထိုင်တဲ့ ကမ်ဘာကို ရန်သူအမျိူးမျိူးက ရန်မူကြလေ့ရှိပါတယ်။ အဲ့ဒီ ရန်သူတွေထဲမှာ နတ်ဆိုး တွေလဲ ပါ၀င်နေပါတယ်။ နတ်ဆိုးတွေက သူတို့ထက် ပါဝါမြှင့်တဲ့ လူသားစွမ်းအားရှင်တွေကို တိုက်ခိုက်ကြပါတယ်။ အဲ့ဒီလို တိုက်ခိုက်နေကြတဲ့ လူသားစွမ်းအားရှင်တွေနဲ့ နတ်ဆိုးတွေရဲ့ တိုက်ပွဲတွေကြောင့် လူသားတွေ နေထိုင်တဲ့ ကမ်ဘာ ဒါမှမဟုတ် မြို့တွေ ပျက်ဆီးသွားပါတယ်။ DMC ဂိမ်းထဲမှာ ပါတဲ့ နတ်ဆိုးတွေကတော့ ဇာတ်လိုက် မင်းသားကို တိုက်ခိုက်ဖို့အတွက် သူနေတဲ့မြို့ကို ရောက်လာခဲ့ပါတယ်။ ဇာတ်လိုက်မင်းသားကို ရှာလို့ မတွေ့တော့ ဒေါသထွက်ပြီး မြို့ကို ရန်ရှာပါတော့တယ်။ ဇာတ်လိုက် မင်းသားနဲ့ တွေ့ပြီး ရန်ပွဲတွေက ဆက်လက် ပြင်းထန်လာတဲ့အချိန်မှာ ဇာတ်လိုက်မင်းသားကလဲ ပြန်နှိမ်နှင်းရင်း နတ်ဆိုးတွေကို အပြတ် ရှင်းရမဲ့ Hardcore Action ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အခု DMCထဲမှာ ပါတဲ့ ဇာတ်လိုက်မင်းသားရဲ့ လက်နက်တွေကို အသစ် ဖန်တီးပေးထားတွေ မြင်ရမှာပါ။ ပုစိန်၊ ဓါးရှည်၊ သေနတ်၊ လက်ကို ရိုးအရှည်နဲ့ ကောက်ရိတ် ဓါးတစ်လက်ကိုပါ ထည့်ပေးထားပါတယ်။

ပျက်ဆီးစပြုနေပြီးဖြစ်တဲ့ မြို့လေးထဲမှာ နတ်ဆိုးတွေကို တိုက်ခိုက်နေတဲ့ တန်းခိုးရှင် တစ်ယောက်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ရန်သူတွေက နတ်ဆိုးတွေ ဖြစ်နေတဲ့အတွက် အင်အားကြီးတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ဒါပေမဲ့လဲ ဇာတ်လိုက် တစ်ယောက်ဆိုတော့ မနိုင်ရင် နိုင်အောင် ဂိမ်းရဲ့ Developerတွေက စီစဉ်ပေးကြပါတယ်။ လက်နက်တွေက စုံတယ်၊ ရန်သူတွေကလဲ စုံတယ်၊ ဂိမ်း Platform အမျိူးမျိူးမှာလဲ ကစားလို့ ရနိုင်တယ်။ ဂိမ်းရဲ့ဇာတ်လမ်းကလဲ ကြမ်းတမ်းစွာနဲ့ အထိတ်တလန့် ကစားရတဲ့ Action ဂိမ်းမျိူး ဖြစ်တယ်။ အဲ့ဒီလို ဂိမ်းတွေကိုမှ ဆော့ချင်တဲ့ Action ဂိမ်းသမားတွေကတော့ DMC က ပြည့်စုံနေပါတယ်လို့ Preview ပေးလိုက်ပါတယ်ဗျာ။ ထွက်မဲ့နေ့က US Date နဲ့ဆို January 15, 2013 ရက်နေ့ ဖြစ်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *