How-to

Router တွေ၊ Repeater, Range Extender တွေမှာ တွေ့နေရတဲ့ 2.4GHz and 5GHz အကြောင်း

လူတိုင်းနီးပါး Router ဆိုတာကို အနည်းနဲ့အများတော့ မမြင်ဖူးရင်တောင် ကြားဖူးကြမယ်ထင်ပါတယ်။ Router တွေက Networking Device ဖြစ်ပြီး Computer Networks တွေအချင်းချင်း Data တွေကို ပြောင်းရွှေ့ရာမှာလည်းသုံးပါတယ်။ တော်တော်များများ သိတာက Router တွေက Internet ကို ထုတ်လွှတ်ပေးတဲ့အရာတွေလို့သိကြပါတယ်။ ထို router တွေထဲမှာ ကွန်ပျုတာတွေ၊ ဖုန်းတွေမှာပါတဲ့ IP Address တွေကို ထည့်ထားပြီး Internet ကို လိုအပ်သလို Block လုပ်တာတွေလဲလုပ်ဆောင်နိုင်ပါတယ်။ Router တွေမှာလည်း ထုတ်လွှတ်တဲ့နှုန်းကို GHz ဖြင့်တိုင်းတာပါတယ်။ လက်ရှိစျေးကွက်ထဲမှာတွေ့နေရတဲ့ Router, Repeater, Range Extender တွေမှာပါတဲ့ 2.4GHz, 5GHz တွေကဘာတွေကွာခြားလဲ ဝယ်ယူမယ်ဆိုရင် ဘယ်ဟာကိုရွေးချယ်သင့်လဲဆိုတာကိုပြောပြပေးသွားပါမယ်။

Router, Repeater, Range Extender တွေရဲ့ GHz တွေက Range နှင့် Bandwidth တွေအပေါ်အများကြီးမူတည်ပါတယ်။

Range ဆိုတာကတော့ Router, Repeater, Range Extender ကနေ Data ကို ဘယ်လောက်အကွာအဝေးအထိသွားနိုင်တယ် ဆိုတာကိုသတ်မှတ်ပါတယ်။ Wireless Signal တစ်ခုက ထုတ်တဲ့ Frequency မြင့်လာတဲ့အခါမှာ သူတို့ရဲ့သွားနိုင်တဲ့ Range ကတိုပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် Frequency မြင့်လာတဲ့အခါ Signals တွေက penetrate solid objects တွေဖြစ်တဲ့ Walls တွေ၊ Floors တွေကို ခံနေရင် မဖောက်နိုင်ပါဘူး။ 2.4GHz ကထုတ်လွှတ်တဲ့ Signal range ဟာ 5GHz ကထုတ်တဲ့ Singla Range ထက်ပိုကျယ်ပြန့်စွာသွားနိုင်ပါတယ်။

Bandwidth မှာတော့ Bandwidth ပိုမြင့်လေ Files တွေကို download နှင့် upload လုပ်နိုင်စွမ်းပိုမြင့်လေဖြစ်ပါတယ်။ တိတိကျကျဆိုရင်တော့ 5GHz Bandwidth က 2.4GHz Bandwidth ထက် Data မြန်နှုန်းပိုများပါတယ်။

အကျဉ်းချုပ်အနေနဲ့ 2.4GHz Signal တွေက အကွာအဝေး (range) မှာကျယ်ပြန့်ပေမယ့် Data မြန်နှုန်း (Bandwidth) မှာတော့ နှေးကွေးပါတယ်။ 5GHz တွေက အကွာအဝေး (range) ကျဉ်းပေမယ့် Data မြန်နှုန်း (Bandwidth) က မြန်ဆန်ပါတယ်။

အခုလောက်ဆိုရင် သင့်အနေနဲ့ Router, Repeater, Range Extender တွေကိုဝယ်ယူမယ်ဆိုရင် 2.4GHz နဲ့ 5GHz ကြားထဲဘယ်ဟာဝယ်ယူရမလဲခေါင်းစားနေတာကို ဖြေရှင်းပေးနိုင်မယ့်လို့မျှော်လင့်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *