Denmark နိုင်ငံရဲ့ အထက်တန်းကျောင်းသားကျောင်းသူ များရဲ့ သုတေသန တစ်ခုဟာ သိပ္ပံလောက တစ်ခုလုံးရဲ့ စိတ်၀င်စားမှုကို ရရှိခဲ့ကြပါတယ် ။ အဲ့ဒါကတော့ သင့်အိမ်မှာ အလှစိုက်ထားတဲ့ သစ်ပင်တွေဟာ Wireless Router တွေကြောင့် သေဆုံးနေရတယ်ဆိုတဲ့ တွေ့ရှိချက်ပဲဖြစ်ပါတယ် ။ Denmark နိုင်ငံရဲ့ North Jutland မှာရှိတဲ့ Hjallerup လို့ အမည်ရတဲ့ ကျောင်းက ကိုးတန်း ကျောင်းသူ ငါးယောက်ဟာ ဒီ အကြောင်းအရာကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ကျောင်းသူလေး ငါးယောက်ဟာ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကို သူတို့ရဲ့ အိပ်ယာဘေးမှာ ထားပြီး အိပ်စက်ပြီးနောက် သူတို့ရဲ့ အာရုံစူးစိုက်မှုမှာ ပြဿနာရှိနေတယ်လို့ သတိပြုမှုတဲ့အတွက် သူတို့ဟာ ဒီ သုတေသနကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့ရဲ့ကျောင်းမှာ လူသားတွေရဲ့ Brain Waves ကို စမ်းသပ်ဖို့ ပစ္စည်းကိရိယာတွေ မရှိတာကြောင့် သူတို့ဟာ ပိုပြီး အခြေခံကြတဲ့ စမ်းသပ်မှုမျိုးကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ် ။
ဒါကြောင့် သူတို့ဟာ Cress Seeds တွေကို လင်ပန်းခြောက်ခုနဲ့ အပြည့်ထည့်ပြီး Mobile Phones တွေနဲ့ Microwave Radiation ထုတ်လွှင့်မှုနှုန်းဆင်တူတဲ့Wireless Router တွေနားမှာ ထားရှိခဲ့ကြပါတယ် ။ နောက်ထပ် Cress Seeds တွေထည့်ထားတဲ့ လင်ပန်းခြောက်ခုကိုတော့ Routers တွေမရှိတဲ့ အခန်းထဲမှာထားရှိခဲ့ကြပါတယ် ။ ကျောင်းသူလေးတွေဟာ အခန်းနှစ်ခုလုံးရဲ့ အပူချိန် ၊ နေရောင်ခြည်ရရှိမှု နဲ့ ရေရရှိမှု စသည်တို့ကို ဂရုတစိုက် ထိန်းချုပ်ခဲ့ကြပါတယ် ။ ၁၂ ရက်ကြာပြီးတဲ့ နောက်မှာတော့ Routers တွေမရှိတဲ့ အခန်းထဲက အစိမ်းရောင် Cress Seeds တွေဟာ ပိုပြီးတော့ စိမ်းလန်းထူထပ်စွာ ပွင့်လာပြီး Routers တွေရှိတဲ့ အခန်းထဲက အစိမ်းရောင် Cress Seeds တွေကတော့ ရှုံတွပိန်လိန်ပြီးတော့ ညိုညစ်ညစ် အရောင်တွေ အဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။ သင်ကိုယ်တိုင် အောက်ကဓာတ်ပုံမှာကြည့့်ရှု့နိုင်ပါတယ် ။
ကျောင်သူလေးတွေဟာ ဒီစမ်းသပ်မှုကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တယ်လို့ ကျောင်းသူတွေရဲ့ ဆရာမဖြစ်သူက ပြောကြားသွားခဲ့ပါတယ် ။ ဒီလို အစိမ်းရောင် Cress Seeds တွေပုပ်သိုးပျက်စီးမှုဟာ သုတေသနာမှာ အသုံးပြုခဲ့တဲ့ Computers တွေက ထွက်ရှိတဲ့ အပူတွေကြောင့်ရော မဖြစ်နိုင်ဘူးလား ဆိုပြီး ဝေဖန်မေးခွန်းထုတ်တဲ့ သူတွေကလည်း ရှိလာပါတယ် ။ ဒီလိုဝေဖန်မှုတွေကို ကျောင်းသူလေးတွေရဲ့ ဆရာမက ပြန်လည် ငြင်းဆိုသွားခဲ့ပါတယ် ။ ကျောင်းသူလေးတွေဟာ အခန်းနှစ်ခန်းလုံးရဲ့ အခြေအနေတွေကို သေသေချာချာ ထိန်သိမ်းခဲ့ကြပြီးတော့ အခန်းနှစ်ခုလုံးမှာရှိတဲ့ Cress Seeds တွေရဲ့ စိုထိုင်းမှုကိုလည်း ဒီ သုတေသန တစ်လျှောက်လုံး လုံလောက်စွာ ထိန်းသိမ်းခဲ့ကြတယ်လို့ ဆရာမဖြစ်သူကပြောကြားသွားခဲ့ပါတယ် ။ ဒါ့အပြင် ကျောင်းသူလေးတွေဟာ အခန်းနှစ်ခုလုံးရဲ့ အပူချိန်ကိုလည်း အပူချိန်တိုင်းကိရိယာတွေကို အသုံးပြုပြီး ထိန်းသိမ်းခဲ့တယ်လို့လည်း ပြောကြားသွားပါတယ် ။
Computers တွေက ထွက်ရှိတဲ အပူတွေကလည်း Cress Seeds တွေကို သက်ရောက်မှုမရှိနိုင်အောင် Computers တွေကို Cress Seeds တွေနဲ့ အကွာအဝေး တော်တော်ဝေးဝေးမှာ ထားရှိခဲ့တာဖြစ်ပြီး Cress Seeds တွေပေါ်ကို Computers ကထွက်တဲ့ အပူတွေသက်ရောက်မှုမရှိကြောင်းကိုလည်း အပူချိန်တိုင်းတာမှုတွေနဲ့ စမ်းသပ်ခဲ့ကြောင်း ဆရာမ က ထပ်လောင်းပြောကြားသွားခဲ့ပါတယ် ။ သုသေတနကနေ တွေ့ရှိခဲ့တဲ့ ရလဒ်တွေက အံသြစရာကောင်းခဲ့ပြီး နောက်ထပ် စမ်းသပ်မှုတွေရဲ့ လမ်းစ ဖြစ်တယ်လို့လည်း ကျောင်းသူလေးတွေရဲ့ ဆရာမ Kim Horsevad ကပြောကြားသွားခဲ့ပါတယ် ။ Sweden နိုင်ငံ Karolinska Institute က Professor Olle Johanssen နဲ့ London နိုင်ငံ Imperial College က Dr.Andrew Goldsworthy တို့က အထူးစိတ်ပါ၀င်စားမှုရှိခဲ့ပြီး ဒီစမ်းသပ်မှုကို Professional Lab တွေမှာ ထပ်မံပြုလုပ်သွားမယ်လို့ သိရှိရပါတယ် ။ သုတေသန မှာ ပါ၀င်ခဲ့တဲ့ ကျောင်းသူလေးတွေကိုတော့ Danish National Science Fair မှာ သူတို့ရဲ့ ကြိုးစားမှုတွေအတွက် ဆုချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ် ။