Education, Lifestyle, News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်


မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲများကို ၂ဝ၁၄ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းတို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြု ခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်။

အဆိုပါစာမေးပွဲများသည် Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲ အောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

* စာမေးပွဲ အမျိုးအစား – Network Associate Examination (NA),

* စာမေးပွဲ ကျင်းပမည့်နေ့ – ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၂၂) ရက် (တနင်္ဂနွေနေ့)

* စာမေးပွဲ ပြုလုပ်မည့်အချိန် – နံနက် (၉းဝ၀) နာရီမှ နေ့လယ် (၁၂းဝ၀) နာရီအထိ

* နောက်ဆုံး စာရင်းပေးရမည့်နေ့ – ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၁၈) ရက် (ဗုဒ္ဓဟူးနေ့)

* စာမေးပွဲကြေး – ၅ဝဝဝ ကျပ် (Network Associate Examination)

(MCPA အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။)

* ကျင်းပမည့်နေရာ – Room 205, MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆/ ဝ၉-၇၃၀၈၈၃၀ဝသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *