Gaming

DeadLight

DeadLight

ဂိမ်းတွေက တစ်ခုနဲ့ တစ်ခု ဇာတ်လမ်းသဘောလေးတွေ တူညီနေတဲ့ ဂိမ်းတွေ ရှိတတ်ပါတယ်။ ကားမောင်းပြိုင်တဲ့ ဂိမ်းတွေဆိုလဲ တူညီနေတဲ့ ဂိမ်းတွေ အများကြီး ထွက်ထားပါတယ်။ Need For Speedလို ဂိမ်းတွေ အများကြီး ရှိသလို Resident Evilလို ဂိမ်းတွေလဲ အများအပြား ထွက်လာကြပါတယ်။ အဲ့လို ဂိမ်းတွေက ဇာတ်လမ်းသဘောလောက်ဘဲ တူညီမှု ရှိတာပါ။ ကစားရတဲ့ ပုံစံတွေ ကွာခြားမှုတွေ ရှိနေပါတယ်။ ကစားတဲ့သူတွေ လက်ခံမှုပေါ်မှာ မူတည်ပြီး နာမည် ကျန်ရှိသွားတဲ့ ဂိမ်းကောင်းတွေကတော့ လက်ချိူးရည်လို့ ရပါတယ်။ အခု DeadLightလို ဂိမ်းတွေကလဲ အများအပြား ထွက်ထားပြီးပါပြီ။ DeadLightက ဘယ်လို ဂိမ်း ပုံစံမျိူးလဲဆိုရင် ဇွန်ဘီတွေနဲ့ ဖိုက်ရတဲ့ ဂိမ်းပေါ့။ ဒါဆို Resident Evil တို့ The Walking Dead တို့လို ပုံစံမျိူးပေါ့။ ဟုတ်ပါတယ်၊ ဇာတ်လမ်းကတော့ အတူတူပါဘဲ ကျန်တာတွေကတော့ ကစားရတဲ့ ခံစားမှုတွေ ကွာပါတယ်။ DeadLightက 2D ရုပ်တွေဆိုတော့ The Walking Deadလို comic ပုံစံမျိုး မြင်တွေ့ရမှာပါ။

ဂိမ်းက 2D ပုံစံ ဖြစ်နေတော့ ကစားရတာ အရမ်းကြီး ကောင်းတယ်လဲ မဟုတ် ဆိုးတယ်လဲ မဟုတ်တဲ့ ရုပ်ထွက်တွေနဲ့ ကစားရမှာပါ။ 1986 ခုနှစ်မှာ မြို့ တစ်မြို့လုံး ကပ်ဆိုးကြားထဲ ကျရောက် သွားခဲ့ပါတယ်။ အဲ့ဒီ ကပ်ဆိုးက Seattle, WA မြို့မှာ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ ရောဂါပိုး တစ်ခုကြောင့် တစ်မြို့လုံး ဇွန်ဘီ ဖြစ်သွားခဲ့တယ်ဆိုပြီး ဂိမ်းကို စဖွင့်ထားပါတယ်။ Seattle မြို့မှာ ဇွန်ဘီတွေ အရမ်း သောင်းကျန်နေတဲ့အတွက် ကျန်ရှိနေတဲ့ လူဦးရေ အနည်းငယ်က ကြောက်ရွံ့ ထိတ်လန့်နေကြပါတယ်။ အဲ့ဒီ လူတွေထဲမှာလဲ Randy ဒီဂိမ်းရဲ့ ဇာတ်လိုက်မင်းသားတို့ အဖွဲ့လည်း ပါ၀င်နေပါတယ်။ သူတို့အဖွဲ့ထဲက Karlaဆိုတဲ့ မိန်းကလေး တစ်ယောက် ဇွန်ဘီတွေ အကိုက်ခံထားရတဲ့အတွက် ဇွန်ဘီတစ်ပိုင်း ဖြစ်နေတဲ့အတွက် Randyက သတ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ Karla အစ်မက Randyကို ဘာကြောင့် သတ်ရတာလဲဆိုပြီး အခြေအနေတွေ တင်းမာနေတုန်း ဇွန်ဘီတွေ သူ့တို့ဆီကို အစုလိုက် အပြုံလိုက် ရောက်လာပါတယ်။ Randyလဲ ပြန် မဖြေရှင်းတော့ဘဲ သူတို့ကို ဇွန်ဘီတွေနဲ့ ေ၀းတဲ့နေရာကို ပို့ဆောင်ပေးပြီး ဇွန်ဘီတွေကို ဆက်လက် နှိမ်နှင်းနေတဲ့ နေရာကနေ စတင် ကစားရပါတော့မယ်။

DeadLightက တစ်ခြားဂိမ်းတွေလို Graphic အရမ်းမကောင်းပေမဲ့ သူဟာနဲ့သူတော့ ကစားလို့ ကောင်းပါတယ်။ တစ်ချိူ့ နေရာတွေမှာတော့ ကစားရတာ အမြင် ရှင်းချင်မှ ရှင်းပါလိမ့်မယ်။ ကျန်တာတွေကတော့ ဇွန်ဘီတွေကို နှိမ်နှင်းရမယ်၊ ဘယ်လို လွတ်မြောက်အောင် လုပ်ရမယ် ဆိုတာတွေပါဘဲ။ DeadLight က Xbox 360 မှာဘဲ ကစားလို့ ရဦးမှာပါ။ Microsoft Game Studios က ထုတ်လုပ်ပြီး Tequila Works က ဖန်တီးထားကြတာပါ။ DeadLight ကို August 1, 2012 ရက်နေ့မှာ US ကို စတင် ဖြန့်ချိခဲ့တာပါ။ DeadLightကို Xbox 360 မှာ ကစားပြီး ဘယ်လိုများ ဇွန်ဘီတွေ လက်ထဲက လွတ်မြောက်အောင် ကြိုးစားရမလဲဆိုတာ ကြိုတင်ပြင်ဆင်နိုင်အောင် Review ပေးလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *