Mobile

James Bond ဒီဇိုင်းနဲ့ Sony Xperia T Bond Phone

Sonyရဲ့ နောက်ဆုံးထုတ် Smartphone တွေထဲက တစ်ခု အပါအ၀င် ဖြစ်တဲ့ HD Quality အရည်အသွေးရှိ Sony Xperia Tလေးကို ဖော်ပြပေးချင်ပါတယ်။ HD Quality နဲ့ Cinema အရည်အသွေး ရုပ်ရှင်၊ ဗွီဒီယိုတွေကို ကြည့်ရှုနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့အတွက် Bond Phoneလို့ Sonyက တင်စားထားတာကို တွေ့ရပါတယ်။

James Bond ဒီဇိုင်း
နောက်ဆုံး Android OS Versionကို အားဖြည့်ပေးထားပြီး အနက်ရောင်ကာလာနဲ့ ကမ္ဘာကျော်အက်ရှင်မင်းသားကြီး James Bond ပုံစံအတိုင်း ပါးလွှာကျစ်လစ်တဲ့ ဒီဇိုင်းပုံစံ ဖန်တီးထားကြောင်း သိရပါတယ်။ Screen အရွယ်အစားက ၄.၆ လက်မရှိပြီး Touch ဖုန်းအမျိုးအစားပါ။

Capture စွမ်းရည်
ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ထက် သာလွန်တဲ့ အဓိက အချက်ကတော့ HD Quality ရရှိခြင်းပဲ ဖြစ်ပါတယ်။ သင့်ဘ၀ရဲ့ ရင်ခုန်စရာ အဖြစ်အပျက်တွေကို အလှပဆုံး မှတ်တမ်းတင်နိုင်မှာဖြစ်ပြီး Screen ကြီးကြီးပေါ်မှာ Full HDဖြင့် ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 13 MP HD Camera နဲ့ အလှပဆုံး ရှုခင်းတွေကို သဘာ၀အတိုင်း ပုံဖော် ရိုက်ကူးနိုင်ပြီး Full 1080p HD Videoတွေကိုလည်း မှတ်တမ်းတင် ရိုက်ကူးနိုင်ပါသေးတယ်။ Featureတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့အတွက် Mobile BRAVIA Engineကို အသုံးပြုထားပါတယ်။

ဓာတ်ပုံတွေကို စိတ်ကြိုက်စီစဉ်နိုင်
သင့်ရဲ့ Photo Albumကို စိတ်ကြိုက် စီစဉ်နိုင်ဖို့အတွက် “Album” app ထည့်သွင်းပေးထားပြီး Photoတွေ၊ Videoတွေကို Share လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို Zoom ဆွဲယူကြည့်ရှုတဲ့နေရာမှာလည်း မြန်ဆန်ပါတယ်။

HDTVနဲ့ ချိတ်ဆက်နိုင်
Sonyရဲ့ နည်းပညာသစ် WiFi Miracastကို အခြေခံထားတဲ့ Screen Mirroringကို Xperia T နဲ့ TX မှာ အသုံးပြုထားတယ်လို့ သိရပါတယ်။ Screen Mirroring ဆိုတာကတော့ ဖုန်းအင်တာနက်ကနေတစ်ဆင့် Download ဆွဲထားတဲ့ Movieတွေ Videoတွေကို အိမ်မှာ ရှိတဲ့ HDTV နဲ့ ချိတ်ဆက် ကြည့်ရှုနိုင်မယ့် နည်းပညာ တစ်ခုပါ။ ဖုန်းနဲ့ TVကို မည်သည့် Cable တွေနဲ့မှ ချိတ်ဆက်စရာ မလိုဘဲ HDMI Cable နေရာမှာ MHL Adapterကို တပ်ဆင် လိုက်ရုံဖြင့် Screen Mirroringက ဖုန်းနဲ့ TVကို ချိတ်ဆက်ပေးနိုင်တယ်လို့ သိရပါတယ်။

သန်းပေါင်း များစွာသော သီချင်းတွေ နားဆင်နိုင်
ဖုန်းရဲ့ အင်တာနက်လိုင်း (သို့မဟုတ်) 3G Connectionကတစ်ဆင့် “WALKMAN” App နဲ့ Music Unlimited Android Mobile Appကနေ သန်းပေါင်း များစွာသော သီချင်းတွေကို ရယူ နားဆင်နိုင်ပါတယ်။ နားဆင်ချင်တဲ့ သီချင်း Album အမျိုးအစားကို ရွေးချယ်ပြီး Subscribe လုပ်ပေးရုံဖြင့် Channel လိုင်းကနေ အဆုံးမရှိ သီချင်းတွေကို တိုက်ရိုက် နားဆင်နိုင်ပါတယ်။

Processorရဲ့ အမြင့်ဆုံး Performance
အင်တာနက် ချိတ်ဆက် သုံးစွဲတဲ့နေရာမှာရော Touchscreenကို သုံးစွဲတဲ့နေရာမှာပါ မြန်ဆန် သွက်လက်ဖို့အတွက် 1.5 GHz Dual Core Processorကို ထည့်သွင်းပေး ထားတယ်လို့ သိရပါတယ်။ အဆိုပါ Processorက ဘတ်ထရီစွမ်းအား သုံးစွဲမှု မမြင့်မားဘဲ Performance မြင့်ဖို့အတွက်နဲ့ Graphic အရည်အသွေး တိုးတက်ဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး Google Map နဲ့ Videoများ ကြည့်ရှုခြင်း၊ Appများ Download ဆွဲရာမှာ အမြန်ဆုံး ဖြစ်စေတယ်လို့ သိရပါတယ်။

ဈေးနှုန်း
Sony Xperia Tရဲ့ ဈေးနှုန်းကို Sonyက တရား၀င် ထုတ်ပြန်ထားခြင်း မရှိပေမယ့် USD 549 ရှိမယ်လို့ မှန်းဆ ပြောဆိုနေကြကြောင်း သိရပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *