Gaming, Review

Cities XL 2012

ဂိမ်းတွေ အများအပြား ရှိသလို ဂိမ်းအမျိုးအစားတွေ အများကြီး ရှိပါတယ်။ အဲ့လို ဂိမ်းအမျိုးအစားတွေထဲကမှ တစ်ချို့လဲ action ဂိမ်းတွေကို ကြိုက်သလို တစ်ချို့လဲ adventure ဂိမ်းတွေမှ ဆော့ချင်ကြတဲ့ သူတွေလဲ ရှိတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းတော့ ဘယ်တူပါ့မလဲ။ ကျွန်တော် ပြောမဲ့ ဂိမ်းကို ဆော့ကြည့်လိုက်ပါ။ ဂိမ်းဆော့တဲ့လူ အများစု ကြိုက်ကြမယ်လို့ ထင်ပါတယ်။ စိတ်ကူးယဉ်ချင်တဲ့ ဂိမ်းသမားတွေဆိုရင်တော့ ကွက်စတိပါဘဲ။ ကျွန်တော်လဲ ဒီဂိမ်းလေးကို အရမ်းကြိုက်ပါတယ်။ ဆော့နေရင်း ကိုယ်ပိုင်မြို့လေးတစ်ခု ပိုင်သွားသလိုတောင် ခံစားရတယ်ဗျ။ ထွက်ထားတော့ ကြာပါပြီ 2011 တုန်းက ထွက်ထားတာ။ ဒါပေမဲ့ ကစားရတာ ကောင်းလိုိ့ review ပြန်ပြောတာပါ။ ဂိမ်းရဲ့ နာမည်က Cities XL 2012 ပါ။ Publisher Focus Home Interactiveနဲ့ Developer Monte Cristoတို့ ဖန်တီးထားကြတာပါ။ ဂိမ်းအမျိုးအစားက Simulation ဂိမ်းအမျိုးအစားပါ။ Simulation ဆိုတဲ့အတိုင်း တကယ် အစစ်အမှန်လို ပြုလုပ်ထားတဲ့ အတုအယောင် တစ်ခုပေါ့။ တကယ့်မြို့ တစ်ခုကို တည်ဆောက်နေရတဲ့ ပုံစံမျိုး ဂိမ်းထဲမှာ ကစားရမှာပါ။ ဒီဂိမ်းကို ကစားမဲ့သူဟာ မြို့တော်၀န် တစ်ယောက် ဖြစ်သွားသလို ဆောက်လုပ်ရေးလုပ်ငန်း လုပ်တဲ့ သူတစ်ယောက်လိုလဲ ကစားရမှာပါ။

ကစားနေတဲ့ သူက မြို့ တစ်မြို့ကို တည်ဆောက်နေရတဲ့ သူဆိုတော့ ကိုယ့်မြို့ကို လူတွေ လာနေအောင် အိမ်တွေ ဆောက်ပေးရမယ်၊ ဆေးရုံတွေ၊ ရုံးတွေ၊ စက်ရုံတွေ စတဲ့ မြို့တစ်မြို့မှာ ရှိတဲ့ အဆောက်အဦးတွေကို တည်ဆောက်ပေးရမှာပါ။ မြို့အင်္ဂါရပ်နဲ့ ညီမှ ကိုယ် တည်ဆောက်ထားတဲ့ မြို့ကို လာနေတဲ့ သူတွေရော စီးပွားရေး လုပ်တဲ့ သူတွေရောပါ စိတ်၀င်စားမှာပါ။ ဂိမ်းကို စ ဆော့တဲ့အခါ ဆော့ရတာ ပျင်းစရာ ကောင်းသလို ဖြစ်ပေမဲ့ နောက်ပိုင်းတွေမှာ ပိုပြီး စိတ်၀င်စားစရာ ကောင်းလာပါတယ်။ ဂိမ်းထဲမှာ ပေးထားတဲ့ မြို့တမြို့ကို ရွေးလိုက်ပြီဆိုတာနဲ့ ကိုယ်ရွေးလိုက် တဲ့မြို့က ဘာမှမရှိသေးတဲ့ မြေပြင်ကြီးဘဲဆိုတော့ ပထမဆုံး ကားလမ်းတွေဖေါက်ပေးရမယ်။ ကားလမ်းဖေါက်တဲ့ နေရာမှာတစ်ခု သတိထားရမယ်ဗျ။ ကိုယ်ရွေးထားတဲ့ မြို့ရဲ့ အစွန်ဆုံးတွေကနေ ကားလမ်းကို စဖေါက်ပေးရပါမယ်။ ဒါမှလဲ တစ်ခြားမြို့က လူတွေ လာနိုင်မှာကိုး။ အဲ့ဒီ လမ်းက မြို့အ၀င် လမ်းပေါ့။ လမ်းဖေါက်ပြီးပြီဆိုတာနဲ့ ရပ်ကွက်တွေ၊ ဈေးတွေ၊ စက်ရုံတွေ ဆောက်ပေးရတော့မှာပါ။ အဲ့ဒီမှာ ကိုယ့်မြို့ကို ကိုယ်ကြိုက်သလို designဆွဲ စိတ်ကြိုက်Planတွေ ချပေးလို့ ရပါပြီ။ မြို့ကို တည်ဆောက်ဖို့ ပိုက်ဆံလဲ ရှာရဦးမှာပါ။ မြို့ တစ်မြို့ရဲ့ လိုအပ်တာတွေ အကုန်လုံးကို စီစဉ်နေရတာဆိုတော့ အုန်းတော့ နည်းနည်း စားမယ်ဗျ။ ဒီဂိမ်းက ဘာမှသာ မဟုတ်တာ graphic ကောင်းတယ်ဗျ။ သူက 2D ရော 3Dပုံစံမျိုးကိုပါ support လုပ်ပေးနေရတာဆိုတော့ graphicတော့ တောင်းတယ်။

Cities XL 2012က ထွက်ပြီးသား Cities XL 2011ကို ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ Cities XL 2011ထက် မြို့အသစ်တွေ ပါလာမယ်၊ game tools အသစ်တွေ ထပ်ထည့်ပေးထားပါတယ်။ မြို့တည်ဆောက်တာ ပြီးသွားရင်လဲ ကိုယ့်မြို့နဲ့ တစ်ခြား မြို့တွေပါ ကုန်သွယ်ရေးတွေလဲ လုပ်ပေးရဦးမှာပါ။ ဒီလောက်ဆို Cities XLက တကယ့်မြို့တွေနဲ့ ဘယ်လောက်တူလဲဆိုတာ သိလောက်ပါပြီ။ Cities XL 2011ထက် မြို့အသစ်တွေ ပါလာမယ်၊ game tools အသစ်တွေ ထပ်ထည့်ပေးထားပါတယ်။ Cities XL 2011ထက် ပိုဆော့လို့ ကောင်းလာပါတယ်။ မြို့ 15 မြို့နဲ့ အဆောက်အဦးအသစ် 300ကျော်ကို တကယ့် သဘာ၀နဲ့ ပိုတူလာအောင် လုပ်ပေးထားပါတယ်။ အဲ့ဒါတွေအားလုံးက ကစားတဲ့သူရဲ့ စိတ်ကူးနဲ့  မြို့တည်ဆောက်ပုံတွေပေါ်မှာ မူတည်ပါတယ်။ ကိုယ့်စိတ်ကူးထဲက မြို့လေးအတိုင်း တည်ဆောက်ပေးနိုင်မယ့် Cities XL ဂိမ်းက PC versionဘဲ ထွက်တယ်။ တခြား platform တွေမှာတော့ ဆော့လို့ မရနိုင်ဘူး။ အကောင်းဆုံးနဲ့  ပြည့်စုံတဲ့ မြို့လေး တစ်မြို့ ဘယ်လို တည်ဆောက်ရမလဲဆိုတာ သိရအောင် Cities XL 2012 ဂိမ်းကို ကစားကြည့်လိုက်ပါ။

 

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *