Health, Opinion

‘‘ဂျင်း’’ မဟုတ်သော ‘‘ဂျင်း’’ (အပိုင်း ၂)

www.taringa.net

‘‘ဆရာ ကျွန်တော် နည်းနည်း ရှုပ်သွားပြီ’’ ‘‘ဟုတ်ပြီ ကျွန်တော် ပြောပြမယ် ကလေးတစ်ယောက်ရယ်လို့ သနေ္ဓတည်ဖို့အတွက် အရင်ဆုံး Cellလေး တစ်လုံး ဖြစ်လာရမယ်။ အဲဒီ Cellလေးဟာ အဖေရဲ့ Chromosome တစ်၀က် [23 Chromosome] နဲ့ အမေရဲ့ တစ်၀က် ပေါင်းထားတာ ဖြစ်တယ်။

Dominantတွေမှာဆို ဘယ်ဘက်ကပဲ Disease Gene ပါပါ တစ်ခုပါရုံ [Heterozygos]နဲ့ Disease Child ရနိုင်ပေမယ့် Recessiveတွေမှာတော့ နှစ်ဖက်လုံးမှာပါမှ [Heterozygos] ရောဂါရှိတဲ့ ကလေး ရနိုင်တယ်။ အဲဒါတွေကတော့ Autosomal Dominant, Autosomal Recessive, X Lined/Sex-Linked Dominantနဲ့ X Linked/Sex-Linked Recessive typeတွေပဲ ဖြစ်တယ်။ အဲဒီလို ရောဂါတွေ အများကြီး ရှိပေမယ့် ခင်ဗျားပြောတဲ့ CP ဆိုတာတော့ ဒီအထဲ ဘယ်နေရာမှ မပါတော့ တခြားအကြောငး်တွေကြောင့် ဖြစ်နို်င်သေးပေမယ့် ပါကို ပါလာမယ့် ရောဂါတော့ မဟုတ်ဘူးဗျ’’ ‘‘ဆရာ DNA ဆိုတာကရော’’ ‘‘အဲ ဟုတ်ပြီ အဲဒီ Chromosome ဆိုတာလေးတွေဟာ နှစ်ပင်လိမ် ဗီဇ အမှတ်အသားတွေ ပါတဲ့ Double Stranded DNAတွေနဲ့ ဖွဲ့စည်းထားတာပဲ။ အဲဒီလိမ်နေတဲ့ နှစ်ပင်ပေါ်မှာ ဗီဇတွေကို Codeနဲ့ မှတ်သားထားတယ်။

အဲဒီ Codeတွေကနေပဲ cell တစ်လုံးနဲ့ တစ်လုံး organ (ကလီဇာ) တစ်ခုနဲ့ တစ်ခု နောက်ဆုံး လူတစ်ယောက်နဲ့ တစ်ယောက် တူတာ၊ မတူတာတွေ ခွဲခြားသွားတာပဲ။’’ ‘‘ဒါကြောင့် နိုင်ငံခြား ကားတွေမှာ ခင်များ မြင်ဘူးမှာပေါ’’့ DNA စစ်ပြီးတော့ အဖေနဲ့ သား ပြန်တွေ့ကြ၊ နီးစပ်ကြရတာတွေ၊ အဖေ ဘယ်သူလဲ ပေါ်အောင် လုပ်ရတာတွေဆိုတာက တကယ်လက်တွေ့ ဖြစ်နိုင်တဲ့ အရာတွေပဲ။ အဲ ကိစ္စရပ်တိုင်းမှာ ဖောက်လွဲ ဖောက်ပြန်ဆိုတာလဲ ရှိတတ်တယ်။ ဒါပေမယ့် လက်ခံနိုင်တဲ့ အတိုင်းအတာလား ဆိုတာတော့ ရှိတာပေါ့။ ဆိုလိုတာက အဲဒီ DNA Sequence (Code) တွေဟာ ဖောက်လွဲ ဖောက်ပြန်ဖြစ်ရင် ရောဂါဖြစ်လာတော့တာပဲ။

ပိုတာ လိုတာ မှန်သမျှ ပြဿနာ ပေးတာပဲ။ ဥပမာ – ဒီ Geneရဲ့ Sequence Codeက ဆံပင်အရောင် အနက် ဖြစ်စေတယ် ဆိုပါစို့။ သူ့ရဲ့ Sequence (Code) ပြောင်းသွားတာနဲ့ အနက်ရောင် ဆံပင် မဟုတ်တော့ဘဲ အခြားအရောင် ဖြစ်သွားမှာပဲ။ ဒါမျိုးကိစ္စက မျုးိရိုးလိုက် AD, AR, XLR, XLD အကြောင်းတွေကြောင့် အပြောင်းအလဲဖြစ်နိုင်သလို မျိုးရိုးဗီဇ ရှာမတွေ့ဘဲ သူ့ချည်းဘဲ ထပေါ်လာတဲ့ (Sporodic inherientance)လဲ ဖြစ်နိုင်တယ် ကောင်းတဲ့ဘက်က ပြန်ကြည့်ရင် Codeမှားလို့ ရောဂါဖြစ်ခဲ့တာဆိုတော့ Codeကို ပြန်ပြင်ပေးနိုင်ရင် ရောဂါ မရှိတော့ဘူး ဖြစ်လာမှာပေါ့။

ဒါပေမယ့် အဲဒါကို Genetic Therapyလို့ ခေါ်ကြတာပေါ့။’’‘‘ကို၀င်းနိုင် ခေါင်းရှုပ်သွားပြီလား၊ လက်ခံနိုင်သေးလား’’ ‘‘ရပါတယ်ဆရာ ကျွန်တော် သိိချင်တာတွေနဲ့ တစ်ထပ်တည်းပါပဲ’’ ‘‘အဲဒီ Genetic Therapyဆိုတာ တကယ်ပဲ လက်တွေ့မှာ တွင်ကျယ်စွာ ရှိနေပြီးလာလို့ မေးခဲ့ရင်တော့ ကို၀င်းနို်င်ရာ ရှိတော့ ရှိနေပြီ၊ စမ်းသပ်နေဆဲ၊ တစ်နေ့ တကယ် မျက်မြင်လက်တွေ့ဖြစ်လာမယ့် အိမ်မက်တွေလို့ဆိုရင် မမှားနိုင်ဘူး။’’ ‘‘ အခုဆို ကို၀င်းနိုင် ကြားဖူးမှာပေါ့။ Clone (ကိုယ်ပွား) နည်းပညာနဲ့ သက်ရှိလေးတွေ မွေးဖွားစေနိုင်ခဲ့ပြီပဲ။ ဒါပေမယ့် ကမ်ဘာ့ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေ စည်းေ၀းတိုင်ပင်ပြီး ဒီ Clone Projectကို ထိ်န်းသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ။ ဒါကလည်း မသမာသူတွေက ကိုယ်ပွားတွေ လုပ်ပြီး မသမာမှုတွေ ပြုကျင့်ကြမှာ ဆိုးလို့ပါ။

အဲ Gene Therapy ဆိုတာကတော့ မတူဘူး။ လွဲနေတဲ့နေရာက အလွဲအမှားလေးကို ပြင်ပေးလိုက်ဖို့ပဲ။ အဲဒီမှာလည်း နှစ်မျိုးရှိတယ်။ တစ်မျိုးက Germ Line Gene (သနေ္ဓသား ဖြစ်ပေါ်လာမည့် ဂျင်း လမ်းကြောင်း) ကို ပြုပြင်ခြင်းနဲ့ Somatic Gene Line(ကိုယ်ခန္ဓာ ကလီဇာတွေဖြစ်ပေါ်လာမည့် ဂျင်းလမ်းကြောင်း)
တို့ကို ပြုပြင်ခြင်းတို့ ဖြစ်တယ်။ ဒီနေရာမှာ Germ Line Geneကို ပြင်မယ်ဆိုရင် ပြစ်မျိုး ကင်းစင်တဲ့ သနေ္ဓသားလေး ထွက်ပေါ်လာမယ့် သဘောရှိတယ်။ အဲဒါဆိုရင်လဲ သဘာ၀တရားကို ဆန့်ကျင်ရာ ရောက်တဲ့အတွက် ကန့်သတ်ထားတယ်၊ ကို၀င်းနိုင်ရဲ့ Somatic Lineမှာ လွဲမှားမှု ရှိရင်တော့ ‘Cancer’ ကင်ဆာလို
ရောဂါတွေ ဖြစ်နိုင်တာမို့ အဲဒီ လွဲမှားမှုကို Genetic Therapyနဲ့ ပြုပြင်ဖို့ ကြိုးစားနေကြတာပေါ့။’’

‘‘အဲတော့ဗျာ ရောဂါဖြစ်မယ့် Geneတွေ ပါလာခဲ့ရင် အဲဒီနေရာတွေကို ပြုပြင်ဖို့ သိပ္ပံပညာရှင်တွေက ပိုနေတာတွေ ဖြတ်ထုတ် Deletion လိုတဲ့နေရာတွေထည့် Insesrtionနည်းတွေ သုံးရတယ်။’’ ‘‘စိတ်၀င်စားဖို့ ကောင်းလိုက်တာ ဆရာရယ်၊ ဒါနဲ့ ဒီ Gene ဆိုတာတွေကို ခန္ဓာကိုယ်ထဲ ဘယ်လို ထည့်သွင်းသလဲဆိုတာရော ပြောပြပါလား ဆရာ’’ ခေါင်းရှုပ်နေသော်လည်း ဇာတ်ရှိန် မြင့်လာပြီ ဖြစ်သဖြင့် ကျွန်တော်၏ တစ်ဦးတည်းသော ပရိသတ် ဆရာလေး ကို၀င်းနိုင်က ကျွန်တော့အား မေးလာသည်။

ကျွန်တော်ကလည်း တစ်ယောက်တည်း ဆက်တိုက် ပြောနေရသဖြင့် အမောပြေ သံပုရာရည်လေး တစ်ခွက် သောက်ရန် မှာယူပြီး ‘‘ကို၀င်းနိုင် ရန်သူနဲ့ မိတ်ဆွေ ဘာကွာလဲ’’ ‘‘ဟာ… ဆရာရယ် ရန်သူဆိုတာ ကိုယ့် အကျိုးစီးပွားကို ဖျက်ဆီး တတ်ပြီး မိတ်ဆွေဆိုတာကတော့ ကိိုယ့် အကျိုးစီးပွားကို တိုးတက်အောင် ကူညီတတ်တယ်လေ’’ ‘‘အဲဒီတော့ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုပြင်လို့ရလား’’ ‘‘ဒါကတော့ ခက်တာပေါ့ ဆရာရယ် သူ့ကို ကိုယ့်ဘက်ပါအောင် လုပ်ရင်းနဲ့ ကိုယ်ပါ သူ့ဘက်ပါပြီး ဖျက်ဆီးသွားရင် ဒုက္ခ’’

‘‘အဲသလိုပဲ Genetic therapy ဆိုတာလဲ ကို၀င်းနိုင်ရ’’ ‘‘ခင်ဗျာ ကျွန်တော် မရှင်းဘူး’’ ‘‘ခင်ဗျား လူကို ဒုက္ခပေးတတ်တဲ့ virus ဗိုင်းရပ်စ်ရောဂါပိုးတွေ အကြောင်း တန်သင့်သလောက် ကြားဖူးမှာပေါ့။ အကြောက်ရဆုံး Human Immunodeficiency virus (HIV) ဆိုရင် အရမ်း လည်တာဗျ။ သူ့မှာ ရှိတဲ့ မကောင်းတဲ့ Gene အပိုင်းအစပါတဲ့ RNAကို (နှစ်ပင်လိမ်) DNA အဖြစ် ပြောင်းပစ်နိုင်လို့ တစ်ပင်မှ နှစ်ပင်လိမ် ပြောင်းပြန် ပြောင်းတတ်သော virus Retro-virusလို့ ခေါ်ကြတယ်။ ကိိုယ်ခန္ဓာထဲ အဲဒီ ပိုး ၀င်သွားပြီဆိုတာနဲ့ တမဟုတ်ချင်း သူရဲ့ ဗီဇတွေကို ပွား၊ ကိုယ့်ခန္ဓာကိုယ့်ရဲ့ နဂို ရှိရင်းစွဲ ကောင်းတဲ့ ဗီဇနေရာတွေမှာ အစားထိုး ပြောင်းလဲပစ်နိုင်တယ်။ ဒါကို ကျေညက် နားလည်နေတဲ့ ဆေးသိပ္ပံပညာရှင်တွေက ဒီရန်သူကို ကိုယ့်မိတ်တွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ကြတယ်။

အဲဒီ သုတေသနတွေ စမ်းသပ်စစ်ဆေးမှုတွေသာ လက်တွေွ့ အသုံးချနိုင်တဲ့ အချိန်ရောက်လာရင် ဒီရောဂါတွေဟာ ကြောက်ဖို့ မလိုတော့ပါဘူး’’
‘‘ခုနက ကို၀င်းနိုင်ရဲ့ အမေးကို ဒါနဲ့ ဆက်စပ်ပြီး ဖြေရမယ်ဆိုရင် ခန္ဓာကိိုယ်ရဲ့ တစ်နေရာရာက Gene Sequence လွဲမှား ပြောင်းလဲသွားလို့
ရောဂါဖြစ်နေတဲ့အချိန်မှာ ပြုပြင်ပြီးသား မှန်ကန်တဲ့ Gene Sequenceတွေကို အဲဒီ virus တွေနဲ့ တွဲထည့်ပေးလိုက်တယ်။ ဒီနေရာမှာ အရေးကြီးတာက အဲဒီမူလ Virusရဲ့ ဒုက္ခပေးနိုင်တဲ့ Gene Sequenceတွေကို တစ်ခါတည်း ထုတ်ထားပြီးသား ဖြစ်ရမယ်။ ဒါမှ ရောဂါ မရမှာကို အဲဒီ ပြုပြင်ပေးထားတဲ့ Geneပါတဲ့ (ရောဂါပိုး Gene မပါတော့တဲ့ ) virusဟာ ခန္ဓာကိုယ်ထဲ ၀င်သွားပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ ဆက်ပွားကြတော့တာဘဲ။ ဒီလိုနဲ့ ကောင်းတဲ့ Sequenceတွေ ပွားရင်းနဲ့ မကောင်းတဲ့ Sequenceတွေ မရှိတော့မယ့် အချိန်မှာ ယခင် ခံစားခဲ့ရတဲ့ ရောဂါ လုံး၀ပျောက်ပြီလို့ ကြေညာနိုင်ပြီပေါ့’’

‘‘ တကယ် ထူးဆန်းတယ် ဆရာရယ်’’ ‘‘ ဆရာပြောမှ ခုလို ကြားဖူးတာ’’ ‘‘ရှိသေးတယ် ကို၀င်းနိုင်ရဲ့ အလို virus မပါဘဲလည်း ခန္ဓာထဲကို Geneတွေ ထည့်ပေးတဲ့ နည်းတွေ ရှိသေးတယ်ဗျ’’ ‘‘သူကတော့ ခုနက ပြောတဲ့ နည်းလောက် မတွင်ကျယ်သေးဘူးဗျ။ ပြဿနာက ကျွန်တော်တို့ ခန္ဓာမှာက ပြင်ပက ဘာပဲ ၀င်၀င် ခုခံတိုက်ထုတ်နို်င်တဲ့ Immune systemဆိုတာ ရှိတယ်။ ကောင်းစေချင်လို့ ပြင်ပက Human Therapeutic Geneကို ထည့်ပေးပေမယ့်လည်း ခန္ဓာကိုယ်က
ပြန်တိုက်မှာပဲ။ အဲဒီလို မတိုက်နိုင်အောင် Immune ခုခံအားစနစ်ကို ဆေးတွေ သုံးပြီး ပိတ်ပင်လျော့ချထားနိုင်ပေမယ့်လည်း အဆင်မပြေသေးဘူး ဖြစ်နေသေးတယ်။

ဒါတွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်တဲ့ တစ်နေ့မှာတော့ ဘာရောဂါဖြစ်ဖြစ် ကြောက်စရာ မလိုတော့ဘူးလို့ မျှော်လင့်နေကြတာပေါ့။ ‘‘ဒါပေမယ့် ကို၀င်းနိုင်ရာ လောကမှာ မသေဆေးဆိုတာမျိုးတာ့ ဘယ်တော့မှ တီထွင် ဖန်တီးလို့ရမယ် မထင်ပါဘူး။ လူတွေဟာ မသေတော့ဘူးဆိုရင် အထူးသဖြင့် ကြွယ်၀ချမ်းသာသူတွေ သြဇာအာဏာကြီးသူတွေဟာ နိုင့်ထက်စီးနင်းမှုတွေ လုပ်လာသလို နိမ့်ကျသူတွေကလည်း ပုန်ကန် ထကြွမှုတွေ ဖြစ်လာကြမှာပဲ ဒီတော့ Genetic Therapy ဆိုတာကို စမ်းသပ်ဆဲဖြစ်ပေမယ့် တရား၀င် ကုသခွင့် မရသေးဘူး’’

‘‘ဆရာဆိုလိုတာက ဒီကုထုံးဟာ တကယ်ရှိလာ မလားဆိုတာ မသေချာသေးဘူးပေါ့’’ ‘‘ဟုတ်တယ်ဗျ 2006 ခုနစ်လောက်တုန်းကတော့ မှဲ့ကင်ဆာရောဂါသည် တစ်ယောက်ကို ဒီနည်းနဲ့ ကုပေးနို်င်ခဲ့တယ် ဒီအပြင် သွေးကင်ဆာရောဂါသည် တစ်ယောက်ကိုလည်း ကုပေးနို်င်ခဲ့တယ် ကြားတယ်ဗျ။ ကျွန်တော်လည်း ခုလို ကို၀င်းနို်င် မေးမယ်မှန်း မသိလို့ အကိုးအကား အထောက်အထားနဲ့ Update Newsတွေ ဖတ်မလာမိဘူး။’’ ‘‘ရပါတယ် ဆရာရယ် ဒီလောက်နဲ့တောင်
ကျွန်တော် ဗဟုသုတတွေ တိုးခဲ့ရပါပြီ။’’

‘‘ဟုတ်ပါပြီဗျာ စားလို့လဲ ကောင်း စကားလဲ ကောင်းနဲ့ နေ့လည်နှစ်ချက်တီးတောင် ဖြစ်နေပြီပဲ’’ ‘‘ကောင်လေးရေ ရှင်းရအောင်’’ ကျွန်တော်နှင့် ဆရာလေး ကို၀င်းနိုင်တို့ သူ့ထက်ငါ ဦးအောင် ငွေရှင်းနေကြသဖြင့် စားပွဲထိုးကောင်လေးမှာ မည်သူဆီမှ ပိုက်ဆံယူရမည် မသိဘဲ ဖြစ်နေရှာပါသည်။ ‘‘ဆရာကြီးရယ် ဆရာ့ရဲ့ သင်တန်းပို့ချမှုက ဒီတစ်၀ိုင်းစာမက တန်ပါတယ်ဗျာ’’ဟု ကို၀င်းနိုင်မှ တောင်းပန်ကာမှ ကျွန်တော် လက်လျှော့ခဲ့ရသည်။ အပြန်လမ်းတွင်လည်း နှစ်ဦးသား စကားစမြည်ပြောရင်းနှင့် အိမ်သို့ုရောက်မှန်း မသိ ရောက်ခဲ့ရသည်။ အိမ်ရှေ့သို့အရောက်တွင်ကား ‘‘ဆရာ ဆေးရုံက ဖုန်းဆက်ထားပါတယ်။ ဒီညနေ လူကြီး (VIP) လာမှာမို့ နှစ်နာရီခွဲအရောက် လာစောင့်ပါတဲ့’’ ကူဖော်ကူဖက်ရအောင် ခေါ်ထားသော မောင်ဉာဏမှ လှမ်းပြောသည်။

‘‘သြော် ပိတ်ရက်လေး ဆေးရုံမှာ Ill Case မရှိလို့ ဒီနေ့တော့ အိမ်မှာ တစ်၀ကြီး အနားယူလိုက်မည်’’ဟု မိုးလင်းစဉ်က တွေးခဲ့သော အတွေးလေးမှာကား တိမ်တို်က်တို့နဲ့အတူ လွင့်ပါသွားချေပြီ။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *