ဒီတစ်ပတ်အတွက် Android How toကို ကိုယ်တိုင်ပဲ အလွယ်တကူ လုပ်နိုင်မယ့် အကြောင်းအရာလေးတွေကိုပဲ ပြောပြချင်ပါတယ်။ Samsung Galaxyတွေမှာပါတဲ့ Functionတစ်ခုက တခြား Android ဖုန်းတွေမှာမပါတဲ့ အကြောင်းကို အရင်ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ Font Style ပြောင်းတာပါပဲ။ Font Style ပြောင်းရင် ဘာတွေ ထူးခြားလာမှာလဲဆိုတော့ ဘာမှတော့ မထူးခြားပါဘူး။ ဒါပေမဲ့ Samsung Galaxy စီးရီးကို အသုံးပြုတဲ့ သူတွေအတွက် ဖုန်းတစ်ခုလုံးမှာရှိတဲ့ စာလုံးတွေကို ပြောင်းလဲ အသုံးပြုချင်တဲ့ သူတွေအတွက် ဒီ Font Styleလေးကို ထည့်ပေးထားတာပါ။ Font Style ပြောင်းလဲ အသုံးပြုလိုက်တာနဲ့ ဖုန်းထဲမှာရှိတဲ့ ရှိသမျှ စားလုံးတွေ ပုံစံပြောင်းသွားမှာပါ။ ဖုန်းထဲမှာ Defultပါတဲ့ Font Styleတွေအပြင် တခြား Font Styleတွေကိုပါ Install လုပ်ပြီး ပြောင်းလဲလို့ ရပါသေးတယ်။ Samsung Galaxyမှာပါတဲ့ Font Styleတွေကို ဘယ်လိုပြောင်းရမလဲဆိုတာ ပြောပြပါ့မယ်။ ဒါတွေက ကိုယ်တိုင်လုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ Featureတွေပါပဲ။
အရင်ဆုံး ဖုန်းထဲမှာပါတဲ့ Font Styleတွေကို ပြောင်းကြည့်ရအောင်။ Settingထဲသွားလိုက်ပါ၊ Display ထဲမှာရှိတဲ့ Brightnesကို ရွေးပြီးရင် Font-styleကို တွေ့ပါလိမ့်မယ်။ Font Styleကိုတွေ့ရင် ဖုန်းထဲမှာ အစကတည်းက ရှိတဲ့ Font styleတွေကို တွေ့ပါလိမ့်မယ်။ ကြိုက်နှစ်သက်တဲ့ Font styleကို ရွေးပြီး Ok လုပ်လိုက်ပါ။ Back ပြန်ထွက်ပြီး ကြည့်လိုက်တာနဲ့ Font Styleတွေ ပြောင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုနည်းနဲ့ Font Style ပြောင်းလဲ အသုံးပြုလို့ ရပါတယ်။ တခြား Font Styleတွေကိုလည်း Install လုပ်ပြီး ဒီနည်းအတိုင်း အသုံးပြုလို့ ရပါသေးတယ်။ လွယ်ကူ ရိုးရှင်းပေမယ့်လည်း တစ်ခါတလေ ကိုယ်မသိတော့ အထူးအဆန်း ဖြစ်တတ်တဲ့အတွက် Android ဗဟုသုတလေး ရနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။
Ref: www.howtogeek.com
Samsung Galaxy တွေကို Font Style ပြောင်းကြမယ်

13
May