နောက်ပိုင်းမှာ ခေတ်စားလာတဲ့ Smartwatchesတွေကို စိတ်၀င်စားတယ်၊ ၀ယ်ယူသုံးချင်တယ် ဆိုရင်တော့ လက်ရှိ ဈေးကွက်မှာ ရှိနေတဲ့ထဲက အကောင်းဆုံး Smartwatchesတွေကို မိတ်ဆက် ပေးလိုက်ပါတယ်။
(၈) MetaWatch Frame – ဈေးနှုန်းက ၁၉၉ဒေါ်လာ ဖြစ်ပြီးတော့ ပျမ်းမျှ ဘက်ထရီ သက်တမ်း ၆ ရက်လောက် သုံးနိုင်မှာ ဖြစ်ပြီးတော့ အ၀င်ဖုန်းတွေကို မှတ်သားပေးမှာ ဖြစ်သလို ဘက်ထရီစားလည်း သက်သာပြီး စာသား Messageတွေပါ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ အဖြူရောင်နဲ့ အနက်ရောင် အဖြစ် ဈေးကွက်၀င်ပါတယ်။
(၇) Eco-Drive Proximity by Citizen – တန်ကြေးက ၃၆၂ ဒေါ်လာ ဖြစ်တာကြောင့် နည်းနည်းများတယ်လို့ ဆိုနိုင်ပေမယ့် အားတစ်ခါ သွင်းတိုင်း ၁,၀၉၅ရက်ကြာအောင် သုံးနိုင်မှာ ဖြစ်ပြီး နာရီတစ်လုံးနဲ့သာ ဆင်တူတာကြောင့် ဝေဖန်နေကြပါတယ်။ ဖုန်းအ၀င်တွေကို အချက်ပြပေးမှာ ဖြစ်ပြီး Emailနဲ့ ကြိုတင် မှတ်သားချက်တွေ အတွက်လည်း အချက်ပြပေးမှာ ဖြစ်ပါတယ်။
(၆) Cookoo – တန်ကြေးက ၁၂၉ ဒေါ်လာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းက ၂၇၄ရက် ဖြစ်တာကြောင့် သင့်တင့် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ သူက Messageနဲ့ Emailတွေကို အချက်ပြပေးနိုင်မှာ မဟုတ်ပဲ ဖုန်းအ၀င်တွေနဲ့ Missed Call, Facebook Message, Facebook Postနဲ့ Calendarမှတ်သားချက် တွေကိုပဲ အချက်ပြပေးမှာ ဖြစ်ပါတယ်။
(၅) MetaWatchSTRATA – တန်ကြေးက ၁၂၉ ဒေါ်လာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းက ၆ရက်ပဲ ဖြစ်တာကြောင့် တခြားသော Watchတွေနဲ့စာရင် အားနည်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားသာချက်က တခြားသော Watchတွေထက် Featureတွေ ပိုများတာ ဖြစ်ပါတယ်။
(၄) I’m Watch – စတင် ဖြန့်ချိ ချိန်တုန်းက ၄၉၉ဒေါ်လာနဲ့ ရောင်းချခဲ့ပေမယ့် အခုတော့ ၂၉၉ဒေါ်လာနဲ့ ရောင်းချနေပါတယ်။ ဘက်ထရီ သက်တမ်းက ၆နာရီပဲ ဖြစ်ပြီး အချက်ပြစနစ်တွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်သလို Android Appတွေလည်း ထည့်သွင်းပြီး သုံးနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Appတွေ အများကြီး ထည့်သုံးရင်တော့ စက်လေးနိုင်ပါတယ်။
(၃) Passport by Martain – တန်ကြေးက ၂၉၉ဒေါ်လာ ဖြစ်ပြီးတော့ ဘက်ထရီက ၇ ရက် အသုံးခံနိုင်ပါတယ်။ iOSရော Androidစနစ်သုံး ဖုန်းတွေနဲ့ပါ Bluetoothကတဆင့် ချိတ်ဆက်သုံးနိုင်မှာ ဖြစ်ပြီးတော့ အချက်ပြမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်သလို Watchကနေ တိုက်ရိုက် Messageတွေ ပို့နိုင်မှာ ဖြစ်ပါတယ်။
(၂) Sony SmartWatch – ၃ရက်ကြာအောင် သုံးစွဲနိုင်မယ့် Watchဖြစ်ပြီးတော့ တန်ကြေးက ၁၂၉ ဒေါ်လာ ဖြစ်ပါတယ်။ Androidစနစ်သုံးထားပြီး Twitterနဲ့ Facebookလို Appတွေ သုံးနိုင်မှာပါ။ ဒါပေမယ့် Touchအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ထောက်ပြခံ နေရပါတယ်။ နောက်ပြီး iOSစနစ်သုံး ဖုန်းတွေနဲ့ တွဲပြီး မသုံးနိုင်ပါဘူး။
(၁) Pebble – ဘက်ထရီအပိုင်းမှာ ၇ ရက်ကြာအောင် သုံးနိုင်မှာ ဖြစ်ပြီးတော့ တန်ကြေးက ဒေါ်လာ ၂၂၀ ဖြစ်ပါတယ်။ Featureတွေလည်း လုပ်ဆောင်ပုံကောင်းမွန်ပြီး Appတွေကိုလည်း Downloadလုပ်နိုင်မှာ ဖြစ်သလို ရေစိုလည်း ခံနိုင်ရည် ရှိတာကြောင့် ကောင်းမွန်ပါတယ်။
Ref: http://www.businessinsider.com/best-smartwatch-comparison-2013-7#1-pebble-8