News

မြန်ပြည်အတွက် အတုယုဖွယ် “The Men Who Built America” ဇာတ်လမ်းတွဲ

ဒီတစ်ခါမှာတော့ အိုင်စီတီ ပရိသတ်ကြီးကို ရုပ်ရှင်ဇာတ်လမ်းတွဲ ကောင်းကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “The Men Who Built America”လို့ နာမည်ပေးထားပြီးတော့ ပြီးခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်နိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် အတိုးတက်ဆုံးနိုင်ငံလို့ သတ်မှတ်ခြင်းခံရတဲ့ အမေရိကားဟာ ဘယ်ပုံဘယ်နည်း တိုးတက်လာတယ် ဆိုတာကို လေ့လာနိုင်စေဖို့နဲ့ လူတို့ရဲ့ ကြိုးပမ်းမှု စွမ်းအားတွေကို ဖော်ညွှန်းပြသထားတာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စား အတုယူဖွယ် အကောင်းဆုံးကတော့ အမေရိကန်နိုင်ငံဟာ ယနေ့လို Super Power အဖြစ် ရပ်တည်နိုင်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ အတုယူချင်ဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့သူများမှာ နိုင်ငံရေးသမားများထက် စွန့်ဉီးတီထွင် စီးပွားလုပ်ငန်းရှင်များ ဖြစ်သည်ဆိုတဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပါပဲ။


Biography, Docudrama အမျိုးအစားဖြစ်ပြီး Directorကတော့ Patrick Reamsပဲ ဖြစ်ပါတယ်။ Season, Episodeတွေ ခွဲထားပြီး အဆိုပါ ဇာတ်လမ်းတွဲ ရုပ်ရှင်မှာ Blues Saracenoရဲ့ “Save My Soul” သီချင်းကို သုံးထားပြီး ကြည့်ရှုသူ စုစုပေါင်း ၂.၆သန်း ရှိခဲ့ပါတယ်။

Ref: www.imdb.com/title/tt2167393/plotsummary?ref_=tt_ov_pl

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *