ကမ္ဘာကျော် ကားကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Audi အနေနဲ့ ၎င်းတို့ရဲ့ နောက်မျိုးဆက် ကားတွေမှာ 4G LTE မြန်နှုန်းမြှင့် Broadband အင်တာနက်စနစ်တွေ တပ်ဆင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ကားထဲမှာ အင်တာနက် တပ်ဆင်လိုက်ခြင်းအားဖြင့် ခရီးသွားနေတုန်း မိမိအိမ်ကို CCTV ကင်မရာကနေတစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုပ်ရှင်၊ သီချင်း၊ သတင်း၊ Data စတာတွေကို အဆင်မြင့်မြင့် မြန်နှုန်းမြှင့် အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ ကားမောင်းနေရင်း Email ပို့တာ၊ Google Map သုံးပြီး လမ်းကြောင်း ရှာဖွေတာတွေပါ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဘယ်နေရာမှာလမ်းကြောင်း ပိတ်တယ်၊ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာတွေပါ အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ပါတယ်။
ဇိမ်ခံကားတွေကို စီးတဲ့ သူဋ္ဌေးတွေအတွက်၊ အဆိုပါ ကားတွေကို မောင်းပေးတဲ့ Driverတွေအတွက်ပါ Smart ကျပြီး Safety ဖြစ်တဲ့ Driving ပုံစံအသစ်နဲ့ ကားတွေကို Audiက ထုတ်လုပ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ပြိုင်ဘက် ကားကုမ္ပဏီတွေ အားလုံးက “Car To Car Communication”ကို ဦးစားပေး အကောင်ထည်ဖော်နေကြပြီ ဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီက ဘယ် Servicesတွေကို ဘယ်လို အပြိုင်အဆိုင် လုပ်ကြဦးမလဲဆိုတာကလည်း စိတ်၀င်စားစရာပဲ ဖြစ်နေပါတယ်။
Ref: http://www.businessinsider.com/audi-offers-4g-broadband-in-cars-2013-7