News

Archos က Touchscreen E Ink Smartwatch ကို ပြုလုပ်နေ

ပြင်သစ်အီလက်ထရောနစ် Company တစ်ခုဖြစ်တဲ့ Archos က Touchscreen E Ink Smartwatch ကိုပြုလုပ်နေကြောင်း အတည်ပြုပြောကြားပါတယ်။ Archos က E Ink Company နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုးရှိပြီး ထိတွေ့အသုံးပြုနိုင်တဲ့ ကွေးကောက် E Ink ဒီဇိုင်းကို ပိုမိုကောင်းမွန်အောင် အတူတကွ ပြုလုပ်နေကြပါတယ်။ မျက်နှာပြင်မှာ ခလုတ်တွေကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ ဒီလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ Consumer Electronics Show မှာ Archos က စမတ်နာရီ သုံးမျိုးကို ကြေညာခဲ့ပြီး LCD Display တပ်ဆင်ထားတဲ့ Pebble, Galaxy Gear တို့ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

E Ink Smartwatch မှာ ကွေးကောက်မျက်နှာပြင်တပ်ဆင်ထားပြီး ဖန်အစား ပလတ်စတစ်မျက်နှာပြင် တပ်ဆင်ထားပါတယ်။ E Ink မျက်နှာပြင်ကို အသုံးပြုတဲ့အတွက် ဘက်ထရီသက်တမ်း ကြာမြင့်စေမှာဖြစ်ပါတယ်။ တစ်ခါအားသွင်းထားရင် တစ်ပတ်မှနှစ်ပတ် အထိ အသုံးခံပါတယ်။ Amazon ရဲ့ Kindle Device များမှာတပ်ဆင်ထားတဲ့ မျက်နှာပြင်လိုပဲ နေရောင်အောက်မှာတောင် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို မြင်တွေ့နိုင်ပါတယ်။ ထိတွေ့အသုံးပြုနိုင်တဲ့ မျက်နှာပြင်ကDisplay Mode ပြောင်းတာတွေ၊ Notification တွေကို Cancel လုပ်တာတွေပြုလုပ်နိုင်ပါတယ်။

စမတ်ဖုန်းနဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပြီး Samsung Galaxy Gear လောက် Functions များပြည့်စုံမှု မရှိဘူးလို့ သိရပါတယ်။ ရောင်းချမယ့်အချိန်မှာ ယူရို ၁၀၀ ၀န်းကျင်နဲ့ ရောင်းချမယ်လို့ Archos က ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *