Gaming, Review

Assassin’s Creed III

နယ်ချဲ့ တွေကို လုပ်ကြံသတ်ဖြတ်ရမဲ့ Action ဂိမ်းအဖြစ် အစပြုထားတဲ့ Assassin’s Creed III ကို October 30, 2012 မှာ Ubisoft က ထုတ်တော့မှာပါ။ ဂိမ်းအလန်းတွေကိုမှ ထုတ်တဲ့ Ubisoftက ဒီတခါလဲ ဘယ်လိုပုံစံတွေနဲ့ စွဲဆောင်ဦးမလဲဆိုတာကို Assassin’s Creed III မှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Publisher ဖြစ်တဲ့ Ubisoft Montreal / Ubisoft Annecy က Assassin’s Creed ကို ထုတ်ခဲ့တာ အခု III ဆို ငါးခုမြောက် series ဖြစ်ခဲ့ပါပြီ။ လက်ခံသူတွေမနည်းတဲ့ Action Adventure ဂိမ်းအမျိုးအစားပါ။ ဒီ ငါးခုမြောက် Assassin’s Creed III ကို ကိုလိုနီနယ်ချဲ့ မှာ အစပျိုးထားတဲ့အတွက် မြင်တွေ့ရမဲ့ အပြင်အဆင်တွေ ခေတ်နှောင်းပိုင်း အပြင်အဆင်တွေချည်းပါဘဲ။ ကိုလိုနီနယ်ချဲ့တွေရဲ့ အကျင့်စရိုက်တွေ၊ နယ်ချဲ့တွေ တွန်းလှန် တိုက်ခိုက်ခဲ့ရတဲ့ Assassin’s တွေရဲ့ အပြုအမူတွေကို ဂိမ်းအဖြစ်တည်ဆောက်ထားတဲ့ Assassin Creed III ဟာ ကိုလိုနီခေတ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ဂိမ်းတခုပါ။

Assassin တွေရဲ့ အကြမ်းဆုံး လုပ်ကြံသတ်ဖြတ်မှုတွေ တပြုံကြီးပါတဲ့ Assassin Creed III ကိုလဲ Action Adventure ဂိမ်းတွေ နှစ်သက်တဲ့ gamer တွေ ကြိုက်ကြမှာပါ။ ကိုလိုနီနယ်ချဲ့တွေ အုပ်စိုးတဲ့ခေတ်တွေမှာ ကျင်လည်ခဲ့ရတဲ့ ပြည်သူတွေမှာ မကျေနပ်မှုတွေ၊ မတရားဖိနှိပ်ခံရမှုတွေ ရှိခဲ့ကြပါတယ်။ အဲ့လိုစိတ်တွေကြောင့် Assassinတွေ အများကြီး ပေါ်ထွက်လာခဲ့ကြပါတယ်။ 1753 ခုနှစ်ရဲ့ Assassin တွေဟာ နားကြဉ်းမှုတွေ မကျေနပ်မှုတွေကြောင့် အရမ်းရက်စက်ကြမ်းတမ်းခဲ့ကြပါတယ်။ English  နဲ့ Mohawk လူမျိုး ပေါင်းထားတဲ့ Assassin တစ်ယောက်ဖြစ်တဲ့ Connor ဟာ နယ်ချဲ့တွေ အကြေင်းအမျိုးမျိုးကြောင့် မုန်းတီးနေတဲ့ လူတစ်ယောက်ပါ။ ပိုဆိုးသွားတာက နယ်ချဲ့တွေရဲ့ ဖျက်စီးမှုကို ခံလိုက်ရတဲ့ Connor တို့ရဲ့ ရွာလေးကြောင့် သူဟာ ဗြိတိသျှတွေကို အလွန်မုန်းတီးနေတာပါ။ သင့်ကိုယ်တိုင်ကိုကလဲ နယ်ချဲ့တွေကို နှိမ်နှင်းနေတဲ့ Assassin တယောက်အဖြစ်ပါ၀င် ကစားရမှာပါ။ Connor အဖြစ် ဆော့ရမှာပေါ့။ Assassin ဆိုတာ လုပ်ကြံသတ်ဖြတ်သူ တယောက်လို့ အဓိပ္ပါယ်ရတဲ့အတွက် ဂိမ်းကစားနေတဲ့ တလျှောက်လုံး ရန်သူတယောက်ပြီး တယောက်ကို တိုက်ခိုက်နေရမှာ ဖြစ်ပါတယ်။ လက်နက်တွေကတော့ Connorကို စုံနေအောင်ပေးထားပါတယ်။ ကိုလိုနီခေတ်က လက်နက်တွေပေါ့။

အရင်ကတုန်းက series တွေမှာ ပုစိန် တလက်ရယ်၊ ဒူးလေး လို့ခေါ်တဲ့ မြှားသေနတ် တစ်လက်ရယ်အပြင် လက်ဖျံ နှစ်ဖက်လုံးအောက်မှာ ဓားအတိုလေးတွေပါခဲ့ပေမဲ့ အခု AC III မှာတော့ ဒူးလေးအစား ရိုးရိုးမြှား တစ်လက်ရယ် ပုစိန်ရယ်ဘဲ ထည့်ပေးထားပါတော့တယ်။ ဒါကလဲ အရင် series တွေနဲ့ မတူညီတော့တဲ့သဘောတွေပါ။ Connor ရဲ့ dressing ကလဲအလန်းပါ၊ လုပ်ကြံသူ တယောက်ဖြစ်တဲ့ အတွက်ကြောင့် မျက်နှာတစ်၀က်ကိုလည်း ရန်သူတွေ အလွယ်တကူ မမှတ်မိအောင် ခေါင်းစွပ်နဲ့ ဖုံးထားတယ်ဆိုတော့ ဘယ်လို  Assassin လဲဆိုတာ တွေးကြည့်တာနဲ့ ကြောက်ဖို့ကောင်းတယ်ဆိုတာသေချာပါတယ်။ Assassin’s Creed III ရဲ့ creative director Alex Hutchinson က Connor ကို အသေအချာပြင်ဆင်ထားပေးပါတယ်။ Connor ရဲ့ character တွေက လျှင်မြန်သွက်လက်နေတာကိုလဲ မြင်တွေ့ရမှာပါ။ AC III ကို Wii၊ PlayStation 3, Xbox 360 နဲ့ PC တွေမှာပါ ကစားနိုင်မှာပါ။ ဒါကြောင့် လုပ်ကြံ သတ်ဖြတ်သူတစ်ယောက်ရဲ့ အယူဝါဒတွေက ဘယ်လိုမျိုးလဲဆိုတာ Assassin’s Creed III မှာ ခံစားနိုင်ကြစေဖို့ game preview အဖြစ် ဖေါ်ပြပေးလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *