Opinion

အဘယ်ကြောင့် Typography ဂုရု ဟာ Helvetica Font ကို ရှောင်ကျဉ်ခဲ့သလဲ?

Alan Peckolick ကရှင်းပြပါတယ်။ ဒီနေ့ဒီအချိန်မှာ ဒီဇိုင်နာများဟာ ရှေးကျပြီးပုံစံတူ ပုံနှိပ်စာလုံး(font)များ အကြောင်း မစဉ်းစားတော့ရန် တူညီတဲ့စိတ်ကူးရှိကြတယ်။ ကျွန်တော့်ရဲ့နှစ် ၄၀ ဒီဇိုင်းသက်မွေးမှုလုပ်ငန်း ဖြတ်သန်းချိန်မှာ ရည်ရွယ်ချက်ရှိရှိ Helvetica Font ကို ရှောင်ကျဉ်ခဲ့တယ်။ ရိုးရှင်းပြတ်သားပြီး သဘာဝကျတဲ့ ပုံနှိပ်စာလုံးပုံစံ(font)ဟာ အမြဲတစေကျွန်တော့် အတွက်တော့ သက်တောင့်သက်သာမရှိလှပါဘူး။ အဲဒီပုံနှိပ်စာလုံးပုံစံဟာ ကမ္ဘာကြီးပေါ်မှာ ရိုးရှင်းစွာတူညီတဲ့ပုံနှိပ်စာလုံး (font)များဖြစ်အောင် ရည်ရွယ်နေသလို ခံစားရပါတယ်။ Digital Platform တွေနှင့်ပါ တွဲသုံးနိုင်ခြင်းဆိုတဲ့ လိုအပ်မှုဦးတည်ရာ ဖြစ်စေခဲ့တာကတော့ “Uniform Design” အဖြစ် “Helveitca သုခုမဟန်” ကို ဒီကနေ့တံဆိပ်အမှတ်အသားတွေ၊ Signboard တွေ၊ Logo တွေမှာပါ မြင်ရမှာပါ။ အဲဒီတော့ဆိုလိုချင်တာက လူတွေကို ပုံနှိပ်စာလုံးတွေနဲ့ပတ်သတ်ပြီး ဆွံ့အပြီး ဘာမှမမြင်သူ အဖြစ်ကို ခေါ်ဆောင်သွားမယ့် ရည်ရွယ်ချက်ပါ။

ကျွန်တော်ဟာ ပုံနှိပ်စာလုံး(font)တွေနဲ့ ပတ်သတ်ပြီး အမြဲယုံကြည်ချက်ရှိသူပါ။ ပုံနှိပ်စာလုံး(font)ပုံစံဟာ ပြင်ပဖန်တီးယူ စကားလုံးများကိုပါ ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိတယ်။ စာလုံးပုံစံ(font)တွေဟာ သင့်ကို တကယ်စိတ်ခံစားမှုပေးပါတယ်။ သူတို့ဟာ စိတ်ကိုပြောင်းလဲလွယ်စေတယ်။ တစ်ခါတစ်လေ ပြည့်ဝခြင်းကို ခံစားရမယ်၊ တစ်ခါတစ်လေ စိတ်ဆိုးမယ်၊ ဒါမှမဟုတ် သင်ဟာအဲဒီပုံနှိပ်စာလုံး(font)တွေကို ချီးကျူးနေလိမ့်မယ်။ ပုံနှိပ်စာလုံးပုံစံ(font)ဖော်ပြခြင်းမှာလည်း စာဖတ်သူများအတွက် စကားလုံးကို ပေါ်လွင်စေရမယ်။

ကျွန်တော်ဒီဇိုင်းကျောင်းကထွက်ပြီး တက်ကြွနေချိန်မှာ Herb Lubalin မှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲ့ဒီ company ကတော့ အမေရိကရဲ့ graphic design ဖခင်လို့ဆိုရပါမယ်။ ကျွန်တော့်ကိုယ်ပိုင်လုပ်ငန်းမစခင်ထိ ကျွန်တော့ရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ကြတဲ့သူတွေနဲ့ ကျွန်တော်စကားပြောဖို့ကြိုးစားရတယ်၊ သူတို့နဲ့ကခုန်ခြင်း၊ နောက်ပြောင်ရယ်မောခြင်း၊ အတူသွားလာခြင်း များကို project အား အတူတကွလုပ်နိုင်အောင်လို့ အဲဒီလိုလိုက်ရောညီထွေစွာ နေခဲ့ရတယ်။ အဲဒီလိုလိုက်ရောညီထွေစွာ နေတဲ့ပုံစံကို လူတွေကပြောကြတယ် “Expressive Typography” တဲ့။ ဖြတ်သန်းလာတဲ့ ကျွန်တော့်ရဲ့အလုပ်တွေကတော့ ရေတွက်လို့မရတဲ့ မြောက်များစွာသော စာအုပ်မျက်နှာဖုံးဖန်တီးမှု၊ ရုပ်ရှင်ပိုစတာ၊ လုပ်ငန်းကုမ္ပဏီတွေရဲ့ logo တွေဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်ဖန်တီးခဲ့တဲ့အလုပ်တွေရဲ့အဓိပ္ပါယ်ကို ပေါ်လွင်စေမယ့် ပုံနှိပ်စာလုံး(font)တွေနဲ့ပြုလုပ်ခဲ့ပြီး ပုံနှိပ်စာလုံး(font)တွေရဲ့ အင်အားကြီးစွာအရေးပါပုံကိုပါ ချပြခဲ့တယ်။
revlon
ပုံနှိပ်စာလုံး(font)ရဲ့ အမူအရာဟာ လှည့်စားမှုပုံစံမှတဆင့် ဆိုလိုရင်းအဓိပ္ပါယ်ကိုရောက်အောင် ခေါ်ဆောင်သွားနိုင်တယ်။ Revlon logo က ဥပမာဖြစ်တယ်။ တိုက်ရိုက်ညွှန်းဆိုတဲ့ပုံစံဖော်ပြခြင်းတော့ မဟုတ်ပါဘူး။ အဲလိုအတိအကျဖော်ပြမယ့်အစား “L” စာလုံးနှင့် “O” စာလုံးကို အခြေခံပြီး သိမ်မွေ့တဲ့အကြံပြုချက်နဲ့ Revlon ရဲ့ ဟန်ကို ဆွဲဆောင်မှု၏ဆုံမှတ်၊ စိတ်လှုပ်ရှားခြင်းနှင့် ဆန်းသစ်ပြောင်းလဲခြင်းအဖြစ် ဖန်တီးထားပါတယ်။

အခုအချိန်မှာတော့ ငယ်ရွယ်တဲ့ Designer တွေနဲ့ပူးပေါင်းတွဲအလုပ်လုပ်တဲ့အခါ project တိုင်းရဲ့အစမှာ ကျွန်တော်ဟာ pen,  iPad တွေနဲ့ ပုံနှိပ်စာလုံး(font)အသစ်ရအောင် ရေးဆွဲနေရပြီ။ မကြာခဏဆိုသလို ကျွန်တော့ကို အချို့လူတွေက မေးခွန်းတွေ မေးကြတယ်။ မင်းပုံနှိပ်စာလုံး(font)အသစ်ဆွဲနေတာလားတဲ့။ ရာပေါင်းများစွာသော ပုံနှိပ်စာလုံး(font)ပုံစံများကို သင့်လက်ဖြင့် ထိတွေ့ခံစားကစားပြီးတဲ့အချိန်မှာ သင်ဘယ်လို ဆက်သွယ်ရေးအဓိပ္ပါယ်ကို ပေါ်လွင်အောင်ဖြေရှင်းနိုင်မလဲ။ လူသိများနိုင်မယ့် စိန်ခေါ်မှုဖြစ်စေတဲ့ဖန်တီးမှုများကို သင့်အနေဖြင့် လွယ်ကူစွာဘယ်လိုဖြေရှင်းနိုင်မလဲ။ ကြိုတင်ခန့်မှန်းမထားနိုင်တဲ့ ဖန်တီးမှု တစ်ခုကို သင့်အနေဖြင့် ဘယ်လိုကောင်းမွန်အောင် ဖြေရှင်းမလဲဆိုတာတွေ သိလာပါလိမ့်မယ်။

ဖန်တီးမှုအမျိုးအစားတွေကတော့ လှည့်စားမှုနှင့် ခေတ်နောက်ပြန်ဖော်ပြတဲ့နည်းတွေဖြစ်ပြီး ယနေ့ကမ္ဘာနဲ့တော့ ကိုက်ညီမှု မရှိလှပါဘူး။ ဒီဇိုင်နာတွေဟာ ဖန်တီးမှုတွေအပေါ် ကန့်သတ်ချက်တွေ ထားရှိကြပါတယ်။ အခုခေတ်ဒီဇိုင်နာတွေနဲ့ ကျွန်တော် ဆုံဖြစ်တဲ့အခါ သူ့တို့ကွန်ပျူတာမှာ သုံးနေတဲ့ ပုံနှိပ်စာလုံး(font)ပုံစံတွေဟာ ကိုယ်တိုင်တီထွင်ထားတဲ့ စာလုံးပုံစံတွေဖြစ်ပါတယ်။ နောက်ဆုံးတော့လည်း ဖန်တီးနိုင်စွမ်းအမြောက်အများဟာ Design Software တွေရဲ့ဟန့်တားမှုနဲ့ ဝန်းရံထားတာပါပဲ။ အဲလိုရောထွေးနေတဲ့  ဟန့်တားမှုများဟာလည်း Designer တွေရဲ့ဖန်တီးနိုင်စွမ်း ကျွမ်းကျင်မှုတွေကို ထိခိုက်စေပါတယ်။
tttt
ဆက်သွယ်မှုနည်းလမ်းကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် ပုံနှိပ်စာလုံး(font)ကောင်း အသစ်ရှိရင် သင့်အနေနဲ့ တင်သွင်းနိုင်တဲ့ အခွင့်အရေးရှိတယ်။ သင့်ရဲ့ပုံနှိပ်စာလုံး(font) ပုံစံအသစ်ဖြင့် ဥပမာ-logo၊ ရုပ်ရှင် ပိုစတာ၊ လက်ကမ်းစာစောင် အားလုံးမှာတူညီစွာ ဆက်သွယ်အသုံးပြုနိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ကမ္ဘာမှာ အုပ်စုလိုက် တူညီတဲ့ ဖန်တီးမှုကို အားပေးကြလို့ပဲ ဖြစ်ပါတယ်။ ရေးဆွဲပြီးသား ဖန်တီးမှုကို ပြန်လည်သုံးသပ်ပါ။ ကျွန်တော့်အကြိုက်ကတော့ ပြန်လည်သုံးသပ်တွေးတောခြင်းအလုပ်ပါပဲ။ ဒါပေမယ့် လူတိုင်းကိုကျွန်တော် အချိန်ဖြုန်းဖို့ အဆိုတင်သွင်းတာတော့ မဟုတ်ပါဘူး။ ဖန်တီးမှုကြီးကြီးမားမားပြုလုပ်ဖို့ အနာဂတ်ခြေလှမ်းဝေးဝေးတွေကြည့်နိုင်တဲ့ ကျွန်တော်ပိုင်ကိရိယာအချို့ရှိပါတယ်။ အဲဒါကတော့ ဘောပင်၊ စာရွက်နဲ့ iPad တွေပါပဲ။ အဲဒီကိရိယာတွေဟာ သင့်ရဲ့ဖန်တီးမှုပြဿနာတွေကို ဖြေရှင်းနိုင်မယ့် လွတ်လပ်စွာရေးခြစ်ခြင်းဆိုတဲ့ ပုံဖော်လို့ရမယ့် စိတ်ကူးကို ပေးပါလိမ့်မယ်။ တစ်ခါတစ်ရံ ရှာဖွေခြင်းရဲ့ရလဒ်ကလည်း ဖန်တီးမှုပြဿနာကို ပြေလည်စေနိုင်ပါတယ်။

American Designer Alan Peckolick အနေနဲ့ Graphic Design တွေပေါ်မှာမြင်တဲ့ ပုံနှိပ်စာလုံး(font)တွေရဲ့ ယူဆချက် ဖြစ်ပါတယ်။

2 thoughts on “အဘယ်ကြောင့် Typography ဂုရု ဟာ Helvetica Font ကို ရှောင်ကျဉ်ခဲ့သလဲ?

  1. Ye Oo says:

    knowledge sharing လုပ်ပေးတဲ့အတွက် ကျေးကျေးပါ ကိုမင်း

Leave a Reply

Your email address will not be published. Required fields are marked *