News

Samsung ရဲ့ ၁၂.၂ လက်မ Galaxy Note Pro ကို ဗြိတိန်နိုင်ငံတွင်ရောင်းချ

Samsung ရဲ့ ၁၂.၂ လက်မ Galaxy Note Pro ကို ဗြိတိန်တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဖေဖော်ဝါရီလ (၄)ရက်တွင် စတင် ရောင်းချပေးမှာဖြစ်ပါတယ်။၊ အဆိုပါ ကြီးမားတဲ့ Wi-Fi အမျိုးအစား Tablet ကို £649 ဖြင့် အဖြူရောင်နဲ့ အနက်ရောင် (၂)မျိုး. ရောင်းချပေးနေပါတယ်။ ပထမဆုံးကြိုတင်မှာယူသူ (၃၀၀)အား Samsungက Samsung Gamepad ကို အခမဲ့ပေးမှာ ဖြစ်ပါတယ်။

၁၂.၂ လက်မ Galaxy Note Pro တွင် 2560 x 1600 pixel resolution display တပ်ဆင်ထားပြီး S-Pen ပါရှိပါတယ်။ LTE အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 8-Megapixel ကင်မရာကို အနောက်ဘက်တွင် တပ်ဆင်ထားပါတယ်။ မျက်နှားချင်ဆိုင်တွင် 2-Megapixel ကင်မရာ တပ်ဆင်ထားပါတယ်။ 3GB RAM ပါရှိပြီး Memory မှာ 32GB/64GB ရွေးချယ်နိုင်ပါတယ်။ 9500mAh Battery တပ်ဆင်ထားပြီး Android 4.4 KitKat ကို အသုံးပြုထားပါတယ်။ Wi-Fi Version အတွက် Exynos 5 Octa Chip ကို အသုံးပြုထားပြီး 4G Version အတွက် Quad-core Qualcomm Snapdragon 800 Chipset ကို အသုံးပြုထားပါတယ်။

Samsung က Phablets စျေးကွက်တွင် နှစ်များစွာဦးဆောင်နေခဲ့ပြီး တက်ဘလက် စျေးကွက်တွင်လည်း ဦးဆောင်နိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ အဆိုပါ ၁၂.၂ လက်မ Tablet မှာ အရွယ်ကြီးသည့်အတွက် ဗွီဒီယို နှင့် Website များ ကြည့်ရှုရာတွင် အလွန်အဆင်ပြေသော်လည်း အရွယ်အစားကြီးမားတဲ့အတွက် သယ်ဆောင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။ Samsung Galaxy Note Pro ၏ အရွယ်အစားမှာ 295.6 x 204 x 7.95mm ဖြစ်ပြီး အလွန်ပါးပါတယ်။ Wi-Fi Version က (၇၅၀) ဂရမ် အလေးချိန်ရှိပြီး (3G/LTE) Version က (၇၅၃) ဂရမ် အလေးချိန်ရှိတဲ့အတွက် သယ်ဆောင်ရာတွင် အခက်အခဲဖြစ်စေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *