News

Apple ရဲ့ Event မှ ကြေညာချက်အားလုံး စုစည်းမှု

Apple ရဲ့ Event မတိုင်မီက တည်းက နည်းပညာ အသိုက်အ၀န်း မှာခန့်မှန်းပြောဆိုမှုတွေများစွာရှိနေပါတယ် ။  မနေ့ညက Event မှာတော့ ခန့်မှန်းချက်တွေအတိုင်းဖြစ်လာ သလို ၊လွဲချော်သွားတဲ့ မှန်းဆချက်တွေကိုလည်းတွေ့ခဲ့ရပါတယ်။  မနေ့ကပွဲကိုမကြည့်လိုက်ရလို့ပဲဖြစ်ဖြစ်၊ကြေညာချက်တွေကိုတစ်စုတစ်စည်းထဲ ပြန်လေ့လာချင်လို့ပဲဖြစ်ဖြစ် ကြောညာချက်တွေကို စုစည်းပြီး ရေးသားပေးလိုက်ပါတယ်။

iOS 7 & iTunes Radio

ပထမဆုံးပြောကြားခဲ့တာကတော့ iOS 7 ကိုဖြန့်ချီခဲ့ပြီး ငါးရက် အကြာမှာအသုံးပြုသူ သန်း ၂၀၀ ရှိခဲ့ပြီး ဒီနေ့ဆိုရင် iOS Device တွေအားလုံးရဲ့  64% ဟာ iOS 7 ကိုအသုံးပြုနေကြပါပြီ။

2

 

 

Apple CEO ဖြစ်တဲ့ Tim Cook ကဆက်လက်ပြောဆိုရာမှာ iTunes App Store မှာဆိုရင် Apps တစ်သန်းကျော်ရှိလာပြီး ဒီနေ့အထိ Download အရေအတွက်ပေါင်း သန်း ခြောက်ဆယ်ကျော်လွန်ခဲ့ပါပြီ။ iTunes Radio Service ဟာဆိုရင်လည်း သီချင်းပေါင်း တစ်သန်း ကျော် ကို အသုံးပြုသူ သန်း နှစ်ဆယ်ကျော်ကို ဖျော်ဖြေမှုပေးခဲ့ပြီးပါပြီ။

OS X Mavericks

 

3

Mac ပိုင်ဆိုင်သူတွေအတွက်သတင်းကောင်းကတော့ OS X 10.9 Mavericks ကို ဒီနေ့ကစပြီးအခမဲ့ Upgrade လုပ်နိုင်တယ်ဆိုပါပဲ။

13 and 15-inch Retina MacBook Pro

 

4

စတင်မိတ်ဆက်ပေးခဲ့တဲ့ Product ကတော့ 13 , 15-inch Retina MacBook Pro Models နှစ်မျိုးပဲဖြစ်ပါတယ်။ ဒီနေ့စတင်ရောင်းချနေပြီး $1299 , $1999 အသီးသီးဈေးနှုန်းသတ်မှတ်ထားပါတယ်။

၁၅ လက်မ Model မှာ Fourth-Generation Quad-Core CPU, 2GB RAM, Geforce GT 750m Graphics Card တို့တပ်ဆင်ထားပါတယ်။ဘက်ထရီကတော့ ရှစ်နာရီအသုံးခံပါတယ်။

Mac Pro

 

5

 

MacBook Pro တွေကိုပြသပြီးတဲ့အခါမှာတော့ Desktop အမျိုးအစားဖြစ်တဲ့ Mac Pro ကိုပြသခဲ့ပါတယ်။ Mac Pro က Cylinder ပုံစံရှိပြီး ဒီနှစ်အကုန် မှာ ၀ယ်ယူနိုင်မှာပါ။ဈေးနှုန်းကတော့ $2999 သတ်မှတ်ထားပါတယ်။

Storage 1TB, USB 3.0 Ports လေးခု ပါရှိပါမယ်။ Six Thunderbolt 2 Ports,Bluetooth 4.0, HDMI v 1.4 Port တစ်ခုပါရှိမှာပါ။

iLife for iOS and Mac

 

6

iOS နဲ့ Mac တွေအတွက် Features အသစ်တွေပါရှိလာတဲ့ iLife software အကြောင်းကိုလည်း Apple ကကြေညာခဲ့ပါသေးတယ်။ Apple Device အသစ်တွေမှာ အခမဲ့ အသုံးပြုခွင့်ရမှာပါ။

iOS နဲ့  OS X Mavericks တို့အတွက် iPhoto, iMovie , GarageBand တို့မှာလည်း Features အသစ်တွေပါရှိလာပါတယ်။

iWork

7

 

iWork Software Suite ရဲ့  Features အသစ်တွေကိုလည်းမိတ်ဆက်ခဲ့ပြီး Apple Devices အသစ်တွေမှာအခမဲ့သုံးခွင့်ပေးထားပါတယ်။

 

iPad Air

 

8

ပြီးတဲ့အခါမှာတော့ Portable Devices တွေဖြစ်တဲ့ iPad တွေကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ iPad တွေကိုစတင်ထုတ်လုပ်ရောင်းချခဲ့တဲ့ သုံးနှစ်ခွဲကာလအတွင်းမှာ စုစုပေါင်း သန်း ၁၇၀ ကျော်ရောင်းချခဲ့ပြီးပြီလို့ ကြေညာခဲ့ပါတယ်။

Marketing ဌာန ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Phil Schiller က iPad Air ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ 9.7 လက်မ Retina Display ပါရှိပြီး တစ် ပေါင်အလေးချိန်ပဲရှိပါတယ်။  A7 Chip , 5 MP iSight Camera တပ်ဆင်ထားပြီး ဘက်ထရီက ဆယ်နာရီအသုံးခံပါတယ်။

ငွေရောင်၊အဖြူရောင်၊ ခဲရောင်၊ အနက်ရောင် စတဲ့အရောင်လေးမျိုး၀ယ်ယူနိုင်ပြီး 16GB  WiFi only mode အတွက် $499 သတ်မှတ်ထားပြီး WiFI + Cellular Model အတွက်ကတော့ $ 629 သတ်မှတ်ထားပါတယ်။

နို၀င်ဘာ လ ၁ ရက်နေ့မှာ နိုင်ငံ လေးဆယ်မှာစတင်ရောင်းချမှာပါ။

iPad Mini

 

9

iPad Mini အသစ်ကိုလည်းထုတ်ဖော်ပြသခဲ့ပြီး 7.9 လက်မ Retina Display , 2048×1536 Screen Resolution ပါရှိပါမယ်။

16GB WiFi Only Model ကို $399 သတ်မှတ်ထားပြီး Cellular ပါတဲ့ Model ဆိုရင်တော့ $529 သတ်မှတ်ထားပါတယ်။

အရင် iPad Mini ကိုလည်းဈေးလျှော့ရောင်းချမှာဖြစ်ပြီး 16GB WiFi Only Model  ကို $299 သတ်မှတ်ထားပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *