Mobile, Review

HTC One Max , Galaxy Note 3,Xperia Z Ultra တို့ကိုနှိုင်းယှဉ်သုံးသပ်ခြင်း။

Phablet အမျိုးအစားထဲမှာအခုနာမည်ကြီးနေတဲ့ဖုန်းတွေဖြစ်တဲ့ HTC One Max, Galaxy Note 3, Xperia Z Ultra တို့ထဲကဘာဟာကို၀ယ်ရမလဲဆိုတာရွေးချယ်ဖို့ခက်နေတဲ့ သူတွေအတွက် နှိုင်းယှဉ်သုံးသပ်ချက်တွေကိုရေးပေးလိုက်ပါတယ်။

Performance

Qualcomm Snapdragon 600 ကိုတပ်ဆင်အသုံးပြုတဲ့ HTC One Max ကတော့ ကျန်တဲ့ဖုန်းနှစ်မျိုးနဲ့ ယှဉ်ရင်အားနည်းနေပါတယ်။ဘာလို့လည်းဆိုတော့ Galaxy Note 3 နဲ့  Xperia Z Ultra တို့က Snapdragon 800 ကိုအသုံးပြုထားလို့ဖြစ်ပါတယ်။Note 3 မှာ RAM  က 3GB ပါရှိပြီး ကျန်တဲ့ဖုန်းနှစ်မျိုးမှာတော့ 2GB ပဲပါရှိတာက Note 3 ရဲ့အားသာချက်တစ်ခုပါ။ဖုန်းသုံးမျိုးစလုံးဟာအရွယ်အစားကြီးသလိုစွမ်းဆောင်ရည်လည်းမနိမ့်ကြပါဘူး။

Display Size

ဖုန်းသုံးမျိုးထဲမှာ Galaxy Note 3 ကအသေးဆုံးဖြစ်ပြီး 5.7 လက်မ ပဲရှိပါတယ်။ HTC One Max နဲ့  Xperia Z Ultra တို့က 5.9 လက်မနဲ့ 6.4 လက်မအသီးသီးရှိတဲ့အတွက် Xperia Z Ultra ကအကြီးဆုံးဖုန်းဖြစ်ပါတယ်။Xperia Z Ultra ရဲ့အရွယ်အစားဟာ Tablet တွေရဲ့အရွယ်အစားလောက်ရှိပါတယ်။S Pen ပါရှိတာက Note 3 ရဲ့အားသာချက်တစ်ခုပါ။

Additional Features

အခြား Feature တွေအနေနဲ့ HTC One Max မှာ သူ့အရင် HTC ဖုန်းတွေမှာကတည်းကပါရှိတဲ့ BoomSound Audio ပါရှိပါတယ်။နောက်ပြီး Finger Print Scanner ပါရှိတဲ့ပထမဆုံး Android Phone လည်းဖြစ်ပါတယ်။အပေါ်မှာဖော်ပြခဲ့သလိုပဲ Note 3 မှာက S Pen ပါရှိတဲ့အားသာချက်ရှိပါတယ်။ Xperia Z Ultra ရဲ့အားသာချက်ကတော့ ရေစိုခံတာဖြစ်ပါတယ်။

ဖုန်းသုံးလုံးရဲ့  Specification Chart ကိုကြည့်ရှုပြီး အသေးစိတ်နှိုင်းယှဉ်နိုင်ပါတယ်။

Ashampoo_Snap_01

အခုဆိုရင်ဖုန်းသုံးမျိုးရဲ့အားသာချက်အားနည်းချက်တွေကိုစာဖတ်သူသိရှိပါပြီ။အဲဒီဖုန်းတွေထဲကဘယ်ဖုန်းကိုနှစ်သက်သလဲဆိုတာကို ကွန်းမန့်ရေးပေးခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

6 thoughts on “HTC One Max , Galaxy Note 3,Xperia Z Ultra တို့ကိုနှိုင်းယှဉ်သုံးသပ်ခြင်း။

  1. Nyi Nyi says:

    ဘာစာတွေမှန်းလည်းမသိဘူး ဖတ်မရဘူး

  2. ဟုတ်ပါ့

  3. Lu Zoe says:

    တင်ချင်ရင်လညိး ဆရာတို့ရယ် ဟိုဝင်ဒီဝင်နဲ့ မလုပ်ပါနဲ့ဗျာ rood မဖောက်တဲ့သူပဲများလို့ တခါတည်းပဲတင်လိုက်ပါဗျာ

  4. Thu Ya says:

    myanmar 3 ဖောင့်ပါ။ ဘရောက်စာမှာ zawgyi ရော myanmar 3 ရောကောင်းကောင်းဖတ်လို့ ရအောင်လုပ်ထားလို့ ရပါတယ်။

  5. Aung Myat says:

    of course Note 3!

Leave a Reply

Your email address will not be published. Required fields are marked *