News

ရွှေလမင်းနဂါးမှ တင်သွင်းသောAcer Aspire V5

ပေါ့ပေါ့ပါးပါး သေးသေးသွယ်သွယ်နဲ့ စွဲဆောင်မှုရှိတဲ့ စွမ်းဆောင်ရည်မြင့် Mini Notebookကို Acerမှ မိတ်ဆက်ပေးလိုက်ပါတယ်။ V5 Aspire Seriesတွေရဲ့ အားသားချက်အတိုင်း ပေါ့ပါးတဲ့အသွင်ကို ခန့်ညားစေပါတယ်။ 3rd Generation Intel Pentium 2129Y (1.1Ghz) CPUနှင့် ပွဲထွက်လာတဲ့ V5-132P (Mini Notebook)က သင့်ရဲ့ဆန္ဒ တွေကို အကောင်အထည် ဖော်ပေးမှာ ဖြစ်ကာ စွမ်းဆောင်ရည်မြင့်တဲ့ 3rd Gen Processorတွေရဲ့ Performanceကို အပြည့်အ၀ အသုံးချခွင့်ရရှိစေမှာ ဖြစ်ပြီး Window 8လိုင်စင် Version ပါ၀င်ကာ တို့ထိမှုမျက်နှာပြင် ထုတ်လုပ်ထားခြင်းက အရာရာအတွက် အဆင်ပြေစေမှာပါ။ Memory 4GB DDR3ကို Next Generation (low Voltage Memory) Series ကိုအသုံးပြု ထားသည့်အတွက် စွမ်းအင် ခွေျတာနိုင်တဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာပါ။ သိုလှောင်သိမ်းဆည်းမှု ပမာဏ 500 GBပါ၀င်တဲ့အတွက် အဆင်ပြေစေမယ့် ပမာဏကို ရရှိစေပါတယ်။

မျက်နှာပြင် အကျယ် 11.6 လက်မနဲ့ အကြီးကြီးလည်း မကြိုက်၊ သေးသေးလည်း အဆင်မပြေသူတွေအတွက် အရမ်းကို အဆင်ပြေစေမယ့် အရွယ်အစားပဲ ဖြစ်ပါတယ်။ LED နောက်ခံအလင်းပေး စနစ်နဲ့ ပုံဖော် ထားကာ Resolution 1366x 768 HDရရှိမှာ ဖြစ်သည့်အတွက်HD ရုပ်ထွက်ကို အပြည့်အ၀ရရှိမှာ ဖြစ်ပါတယ်။ Networkချိတ်ဆက်မှု အတွက် 802.11b/g/n ပါ၀င်ကာ Bluetooth 4.0ကိုလည်း ထည့်သွင်းပေးထားမှုက ပြီးပြည့်စုံစေပါတယ်။ လက်(၁၀) ချောင်းထိတွေ့မှု အာရုံခံ မျက်နှာပြင် ဖြစ်သည့်အတွက် ခံစားမှုအရသာသစ်ကို ပေးစွမ်းမှာဖြစ်ပြီး Doubly Home Theatre Version 4ကို ထည့်သွင်း ပေးထားသည့် အတွက် အသံထွက်စနစ်ကို အကောင်းဆုံး၊ အညက်ညောဆုံး၊ အကြည်လင်ဆုံး ပေးစွမ်းကာ အိမ်တွင်းရုပ်ရှင်ရုံငယ်လေး အဖြစ်ဖန်တီးပေး နိုင်ပါတယ်။ Built in Speakers 4လုံး ပါ၀င်ထား တဲ့အတွက် အရည်အသွေးမြင့်တဲ့ သောတခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

USB 3.0 ,USB 2.0, VGA port. Cardreaderတို့ နှင့် စုံလင်စွာထည့်သွင်း ပေးထားပါတယ်။ 3 Cell Li-ion Batteryနဲ့ 4 နာရီ နီးပါး သုံးစွဲနိုင်မှုက သင့်ကို ကျေနပ်စေမှာ ဖြစ်ပါတယ်။ သေးသွယ်ပေါ့ပါးပြီး တို့ထိမှု မျက်နှာပြင်နဲ့ အတူ Window 8 လိုင်စင်နဲ့ လန်းချင်သူ တွေအတွက် V5-132P Mini Notebookလေးက သင်နဲ့ အတူရှိနေမှာပါ။ ၀ယ်ယူအားပေးချင်တယ် ဆိုရင်တော့ ရွှေလမင်းနဂါး ကုမ္ပဏီမှ တင်သွင်းပြီး မြန်မာတစ်ပြည်လုံးရှိ ကွန်ပျူတာဆိုင်များတွင် ၀ယ်ယူအားပေး နိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း- 250177761,250177762သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “ရွှေလမင်းနဂါးမှ တင်သွင်းသောAcer Aspire V5

  1. Achit Sone says:

    ပါးပါးလေး.လှတယ်.

  2. ပစ်စည်းလဲရှိဘဲနဲ့

  3. ICTgest says:

    mercato on-line di prodotti ICT: visita la pagina dei servizi: http://www.ictgest.com/site/

Leave a Reply

Your email address will not be published. Required fields are marked *