News

ထိုင်းဘုရင် သမီးတော် သီရိဒုံရဲ့ ပျော်ပွဲရွှင်ပွဲမှာ သွားရောက်ဖျော်ဖြေမယ့် ချမ်းချမ်း

“ထိုင်းဘုရင့်သမီးတော် သီရိဒုံက အလှူလုပ်တာ။ အဲဒီအလှူက မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ မဟာချိုင်တို့၊ မြန်မာအလုပ်သမားတွေ များတဲ့ နေရာမှာ ရှိုးပွဲလုပ်မှာဆိုတော့ သူရဲ့ အလှူဒါနမြောက်အောင် မြန်မာပရိသတ်တွေ တောင်းဆိုတဲ့ အဆိုတော်တွေခေါ်ပြီး ပွဲလုပ်ပေးတာ။ ပျော်ပွဲရွှင်ပွဲ အလှူပေါ့”ဟု အဆိုတော် ချမ်းချမ်းက ပြောသည်။

“အခုလတ်တလောမှာတော့ ချမ်းချမ်းက အန်တီမေသော်ရဲ့ “ညှို့ယူဖမ်းစား နှလုံးသားသံစဉ်များ” ပြိုင်ပွဲမှာ ဒိုင်လုပ်ပေးမယ်။ မဂ္ဂဇင်းတွေအတွက် ကာဗာရိုက်ပေးဖို့ရှိတယ်။ အဲဒါတွေပြီးမှ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဘုရင့်သမီးပွဲ သွားမယ်။ ပြီးရင် တတိယအခွေ ဆက်ရိုက်မယ်။ အိမ်ထောင်ကျပြီးမှ ပြောင်းလဲတယ်ဆိုတာ ဘယ်လိုခေါ်မလဲ။ လူဆိုတာ Change ကတော့ ရှိနေမှာပဲ။ အစ်မ Lifeမှာ တစ်ဆစ်ချိုး ဖြစ်သွားပြီလေ”ဟု ချမ်းချမ်းက ဆက်၍ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “ထိုင်းဘုရင် သမီးတော် သီရိဒုံရဲ့ ပျော်ပွဲရွှင်ပွဲမှာ သွားရောက်ဖျော်ဖြေမယ့် ချမ်းချမ်း

  1. Myo Zaw Htun says:

    ချမ်းချမ်3းလုံးဂဏန်းလေးယူခဲ့ဦး

  2. La Min says:

    တကွက်ကောင်းလေးယူခဲ့ပါ အများကြီးမထိုးဘူးနည်းနည်းပဲထိုးမယ် …လှူချင်လို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *