Mobile

ACER Aspire V3-551-8458

acer-aspire

အားသာချက်
Aspire V3ရဲ့ Display ပိုင်းမှာဆိုရင် ကြည်လင်မှုရှိပြီး Viewing Angleကိုလည်း ကျယ်ကျယ်ဝန်းဝန်း ရရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ Laptopရဲ့ Graphics Performance တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ Keyboard ပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့အတွက် အသုံးပြုရတာကိုလည်း သက်တောင့် သက်သာ ရှိစေမှာဖြစ်ပါတယ်။

အားနည်းချက်
Laptopရဲ့ Touchpad Buttonပိုင်း နည်းနည်းညံ့တာ တွေ့ရပြီး Audioပိုင်းမှာလည်း အားနည်းချက် အနည်းငယ်ရှိပါတယ်။ Battery သက်တမ်းလည်း နည်းတာ တွေ့ရပါတယ်။

အသေးစိတ် ဖော်ပြချက်
Laptopရဲ့ Processorပိုင်းကိုတော့ 1.9 GHz အမြန်နှုန်းရှိတဲ့ AMD Quad-Core A8-5400M APUကို အသုံးပြုပေးထားပါတယ်။ Memoryကိုတော့ RAMကို 6GB ထည့်သွင်း အသုံးပြုပေးထားတာ တွေ့ရပါတယ်။ Data သိမ်းဆည်းဖို့ အတွက်ကတော့ 5400 RPMနဲ့ 750 GB Hard Diskတစ်လုံးကို ထည့်သွင်း ပေးထားတဲ့အတွက် Storage Spaceအတွက် လုံလောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ Laptopရဲ့ Graphicsပိုင်းကိုတော့ AMD Radeon HD 7640G Graphicsနဲ့ VRAM 512 MBကို ရရှိမှာ ဖြစ်တဲ့အတွက် HD Videoတွေနဲ့ Games ကစားမှုကို အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Optical Drive တစ်ခု တပ်ဆင်ပေးထားပြီး 8x Speedနဲ့ အသုံးပြုနိုင်မယ့် Super Multi Driveကို အသုံးပြု ပေးထားပါတယ်။ Wireless စနစ်အတွက်ဆိုရင်တော့ Wi-Fi 802.11b/g/nနဲ့ Bluetooth 4.0+HSကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Laptopမှာ အသုံးပြုနိုင်မယ့် Portတွေကတော့ USB 3.0, 2.0, HDMI, EthernetPortတွေ တပ်ဆင်ပေးထားပြီး 5-1 Card Reader တစ်ခုပါ ထည့်သွင်းပေးထားပါတယ်။ Webcamအနေနဲ့ 0.3 MP Webcamနှင့်အတူ Acerရဲ့ Crystal Eye Softwareပါ ထည့်သွင်းပေးထားပြီး 720p အဆင့်ရှိ Videoတွေ Imageတွေကို ဖမ်းယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း
Acer Aspire V3ရဲ့ Display Sizeကတော့ 15.6 လက်မ ရှိတဲ့အတွက် Displayပိုင်းကိုလည်း ကျယ်ကျယ်ဝန်းဝန်း အသုံးပြုနိုင်မှာ ဖြစ်ပြီး 1366 x 768 Resolutionကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကိုတော့ Plastic Caseနဲ့ ပြုလုပ် ထားပြီး မီးခိုးရောင် Colourလေးနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ထည် Sizeကတော့15 x 9.96 x အထူ 0.99-1.3သာ ရှိပြီး အလေးချိန် 5.4ပေါင် ရှိပါတယ်။

Battery Life
Battery သက်တမ်းကတော့ Wi-Fiကို တောက်လျှောက် ဖမ်းယူ အသုံးပြုနေမယ် ဆိုရင်တော့ ၄နာရီ ၂၄မိနစ် အထိ အသုံးပြုနိုင်မှာ ဖြစ်ပြီး ပုံမှန် အသုံးပြုမယ်ဆိုရင်တော့ ၁နာရီလောက် ပိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက်
Acer Aspire V3- 551-8458 Laptopကို သုံးသပ်ကြည့်မယ် ဆိုရင်တော့ Displayပိုင်း ကျယ်ကျယ်ဝန်းဝန်း ရရှိမှာဖြစ်ပြီး Graphics ပိုင်းမှာဆိုရင်လည်း Gaming Laptop တစ်လုံးလောက် မစွမ်းဆောင်နိုင်ပေမယ့် အခြား Laptopတွေနဲ့ စာရင်တော့ တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ အရည်အသွေးပိုင်းက အမြင့်ကြီး မဟုတ်ပေမယ့် တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ ဝယ်ယူသင့်တဲ့ အနေအထားမှာ ရှိပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *