Gaming

Rise of the Guardians

rise-guardians

နေအောင်လတ်

Rise of the Guardians ဇာတ်ကားဟာ အနောက်တိုင်း ပုံပြင်၊ ဒဏ္႑ာရီနှင့် ယုံတမ်းစကားမှ ကလေးငယ် များကို စောင့်ရှောက်တဲ့ Guardian ဇာတ်ကောင်တွေ ပူးပေါင်းပြီး ရန်သူများကို နှိမ်နှင်းရပုံ ဇာတ်လမ်းဆင်ထားတဲ့ 3D Animation ရုပ်ရှင်သစ် ဖြစ်ပါတယ်။ စာရေးဆရာ William Joyceရဲ့ The Guardians of Childhood အမည်ရ Novel Seriesကို အခြေခံ ရိုက်ကူးထားတဲ့ Rise of the Guardians ကို DreamWorks Animationက ရေးဆွဲထားပြီး နာမည်ကျော် Hollywood ရုပ်ရှင်သရုပ်ဆောင်များကို Guardians များရဲ့ အသံ သရုပ်ဆောင်များ အဖြစ် အသုံးပြုထားတာ တွေ့ရပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Jack Frost အဖြစ် Star Trek ရုပ်ရှင်များနှင့် နာမည်ကြီးလာတဲ့ Chris Pine ၊ Santa Claus အဖြစ် Alec Baldwin ၊ Easter Bunny အဖြစ် Hugh Jackman နှင့် လူဆိုးဇာတ်ကောင်ဖြစ်တဲ့ မကောင်းဆိုးဝါး Pitch the Bogeyman အဖြစ် သရုပ်ဆောင် Jude Law တို့က ပါဝင်ထားပြီး အသံပိုင်းသာမက၊ ဇာတ်ကောင်များရဲ့ လှုပ်ရှားမှုနှင့် ဟန်ပန် အမူအရာများကိုလည်း ၎င်းတို့ရဲ့ Voice Actorများနှင့် ခပ်ဆင်ဆင် တူအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Rise of the Guardians ဇာတ်လမ်းရဲ့ အဓိက ထူးခြားပြီး သဘောကျစရာကောင်းတဲ့ အချက်က အချို့ Animation ဇာတ်လမ်းတွေလိုမျိုး အာရုံနောက်ပြီး၊ ဇာတ်လမ်းအတွက် မလိုအပ်မည့် ဇာတ်ကောင်အပိုတွေ၊ မလိုအပ်တဲ့ ကလေးဇာတ်ရုပ်တွေ ထည့်ထားတာ မရှိပဲ Guardiansတွေကိုပဲ အဓိက အသားပေးထားတဲ့ အတွက် ကလေးများကော လူကြီးများကိုပါ စွဲဆောင်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။

Rise of the Guardians ဇာတ်လမ်းမှ အစောင့်အရှောက်တွေဟာ အနောက်ပိုင်း ဒဏ္႑ာရီလာ ဇာတ်ကောင်တွေ ဖြစ်ပေမည့် Santa Claus နှင့် Easter Bunny လို ဇာတ်ကောင်တွေကတော့ နိုင်ငံတကာက ပရိသတ်တိုင်း ရင်းနှီးပြီးသား ဖြစ်သလို ကလေးတွေရဲ့ ကျိုးသွားတဲ့ သွားတွေကို ထိန်းသိမ်းပေးတဲ့ Tooth Fairyနှင့် ကလေးတွေကို အိပ်မက် ကောင်းကောင်းမက်အောင် ဆောင်ရွက်ပေးတဲ့ Sandmanတို့ အကြောင်းကိုလည်း ရုပ်ရှင်ထဲမှာပဲ ပြန်လည် ရှင်းပြသွားတဲ့အတွက် Guardiansတွေနှင့် မူလက ရင်းနှီးမှု မရှိသေးသူတွေ အတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။ Guardian အသစ်အဖြစ် ရွေးချယ်ခြင်းခံရတဲ့ Jack Frostကတော့ နှင်းကျတဲ့၊ အလွန်အေးတဲ့ နေရာတွေမှာ အေးချမ်းတဲ့ရာသီဥတုကို ကိုယ်စားပြုသူ လူသားများကို နောက်ပြောင်တတ်သူ Immortal Spirit တစ်ယောက် ဖြစ်ပါတယ်။ Jack Frostကို အပြင်မှာကော၊ ဇာတ်လမ်း ထဲမှာပါ အခြား Guardianတွေလောက် သိတဲ့သူ မရှိသလို၊ ယုံကြည်သူလည်း သိပ်မရှိတဲ့အတွက် Guardianတွေ ကလွဲပြီး လူသားများက Jack Frostကို မြင်နိုင်စွမ်း မရှိခဲ့ပါဘူး။ Rise of the Guardiansရဲ့ ဇာတ်လမ်း သဘောအရဆိုရင်လည်း ကလေးငယ်တွေ အနေနှင့် Santa Clausနှင့် Tooth Fairy ကဲ့သို့ အစောင့်အရှောက်တွေကို ယုံကြည်မှုရှိမှသာ Guardianတွေ အနေနှင့် သူတို့ရဲ့ စွမ်းအင်တွေ ရရှိနိုင်တာ ဖြစ်ပြီး ယုံကြည်ခြင်း မခံရတဲ့ Guardianတွေအနေနှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကိုပဲ အခွင့်ကောင်းယူပြီး လူသားများကို ခြောက်လန့်ချင်သူ၊ တစ်လောကလုံးကို အိပ်မက်ဆိုးများဖြင့် အမှောင်ထု ဖုံးအုပ်ချင်သူ Bogeyman Pitchဟာ လူသားများအနေနှင့် Guardian များအပေါ် ယုံကြည်မှု ပပျောက်အောင် ပြုလုပ်ပုံနှင့် Guardianများ ပူးပေါင်း ပြီး ကလေးငယ်များအတွက် သာမက တစ်ကမ္ဘာလုံးကို Pitchရဲ့ရန်မှ ကာကွယ်ရပုံဖြင့် ဇာတ်လမ်း ဆင်ထားပါတယ်။

Rise of the Guardians ဟာ DreamWorks ရဲ့ ထုံးစံအတိုင်း လူကြီးကော ကလေးပါ နှစ်သက်မည့် ဇာတ်လမ်း တစ်ခုဖြစ်ပြီး Tattooတွေ ထိုးထားတဲ့ Santa Clausနှင့် လူငယ်တွေ သဘောကျမည့် Jack Frost တို့ရဲ့ Character Designပိုင်းတွေ၊ Guardianတွေရဲ့ Headquarters Designပိုင်းတွေနှင့် 3D Qualityတွေဟာ အထူးကောင်မွန်ပြီး ယခု နောက်ပိုင်း ထွက်ရှိထားတဲ့ Animation ဇာတ်လမ်းတွေနှင့် ပုံစံကွဲထွက်အောင် ဖန်တီးထားနိုင်တာကို တွေ့ရပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *