News

Window 7 အတွက် Internet Explorer 10 ထွက်ပြီ

IE-10

Microsoftက Web Browser အသစ် Internet Explorer 10အား နောက်ဆုံး ထုတ်လုပ်ခဲ့ချိန် ခဏတာအတွင်း Windows 7 ခမျာ သနားစရာ မွေးစားသား သဖွယ် ဖြစ်နေခဲ့သည်။အသစ်ထွက်ရှိလာသည့် Browser အသစ်သည် နောက်ဆုံးထုတ်လုပ် ဖြန့်ချိပေးခဲ့သည့် OS အသစ် Windows 8 အတွက်သာ ရရှိနိုင်သောကြောင့် ဖြစ်သည်။ Windows 8 အသုံးပြုသူများ အတွက် Optional Preview Update ထုတ်ပေးခဲ့ပြီး ဖြစ်သော်လည်း သိပ်မကြာခင် Windows 7 အတွက် Internet Explorer 10 အား ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့က တရားဝင်ထုတ်ပေးခဲ့သည်။ Internet Explorer 10 သည် HTML5 Web စံနှုန်းကို ပိုမို အထောက်အပ့ံ ပေးနိုင်ခြင်း ၊ ပိုမို လျင်မြန်သော စွမ်းဆောင်ရည်နှင့် Web အသုံးပြုသူများအတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် Privacy ကာကွယ်မှု စသည့် လုပ်ဆောင်ချက် အသစ်များစွာဖြင့် ထွက်ပေါ်လာခဲ့သည်ဟု သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *