Apple က ဒေါ်လာ နှစ် ဘီလီယမ် ပေးလျော်ဖို့ Samsung ကို တရားစွဲလိုက်ပြီး ဒီတစ်ပတ်ထဲမှာ အမေရိကန် တရားရုံးမှာ Apple နဲ့ Samsung တို့ တရားရင်ဆိုင်မှာ ဖြစ်ပါတယ်။ Company နှစ်ခု နောက်ဆုံးတရားရင်ဆိုင်ခဲ့တာကတော့ ၂၀၁၂ ခုနှစ် မှာ ဖြစ်ပြီး Apple က ဒေါ်လာ တစ် ဘီလီယမ် လျော်ကြေးရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က အမှု က Design Patents တွေကြောင့် ဖြစ်ပြီး အခုနှစ် အမှုကတော့ iOS ရဲ့ ဆော့ဝဲစွမ်းဆောင်ချက်တွေကြောင့်ဖြစ်ပါတယ်။
အဲဒီ ဆော့ဝဲ စွမ်းဆောင်ချက်တွေဟာ Samsung Products တွေမှာသာမကဘဲ Android ဂေဟစနစ် မှာ တွင်ကျယ်စွာ အသုံးပြုနေကြတာဖြစ်ပါတယ်။ Apple နဲ့ Samsung တို့ရဲ့ ဒေါ်လာ နှစ် ဘီလီယမ် တန် အမှု ဖြစ်ပေါ်စေတဲ့ ဆော့ဝဲစွမ်းဆောင်ချက် ငါးခု ကို အကြမ်းဖျဉ်းဖော်ပြလိုက်ပါတယ်။
Text Messages များမှာ လိပ်စာ၊ ရက်စွဲ၊ ဖုန်းနံပါတ် ၊ အချိန် တို့ကို Link အနေဖြင့်ပေါ်စေခြင်း
Apple က “System and Method for performing an action on a structure in computer-generated data” လို့ အမည်ရတဲ့ Patent ကို ၁၉၉၉ ခုနှစ်မှာ မှတ်ပုံတင်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီစွမ်းဆောင်ချက်ဟာ လိပ်စာ ၊ အချိန် တွေကို Text Messages များမှာ လင့် အနေနဲ့ပေါ်စေတာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်က သူငယ်ချင်းထံသို့ ရှစ်နာရီမှာ တွေ့မယ်လို့ စာပို့ပြီးချိန်းတယ်ဆိုပါစို့။ 8 pm ကို လင့် အနေနဲ့ ဖော်ပြမှာ ဖြစ်ပြီး လင့် ကို နှိပ်ရင် Calendar App ကိုဖွင့်ပေးမှာ ဖြစ်ပြီး Event သတ်မှတ်နိုင်တာဖြစ်ပါတယ်။
အလားတူစွာပဲ လိပ်စာ ကို နှိပ်ရင် Apple Maps ကနေပြပေးမှာ ဖြစ်ပါတယ်။ Apple က Samsung ကိုသာတရားစွဲတာ ဖြစ်ပေမယ့် အဲဒီစွမ်းဆောင်ချက် ကို အခြား Android Device များမှာ အသုံးပြုနေကြပါတယ်။ ဥပမာအားဖြင့် LG G2 မှာ Text Link ဆိုတဲ့ စွမ်းဆောင်ချက်ပါရှိပြီး Apple ရဲ့ စွမ်းဆောင်ချက် နဲ့ အတူတူပဲဖြစ်ပါတယ်။
Background Data Syncing
Apple က “Asynchronous data synchronization among devices” ဆိုတဲ့ Patent ကို မှတ်ပုံတင်ထားပါတယ်။ အဲဒီ စွမ်းဆောင်ချက် က App တစ်ခုဟာ သတင်းအချက်အလက်တွေကို အခြား Device တွေနဲ့ နောက်ကွယ်မှာ Sync လုပ်နိုင်တာဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက် ကို Android မှာ လည်း အသုံးပြုကြပါတယ်။ ဥပမာအားဖြင့် စမတ်ဖုန်း ရဲ့ Calendar App မှာ Event တစ်ခုကို Create, Edit လုပ်တယ်ဆိုရင် တက်ဘလက် ၊ လက်တော့ တို့မှာလည်း ဒေတာတွေကို Sync လုပ်ပေးမှာ ဖြစ်ပါတယ်။
Universal Search
iPhone , iPad တို့မှာ တစ်ခုခုရှာရင် Web or Wikipedia တို့မှာပါ ရှာနိုင်တဲ့ Option ပါရှိပါတယ်။ Apple က အဲဒီစွမ်းဆောင်ချက် ကို “Universal interface for retrieval of information in a computer system,” အမည် နဲ့ ၂၀၀၅ ခုနှစ်မှာ မှတ်ပုံတင်ထားခဲ့တာဖြစ်ပါတယ်။ Android ကလည်း Universal Search ကို ၂၀၁၁ ခုနှစ် မှာ ဖြန့်ချီခဲ့တဲ့ Android 3.0 Honeycomb မှာထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကလည်း Samsung နဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။
Slide to unlock
Apple က Samsung ကို သူ့ရဲ့ Patent ဖြစ်တဲ့ “unlocking a device by performing gestures on an unlock image.” ကို ကူးချတယ်လို့ စွပ်စွဲပါတယ်။ အဲဒီစွမ်းဆောင်ချက်က Lock Screen မှာ Slide to unlock ဆိုတဲ့ Animation ကို အသုံးပြုတာဖြစ်ပါတယ်။ Android ဖုန်းများအပါအ၀င် မိုဘိုင်းဖုန်း အများစုမှာ ဖုန်းကို Unlock လုပ်ဖို့ အဲဒီစွမ်းဆောင်ချက် ကို အသုံးပြုကြပါတယ်။ Apple က Samsung ရဲ့ Slide to unlock ဟာ သူ့နဲ့ ဆင်တူနေတယ်လို့ ပြောပါတယ်။ Apple ရဲ့ Slide to unlock patent ဟာ Patent တစ်ခုသတ်မှတ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ တီထွင်ဆန်းသစ်မှု မရှိဘူး ဆိုပြီး ဂျာမန် တရားရုံး တစ်ခု က တရားစွဲမှုတွေကို ပြီးခဲ့တဲ့နှစ် က ပယ်ချခဲ့ပါတယ်။
Auto-Complete Texts
Apple က “Method, system and graphical user interface for providing word recommendations, or auto-complete,” ဆိုတဲ့ Patent နဲ့ ပတ်သက်ပြီး Samsung ကို တရားစွဲထားပါတယ်။ စာတွေရိုက်တဲ့အခါမှာ ခန့်မှန်းပြီးဖြည့်စွက်ပေးတဲ့ စွမ်းဆောင်ချက် ကို Apple နဲ့ Google ရဲ့ စမတ်ဖုန်းများမှာ အသုံးပြုကြပါတယ်။ ဒါပေမယ့် Apple က Samsung ရဲ့ Auto-Complete စွမ်းဆောင်ချက် ဟာ သူနဲ့ ထပ်တူ တူညီပါတယ်လို့ ပြောပါတယ်။ iOS မှာ စာရိုက်တဲ့အခါမှာ စကားလုံး တွေကို အလိုအလျှောက် ခန့်မှန်းဖော်ပြပေးပြီး Space Bar ကို နှိပ်ရင် ခန့်မှန်းပေးထားတဲ့ စကားလုံး ကို ဖြည့်စွက်ပေးတာဖြစ်ပါတယ်။ Android မှာတော့ Message Box ရဲ့အောက်မှာ ခန့်မှန်းစကားလုံးတွေကို ဖော်ပြတာဖြစ်ပြီး ရွေးချယ်ရတာဖြစ်ပါတယ်။