Graphic လဲ ကောင်းရမယ်၊ Storyလဲ လန်းရမယ၊် ခပ်ကြမ်းကြမ်းလေးတွေလဲ ပါရမယ်ဆိုတဲ့ Shooter gamerတွေအတွက်ကတော့ Far Cry 3က ကွက်တိပါဘဲ။ တကယ်ပါ graphic လန်းချက်ကတော့ လန်ထွက်နေတာဘဲ။ တော်တော်ရုပ်ပေါက်တယ်လို့တောင် ပြောလို့ရပါတယ်။ တကယ် အမိုက်စားပါ။ စက်တင်ဘာလထဲမှာ ထွက်မဲ့ဂိမ်းတွေက အမိုက်စားတွေများပါတယ်ဆိုမှ Ubisoftက Far Cry 3တဲ့။ ထွက်မဲ့ ဂိမ်းတွေက အကုန်မိုက်တော့ ဘယ်ဟာကို ဆော့ရမလဲဆိုတာ တွေေ၀ရမယ့် လလို့တောင် ပြောလို့ရပါတယ်။ 1နဲ့ 2ထက် ပိုကောင်းအောင် ကြိုးစားထားတဲ့ Ubisoft Montreal (developer)တွေရဲ့ စိတ်ကူးတွေကို Far Cry 3မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ First Person Shooter ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ PS 3, X BOX 360, PCမှာ ရှိတဲ့ gamerတွေအတွက်လဲ အဆင်ပြေအောင် Platform စုံနေအောင် ထုတ်ပေးထားပါသေးတယ်။
Jason Brodyတို့ သူငယ်ချင်းတွေဟာ ကျွန်းလေးတစ်ကျွန်းကို အပျော်သဘောမျိုးနဲ့ အလည်သွားခဲ့ကြပါတယ်။ သူတို့ သူငယ်ချင်းသုံးယောက် အဲ့ဒီကျွန်းပေါ် လျှောက်ကြည့်ရင်း တနေ့မှာ မထင်မှတ်ဘဲ gangsterတွေရဲ့ တရားမ၀င်တဲ့ လုပ်ရပ်တစ်ချို့ကို တွေ့သွားရာကနေ သူတို့ရဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားခဲ့ကြပါတယ်။ အဲ့ဒီကျွန်းပေါ်မှာ fighter အကျဆုံး gangsterတွေနဲ့မှ တွေ့လိုက်ရတဲ့အတွက် သူတို့ သုံးယောက်စလုံးကို နှုတ်ပိတ်ဖို့အတွက် လူဆိုးတွေက ဖမ်းခေါ်သွားပါတယ်။ Jason Brodyရဲ့ သူငယ်ချင်းတစ်ယောက်ကို လူဆိုးတွေက သတ်လိုက်တဲ့အချိန်မှာ သူလဲအတော့်ကို ကြောက်လန့်သွားပါတယ်။ အဲ့ဒီအချိန် ပြေးဖို့ စဉ်းစားရင်း လူဆိုးတွေနဲ့ ချရင်းနဲ့ သူတို့ကို ဖမ်းထားတဲ့ နေရာကနေ လွတ်မြောက်ခဲ့ပါတယ်။ Jason Brody လွတ်သွားတယ်ဆိုပေမဲ့ ဖမ်းထားတဲ့နေရာကဘဲ လွတ်သွားတာပါ။ အဲ့ဒီကျွန်းပေါ်ကနေ လွတ်သွားတာ မဟုတ်သေးပါဘူး။ လူဆိုးတွေကလဲ သူ့နောက်ကို သဲကြီးမဲကြီး လိုက်နေတဲ့အချိန်မှာ ပြေးမိပြေးရာ ပြေးရင်းနဲ့ အဲ့ဒီကျွန်းမှာရှိတဲ့ သုတေသနပြုလုပ်နေတဲ့ ဆရာတယောက်ဆီ ရောက်သွားခဲ့ပါတယ်။ အဲ့ဒီဆရာကလဲ ဒီကျွန်းလေးမှာ သူ့ရဲ့ လှိူ့၀ှက်သုတေသန လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဆိုတော့ Jason Brodyအတွက် ဒီမှာနေလဲ ကျွန်းပေါ်ကနေ လွတ်မှာ မဟုတ်ဘူးဆိုပြီး ကျွန်းပေါ်က လွတ်မြောက်အောင် စပြီး လုပ်ဆောင်နေတဲ့ အချိန်ကနေစပြီး ကစားရမှာ ဖြစ်ပါတယ်။
အဓိကတော့ လူဆိုးတွေရဲ့ အန္တာရာယ်ကြားကနေ ကျွန်းပေါ်က လွတ်မြောက်အောင် ကစားရမှာ ဖြစ်ပါတယ်။ လက်နက်အမျိုးမျိုး အသုံးပြုခွင့်ရမှာ ဖြစ်ပေမဲ့ စကစားတဲ့အချိန်မှာ ဓားမြှောင်ကို အသုံးပြုပြီး တိုက်ခိုက်ရမှာပါ။ သင်အသုံးပြုတဲ့ လက်နက်က ကျည်ကုန်သွားရင်လဲ အနီးမှာ တွေ့သမျှ လက်နက်ကို ယူပစ်ခွင့် ရှိပါတယ်။ ဂိမ်းရဲ့ မြေပုံပေါ်မှာ စိတ်ကြိုက်လျှောက်သွားလို့ရတဲ့ open world ဂိမ်းအမျိုးအစားလဲ ဖြစ်ပါတယ်။ အဲ့ဒီကျွန်းမှာရှိတဲ့ လူဆိုးတွေနဲ့ သင်တစ်ယောက်ထဲ ဖိုက်ရမှာ ဖြစ်ပါတယ်။ စစ်ကူလုံး၀မရှိတဲ့အတွက် နည်းနည်းတော့ ခက်ပါတယ်။ Jason Brody ကျွန်းပေါ်က လွတ်မြောက်ဖို့ဆိုတာ ကစားသူကိုယ်တိုင် ကယ်တင်ရမှာ ဖြစ်ပါတယ်။ September 6, 2012 ထွက်မဲ့ Far Cry 3ကို ဆော့ရင်း Jason Brodyက ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ပြီး လွတ်မြောက်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာကိုသာ အသင့်ပြင်ထားပေတော့ဗျို့။