Interview

ရလာတဲ့ အမြတ်တွေထဲက ပြည်တွင်းမှာရှိတဲ့ Charity အဖွဲ့အစည်းတွေကို လှူမယ်လို့ စဉ်းစားထားတဲ့ ဥရောပသား

OAK Mercedes-Benz, Audi and Porsche ကားများကို အာရှနိုင်ငံများ (Thailand, Singapore and Indonesia)သို့ တင်ပို့ရောင်းချနေသော Oak Automobile Limitedက Customerရဲ့ Trust ယုံကြည်စိတ်ချမှုနဲ့ Careကို အဓိကထား လုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဥရောပနဲ့ ယူကေတစ်လွှားမှာရှိတဲ့ ကားများကို အာရှသို့ တင်ပို့ပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့အတွက် ရွေးချယ်စရာ car brand အစုံအလင် ရှိပြီး ကား၀ယ်ယူရာတွင်သာမက သယ်ယူပို့ဆောင်ရေးကဏ္႑များတွင်ပါ ယုံကြည်စိတ်ချမှုရှိစေရန် ၀န်ဆောင်မှုပေးလျှက် ရှိပါတယ်။ မှာယူသည့်ကားများ လိုအပ်သည့်အချိန်၊ ချိန်းဆိုထားသည့်ရက်အတွင်း ရောက်ရှိနိုင်အောင်လည်း အထူး အာရုံစိုက် လုပ်ဆောင်တဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

Oak အနေနဲ့ ငွေကြေးအမြတ်ပေါ် မကြည့်ဘဲ Clients & Partnersများကို အဓိကထားသည့်အတွက် ၀န်ဆောင်မှုပိုင်းတွင် high standards ဖြစ်စေမှာ ဖြစ်ပါတယ်။ UK တစ်နိုင်ငံလုံးမှာရှိတဲ့ Car dealerများနဲ့လည်း ခိုင်မာတဲ့ Relationship ရှိသည့်အပြင် ၀ယ်ယူတဲ့ ပစ္စည်းများ အချိန်မီမြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ဖို့အတွက် ရက်သတ္တပတ် (၆)ပတ်အတွင်း (သို့) Spare Partsဆိုရင် DHLနဲ့တောင် အမြန်ဆုံး ရောက်ရှိနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ မှာယူထားသည့် ပစ္စည်းကို ပျက်စီးချိုယွင်းမှု မရှိစေဘဲ အသစ်အတိုင်း ရောက်ရှိစေရန် ဂရုစိုက်် ပြုလုပ်ပေးပါတယ်။

Oak အနေနဲ့ ကား၀ယ်ယူရာတွင်သာမက ပို့ဆောင်ရာတွင်လည်း ဂရုတစိုက် ပြုလုပ်ပေးတဲ့အတွက် ၀ယ်ယူရာတွင် အားမခံချက် ကောင်းကောင်း ပေးနိုင်ပါလိမ့်မယ်။ မှန်ကန်တဲ့ ဈေးနှုန်းဖြင့် ရောင်းချတဲ့အတွက်ကြောင့် ပေးသွင်းလိုက်ရတဲ့ ငွေပမာဏနဲ့ အမှန်တကယ် ထိုက်တန်တဲ့ ကားအမျိုးအစားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကားနဲ့ပတ်သက်သည့် Branded Spare Partများအပြင် အခြား Spare Parts ၀ယ်ယူလိုပါက ဂျပန်မှသွင်းသည့် Spare Parts များနှင့်ယှဉ်လျှင် 50% ဈေးလျှော့ ၍ ရောင်းချပေးပြီး ကားသစ်များအပြင် ကားဟောင်းများကိုလည်း ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။ ထိုသို့ ၀န်ဆောင်မှုအကောင်းဆုံးဖြင့် ကားများ တင်ပို့ရောင်းချသော OAK Automobileမှ Managing Director Mr. Michael Costelloအား မြန်မာပြည်သို့ လာရောက်သည့် အချိန်အတွင်း မြန်မာပြည် လာရောက်ရသည့်နှင့် ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ပါတယ်။

ကျွန်တော်က OAK Automobileမှ Michael Costello ပါ။ အာရှကို ဥရောပ Car တွေနဲ့ Spare Parts တွေပို့တယ်။ များသောအားဖြင့် Mercedes, Audi နဲ့ Porsche ကားတွေ များတယ်။ အဲဒီကားတွေနဲ့ ပတ်သက်တဲ့ Spare Partsတွေကို တင်ပို့ပါတယ်။ မြန်မာပြည်ကို ရောက်လာတာကတော့ Win-Win Situationလို့ မြင်ပါတယ်။ ကျွန်တော်သိရသလောက်ကတော့ အခုမြန်မာပြည်မှာ Spare Partsတွေ တိုက်ရိုက် ၀ယ်လို့ မရဘူးလို့ ကြားတယ်။ ကျွန်တော်က ကားလည်း သွင်းတယ်။ Spare Parts ပါဆိုတော့ ပိုအဆင်ပြေမယ် ထင်တယ်။ အဲဒီလိုမှမဟုတ်ရင် Spare Partsတွေ သွင်းလာပြီး ပြင်ဖို့ကားတွေ အလုံအလောက်မရှိ ဖြစ်နေမှာပေါ့။

အခုကျွန်တော်တို့ Auto Trading လို့ ခေါ်ရမှာပေါ့နော်။ လုပ်ငန်းစဖြစ်တာ ဘယ်လောက်ကြာပြီလဲ။
Scotlandမှာ စတာကတော့ ၄-၅ နှစ်လောက်ရှိပါပြီ။ ထိုင်းနိုင်ငံကတော့ ကျွန်တော့်ရဲ့ ပထမဆုံး ဈေးကွက်ဖြစ်ခဲ့တာလေ။ ပြီးတော့ စင်ကာပူနဲ့ အင်ဒိုနီးရှားမှာလဲ စဖြစ်ခဲ့တယ်။ အဲဒီသုံးနိုင်ငံမှာ စခဲ့တဲ့ စီးပွားရေး အခြေအမြစ်နဲ့ အခု ဒီကို လာခဲ့တယ်။ ကျွန်တော် ထင်ပါတယ် ၆ လ ၁ နှစ်အတွင်း အမြတ်ရအောင်လုပ်ဖို့ အရမ်းကြိုးစား ရလိမ့်မယ်။ အဲဒီလိုဆိုတော့ အရှေ့ က သုံးနိုင်ငံရဲ့ အမြတ်တွေနဲ့ Subsidize လုပ်လို့ရမယ်လို့ မျှော်လင့်ပါတယ်။

ဥရောပကနေ မြန်မာပြည်ကို ရောက်လာတဲ့ ရည်ရွယ်ချက်က။
Spare Parts တွေနဲ့ ကားတွေရောင်းမယ်။ ရလာတဲ့ အမြတ်တွေထဲက ပြည်တွင်းမှာရှိတဲ့ Charity အဖွဲ့အစည်းတွေမှာ လှူမယ်လို့ စဉ်းစားထားတယ်။

နောက်ထပ် ဘယ်လို Plan တွေရှိသေးလဲ။ နောက်ပြီး မြန်မာပြည်လာဖို့ ဘာတွေ ပြင်ဆင်ခဲ့ရလဲ။
အရင်ကတည်းက ဒီကို လာချင််ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ပထမဆုံး European တစ်ယောက်အနေနဲ့ မြန်မာပြည်ကို အခုလို Spare Partsတွေ သွင်းတာ လို့ မြင်တယ်။

မြန်မာပြည်အကြောင်းရော ဘယ်လောက် လေ့လာခဲ့ပါသလဲ။
ရာခိုင်နှုန်းအများစုကားတွေက လွန်ခဲ့တဲ့နှစ် (၂၀)လောက်က ကားတွေ များတယ်။ သမ္မတကြီးပြောခဲ့တဲ့ စီးပွားရေးလမ်းညွှန်မှုတွေကို လေ့လာခဲ့တဲ့အတွက်ကြောင့် ယုံကြည်စွာ ရင်းနှီးမြှုပ်နှံနိုင်မယ်လို့ ယုံတယ်လေ။ ဒါပေမယ့် တစ်ခုထပ်ပြောချင်တာက ဒီလိုနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် Ethical Business ဖြစ်ရ မယ်။ ပြည်တွင်းမှာရှိတဲ့ အလုပ်လုပ်ချင်သူအားလုံးကိုလဲ ကူညီနိုင်မယ့် လုပ်ငန်းမျိုးဆို ပိုကောင်းမယ်လို့ မြင်ပါတယ်။

မြန်မာပြည်မလာခင် ဘယ် Mediaတွေ လေ့လာဖြစ်ခဲ့ပါသလဲ။
BBC တစ်ခုတည်း မဟုတ်ပါဘူး။ Bangkok Post နဲ့ အခြား ဂျာနယ်တွေရောပေါ့။

စကားမစပ် ဒီကားစီးပွားရေး မလုပ်ခင် ဘာတွေ လုပ်ခဲ့ပါသလဲ။
Insurance Broker။ အာမခံကိုယ်စားလှယ် ပေါ့ဗျာ။ ပွဲစား သဘောမျိုးပေါ့။

စိတ်၀င်စားဖို့ ကောင်းတယ်။ ပွဲစားကနေ အခုလို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဘယ်လိုမျိုးဖြစ်လာသလဲဆိုတာ ရှင်းပြပေးလို့ ရမလား။
ဒီလိုလေဗျာ – ဟိုမှာ မိသားစုက စီးပွားရေး အဆင်ပြေတယ်။ ဒါပေမယ့် ကျွန်တော် တစ်ပြားမှ မတောင်းခဲ့ဘူး။ အဲဒီအတွက်လည်း ဂုဏ်ယူမိတယ်။ မှတ်မိပါတယ် – ကျွန်တော့်အဖေ ပြောခဲ့တာ။ “မင်းယောကျာၤးတစ်ယောက်ဖြစ်ဖို့ ကြိုးစားပါ။ မင်းလမ်း မင်းဖောက်နိုင်အောင် အမြဲလုပ်ပါ”ဆိုတာ။ ကျွန်တော့် ပွဲစားအလုပ်က ဥရောပတစ်၀ှမ်းလုံးကို ပတ်ပြီး လုပ်ခဲ့ရတယ်။ Corporate စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ လုပ်ခဲ့ရတော့ ကျွန်တော့်၀င်ငွေ အရမ်းကောင်းခဲ့တယ်။ Commission (Extra Money) ရတာပေါ့။ အဲဒီမှာ ပိုက်ဆံ စစုတော့တာပဲ။ ကျွန်တော်က Businessကို ကိုယ် ကိုယ်တိုင် လုပ်ချင်တဲ့ ဆန္ဒလဲ အမြဲရှိခဲ့တယ်လေ။ သူဌေးဖြစ်ချင်စိတ် ရှိခဲ့တာပေါ့။ ကျွန်တော့်အတွက် Reputationက အရာအားလုံးနဲ့ ညီမျှပါတယ်။

ဆက်သွယ်မှာယူချင်တယ်ဆိုရင်ကော၊ Telephone: 09-420-070-818, 09-502-1615, email: [email protected]သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ Websiteကတော့ www.oakautomobile.com ဖြစ်ပါတယ်။

အခုလို စိတ်ရှည်စွာ ဖြေကြားပေးခဲ့တဲ့ Michaelနှင့်အတူ အင်တာဗျူး ဖြစ်မြောက်အောင် ကူညီပေးခဲ့သူများအားလုံး အိုင်စီတီဂျာနယ်မှ အထူးကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *